ရာစုသစ်မြစ်ကျဉ်း (၁)

Thursday, October 9, 2008

ဒီကဗျာလေးကိုရေးတဲ့ စီစဉ်သူ သူငယ်ချင်း မိုးကျော်သူ တစ်ယောက်..ဒီလောကကြီးထဲမှာမရှိတော့တာ နှစ် နှစ်လောက်ရှိတော့မယ်။
သူဘာကြောင့် ဘယ်လိုဆုံးပါးသွားခဲ့ရတယ်ဆိုတာတောင် သူငယ်ချင်းအရင်းကြီးတွေဖြစ်ခဲ့ရက်နဲ့ မသိခဲ့ကြဘူး..သူ့နောက်ဆုံးခရီးကိုပို့
ဆောင်ပေးဖို့နေနေသာသာ..သူဆုံးပြီးသုံးလလောက်ကြာမှသိခဲ့ရတဲ့ဘ၀..
ကိုယ်ကိုယ်တိုင်ကလည်းကိုယ့်နေ့ရက်တွေကို
အသည်းအသန်ပြန်တည်ဆောက်နေခဲ့ရတာကိုး.
.ရှိရင်ဘယ်တော့မှ မတည့်တတ်ပေမယ့် တစ်ခါတစ်ခါရယ်မောဖို့မေ့လျော့နေတတ်တဲ့အခါတွေမှာ
သူ့ကိုသတိရတတ်တယ်..သူကရယ်စရာတွေအမြဲပြောပြီး စနောက်နေတတ်တာကိုး...သူဆုံးပြီးကာစက..
လုံးချင်းတစ်အုပ်ရေးတော့သူ့နာမည်နဲ့ ဇာတ်ကောင်တစ်ကောင်ထည့်ရေးဖြစ်တယ်..သူ့ပုံအတိုင်းပေါ့..
သူသာသိရင် ကိုယ့်ကိုဘယ်လိုမခံချင်စရာကောင်းတဲ့စကား
လုံးတွေနဲ့ ဝေဖန်ဦးမလဲသိချင်နေမိပြန်တယ်...
ချစ်သောသူငယ်ချင်း..ကောင်းရာသုဂတိလားပါစေ လို့...



ကြည့်ခွင့်
လှောင်ပြောင်ပျက်ရယ် ရက်စက်တဲ့စကားတွေကို
အပြင်းစားအက်စစ်အဖြစ်ကိုယ့်နားထဲကို
လောင်းထည့်ပေးလိုက်ပါ…မေ။
ကြင်နာဟန်ဆောင်ကောင်းတဲ့ ညှို့မျက်ဝန်းကို
မာယာဆိပ်ပြင်းမြားတစ်စင်းအဖြစ်
နှလုံးသားတည့်တည့်ထိချက်မှန်အောင်
ပစ်လွှတ်လိုက်ပါ..မေ.။
စပါးလုံးတစ်ထောက် အရေပြားပေါ်ကအဆင်းကို
ပြုစားတတ်တဲ့မှော်ဆရာအဖြစ်ခန္ဓာကိုယ်ကို
ပြုစားခိုင်းလိုက်ပါမေ..။
သရော်အရွဲ့ တိုက်နိမ့်ကျတဲ့အတွေးများကို
မကောင်းဆိုးရွားတစ္ဆေအဖြစ်၊ကြောက်လန့်သွားအောင်
ခြောက်လှန့်စေပါမေ..။
အတ္တကြီးတဲ့မာန်စိတ်တွေကို
မာန်တက်တဲ့ခွေးတစ်ကောင်အဖြစ်ကျားစွယ်တိုက်
နှလုံးသားကိုကိုက်ခိုင်းလိုက်ပါ….မေ..။
ကောက်ကျစ်စဉ်းလဲ မေတ္တာမဖက်
သစ္စာမဲ့အချစ်တွေကို သောနုတ္ထိုရ် လွှသွားနဲ့
နှလုံးသားကိုတိုက်မွှ တစ်စစီဖြတ်ချလိုက်ပါ..မေ။
ဒါပေမယ့်မေ…စိန်ခေါ်ပြိုင်ပွဲ
သစ္စာသံမှိုရိုက်နှက် ၊မေတ္တာအဖြူရောင်နဲ့
ငါ့နှလုံးသားဗိမ္မာန်က မြင့်မြတ်တဲ့စိတ်တန်ခိုးနဲ့
ရှုံးနိမ့်သွားတဲ့မင်းရဲ့ သစ္စာပျက်ဖြစ်ရပ်
ကျဆုံးခန်းတစ်ရပ်ကို
ကိုယ်ကြည့်ချင်လို့ပါ..မေ။
မိုးကျော်သူ


3 Comments:

Anonymous said...

မနော်ဟရီ

မိုးကျော်သူ ဆုံးတာခုမှ သိတယ်။
သတိတရ ရေးထားတာရော၊ ရာစုသစ်ကို ပြန်တင်ပေးနေတာရော ကျေးဇူးပါ။ တိုက်တိုက်ဆိုင်ဆိုင် ခုရက်ပိုင်းမှာ ရာစုသစ် ၂ နဲ့ ၃ ကိုပြန်ကြည့်ဖြစ်တယ်။ မြန်မာကျူးပစ်ဖိုရမ်မှာ ပြန်တင်မယ်လို့ စိတ်ကူးနေတာ၊ ခု ဒီက စောင့်ပြီး သိမ်းထားလိုက်မယ်။

ဘွဲ့နှင်းသဘင်ကို မော့ကြည့်နေကြတဲ့ နောက်ဖက်က ရိုက်ထားတဲ့ ပုံ ရှိရင် လိုချင်ပါတယ်။

မမေငြိမ်း၊ နေဆူးသစ်၊ ကောင်းထက်ညွန့် တို့နဲ့တော့ အဆင်အသွယ် ၇ှိပါတယ်။ အီးမေးလ် လိုချင်ရင် သူတို့ဆီက တောင်းလိုက်ပါ။

ခင်မင်စွာဖြင့်
တင်မင်းထက်

Anonymous said...

ရာစုသစ်မြစ်ကျဉ်း တွေ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်

ဖတ်ရူစရာ ဘလော့ ကဗျာလေးတခုထပ်တိုးလို့လာလို့ ၀မ်းသာမိပါကြောင်း ...

ကျေးဇူးအထူး
နီလေး

MANORHARY said...

တင်မင်းထက်ရေ..
ဘွဲ့နှင်းသဘင်ပုံကိုလောလောဆယ်တော့မတွေ့သေးဘူး
ကိုယ်မောင်မြင့်ကိုမေးကြည့်ပေးမယ်။
ကဗျာလေးတွေရေးဖြစ်လား..
တတိယတန်းစား တို့ သံဆူးကြိုး တို့လို ကဗျာမျိုးတွေကို သတိရတယ်