ဂျွန်လ၏မိုးရေများ

Friday, October 24, 2008

ဟိုနိုလူလူမှာကုန်စုံဆိုင်လေးဖွင့်မယ်
ဟိုနိုလူလူမှာ
နာနတ်ဝိုင်၊မလိုင်ချောကလက်
ဝက်သားစည်သွပ်ဗူး၊ကော်ဖီဗူး
ပစ္စည်းထူးထူးဆန်းဆန်းလေးတွေရောင်းဖို့
ဝါရွှေညိုနီဆေးရောင်စုံနဲ့
ကုန်စုံဆိုင်လေးဖွင့်မယ်။

ဗီသိုဗင်
လီနင်၊ဂျက်ကလင်း
နေမင်းအောက်ကပြည်သူများဘို့
မရီကြပါနဲ့၊ဒါဟာ
နီလာရည်၊စိန်ရည်၊မြရည်လူးတဲ့
စိတ်ကူးထဲကရည်ရွယ်ချက်လေ..။

သိဒ္ဓတ္ထလှိုင်


0 Comments: