လပြည့်နေ့

Tuesday, October 14, 2008

ဒီနေ့သီတင်းကျွတ်လပြည့်နေ့ဖြစ်တာရော၊ဘာမှလုပ်လို့မရနိုင်တာသေချာလို့ရော (သူများတွေအကုန်လုံးရုံးပိတ်ကြတယ်လေ ) ကြောင့်ကျွန်မတို့လည်းရုံးပိတ်တယ်...ကေ ကအဝေးကနေလှမ်းလွမ်းနေတဲ့ပို့စ်ကိုတင်ထားလို့ ကလိခဲ့လိုက်သေးတယ်း)
တစ်ယောက်ကလည်းအိပ်မက်အဆန်းတွေမက်လို့တဲ့...လပြည့်နေ့ကြီးမှာသူမက်တဲ့အိပ်မက်က
တစ်မျိုးကြီးပဲ..ကိုယ်တိုင်မက်နေ
သလိုဖြစ်သွားတာ...ဒါနဲ့မေးခဲ့လိုက်သေးတယ်..
အဲဒီလိုအိပ်မက်တွေအခန်းဆက် လဆက်မက်နေရင်ဘာလုပ်ရမလဲလို့...ဒါကတော့ ကလိတာ
မဟုတ်ဘူး...တကယ်ဖြစ်နေတာ...ကြာပြီ..မအိပ်ရင်ညလုံးနီးပါးမအိပ်ဘူး..အိပ်တာနဲ့ အိပ်မက် က စတော့တာပဲ...နိုးလာရင်
ပင်ပန်းနွမ်းနယ်ပြီးကိုကျန်ခဲ့တာ..နေ့တိုင်း...။ အိပ်မက် အဆိုးနဲ့ အပျော့ (အကောင်းမပါဘူးနော်)ပေါ်မူတည်ပြီး
လူကနည်းနည်းလန်းတဲ့နေ့လန်းတယ် ...မဟုတ်ရင်နုံးခွေနေတာပဲ..ဘာမှမလုပ်ချင်ဘူး...။
လွယ်လွယ်ကူကူပြောရရင်တော့ သူများတကာတွေကို အရင်ဘ၀ကဘယ်လိုနည်းတွေနဲ့များနှောက်ယှက်ထားမိလဲမသိဘူး..။
သေချာတာကတော့ လူက အဲဒီအခန်းဆက်အိပ်မက်တွေကိုတော်တော်မုန်းနေပြီ..ဆိုတာပဲ...
ဘာမှမရေးချင်တော့သူများရေးထားတာတွေလည်ဖတ်ရတာ တစ်မျိုးတော့ကောင်းသား....စာရေးရမှာပျင်းရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့နည်းလေးလည်း စိုးဇေယျထွန်း ဆီကဆည်းပူးခဲ့သေးတယ်...
သူများတွေလပြည့်နေ့ကိုအမှတ်တရပို့စ်တွေတင်ကြတာတွေ့တော့ကိုယ်လည်းတင်မယ်ဆိုပြီး
လျှောက်ရေးနေတာ..
ဘာမှလည်းမယ်မယ်ရရမရှိဘူး..လမ်းပေါ်မှာတော့လူတွေ လူတွေ...အများကြီးပဲ..
ကန်တော့ဖို့ထွက်တဲ့သူကထွက်တယ်.
.ကန်တော့ပစ္စည်းရှာဝယ်သူက၀ယ်ကြတယ်...ဘုရားဖူးတဲ့သူကဖူးကြတယ်...
နိဗ္ဗာန်ဈေးမျှော်သူကမျှော်တယ်...တိုးဝှေ့ဖို့အင်အားမွေးတဲ့သူကမွေးတယ်..
နေရာကြိုယူတဲ့သူကယူတယ်...
ဒီကြားထဲမှာမှ..လပြည့်နေ့ကြီး မဖွယ်မရာလုပ်ဖို့ကြိုးစားသူကြိုးစားတယ်...မတရားကားခတွေဈေးတင်
သူနဲ့ အသားယူပြီး နှမသားချင်းမစာမနာ မဖွယ်မရာလုပ်တဲ့သူ..ဘယ်သူကပိုပြီး အကုသိုလ်များလဲလို့လည်းစဉ်းစားနေမိသေးတယ်.။
သီတင်းကျွတ် ပွဲတော်ဆိုတာ ဘာကြောင့်ဖြစ်လာတာလဲဆိုတာကို မသိကြတာလား၊မေ့နေကြတာလား ...ဘာမှန်းကိုမသိတော့ဘူး။
သေချာတာကတော့..လူတချို့ ဟာ ပွဲတော်တွေကိုတောင့်တကြတယ်..သူတို့ရင်ထဲကအကြောင်းပြချက်ကိုတော့ ကိုယ်တို့ဘယ်သိ
နိုင်ပါ့မလဲနော်..ကိုယ်ကတော့..ပွဲတော်တွေကိုမုန်းတယ်...မပျော်တတ်လို့လေ..ငယ်ငယ်တည်းက စိတ်ပါလက်ပါဘယ်လိုပွဲကိုမှ
မနွှဲခဲ့ဖူးဘူး..။ဒါကရိုက်မစစ်ရပဲဝန်ခံတာပါ...။ သူတို့တွေကော...တကယ်ပျော်နေကြတာလား...ပျော်ဖို့ကြိုးစားကြည့်နေကြတာ
လား..ပျော်တယ်ဆိုတဲ့အရာကိုမေ့လျော့သွားမှာစိုးလို့ ပြန်လေ့ကျင့်နေကြတာလား..ဒါမှမဟုတ် ကိုယ်ငယ်ငယ်ကလိုပဲ..အလိုမတူ
ပဲ လိုက်ပါဆင်နွှဲနေကြတာလား...တွေးရင်းကိုယ်ခေါင်းတွေကိုက်လာတယ်.။ဒါတောင်..နိဗ္ဗာန်ဈေးဆိုပြီး လက်မှတ်တွေဝေပြီး
အဲဒီလက်မှတ်တွေကို ကြားဖြတ်တာ၊နီးစပ်ရာလက်သင့်ရာလုပ်ပစ်တာ..လုတိုးယူရတာ ဘာဖြစ်လို့လဲလို့မတွေးရသေးဘူး...
တော်ပါပြီ..ရှင်တို့ပဲဆက်တွေးကြတော့...း)


4 Comments:

kay said...

နိဗ္ဗန်ဈေး တော့ ရောက်ကြမှာပါ..နိဗ္ဗန် ကို တော့.....။
ဘာပဲပြောပြော..အုပ်စု သဘာဝ ထဲ မှာ ပျော်မွေ့နေတဲ့..လူသားမျိုးစိတ် တွေ ကတော့.. သူများသွားတဲ့နောက်..လိုက် နေ..တိုးနေ ကြ ဦးမှာပါပဲ။ ကိုယ်တွေ အပါအ၀င်ပေါ့။ ကိုယ့်ကိုကိုယ် တိုးနေ မိ မှန်း သိ တဲ့အခါ..အသာလေး ကိုယ်ရှိန်သပ် လိုက်.. ပြီး..ပြန်မျောပါ သွားလိုက်။

s0wha1 said...

သီတင်းကျွတ်လပြည့်နေ့ မြင်ကွင်းကို မတွေ့ရတာ ကြာပြီ။ လမ်းပေါ်က လူတွေ အများကြီးကို ထိုင်ကြည့်ချင်မိတယ်။ ပြီးတော့ မီးအလှဆင်ထားတာတွေပေါ့။

Anonymous said...

မေခရေ

ရန်ကုန်မှာရှိနေရင်လည်းအိမ်မှာဘဲရှိနေမှာဖြစ်ပေမယ့်
ဒီမှာတော့မှတ်မှတ်ရရလွမ်းနေဖြစ်တယ်
အလုပ်ထဲကနီးစပ်ရာသူငယ်ချင်းတွေကို
တခုတ်တရရှင်းပြနေမိတယ်
သီတင်းကျွတ်ဆိုတာကိုပေါ့
အိမ်ကိုလည်းတခုတ်တရဖုန်းဆက်လို့ ဟားဟား
လူ့စိတ်ဆိုတာဆန်းကျယ်သား............

ဂျူ

Zephyr said...

နေ့တိုင်း အိပ်လိုက်တာနဲ့ အိမ်မက်တွေဆက်တိုက်မက်ရင် ... nerves တွေ ပုံမှန် အလုပ်မလုပ်တော့တဲ့သဘောပဲ .. အစ်မရေ...။ သေချာစစ်ဆေးစေချင်ပါတယ် ...။

ပွဲတော်ဆိုတာတော့ ဒီလိုပါပဲ ...
ပျော်တယ်ဆိုတာ ... စိတ်ထဲမှာ ဖြူနေမှ တကယ်ပျော်လို့ ရမှာပါ...။