ရာစုသစ်မြစ်ကျဉ်း (၁)

Saturday, October 11, 2008

အနားစောင်းများကိုဖြတ်၍..
ညီမျှခြင်းဆိုတဲ့သင်္ကေတ “လူတန်းစား”အတွက်မဟုတ်
သင်္ချာပုစ္တာအတွက်သာ
ဒါပေမယ့်
ရောမမြို့ မှာနေ ရောမလိုကျင့် စကားပုံဟာ
လူသားတိုင်းနဲ့သက်ဆိုင်ခဲ့။
ဘ၀၀မ်းရေးအတွက်“ရိုးသားခြင်း”ဟာ
မှောင်မိုက်နက်ရှိုင်းတဲ့ချောက်ထဲ
အရှိန်ပြင်းစွာဆင်းသက်ခဲ့။
မျှော်လင့်ချက်ပန်းတိုင်မရောက်ခင်
တောင်ပံကျိုးငှက်လို ရှိုက်ချက်သံများနဲ့အတူ
ခက်ခဲစွာရှင်သန်ပျံသန်းခဲ့။
ဆုံရန်မရှိတဲ့မျဉ်းပြိုင်နှစ်ခုဟာ
ငွေကြေးတပ်မက်မှုဆုံချက်မှာ
တစ်ထပ်တည်းကျသွားလေရဲ့ ။
ခါးပြင်းတဲ့အရက်ဖန်ခွက်ထဲမှာ
ခံစားမှုအရာအားလုံး စုန်ရေအဖြစ်
အဆုံးမဲ့စွာမျောသွားခဲ့..။
ဘ၀ကပေးတဲ့နာကျင်မှုသင်ခန်းစာများကို
ရိုးတွင်းချင်ဆီအထိ ပျံ့ နှံ့ဝင်ရောက်ခဲ့။
ဘာသာကွဲနှစ်ခုရဲ့ မြင့်မြတ်သစ္စာရှိတဲ့
မေတ္တာစစ်ကိုနှလုံးသားမှာ ကဗျည်းထိုးဖို့
စုတ်တံမရှခဲ့။
ဟောင်းနွမ်းအိုမင်းသွားတဲ့ရဲတိုက်တွေဟာ
ရာစုတစ်ခုရဲ့မှတ်တိုင်ဆိုရင်
တို့…
ရွက်လွှင့်တင်လိုက်ကြစို့လေ။
ပစ္စုပ္ပန်ရဲ့ အနာဂတ်ပြတင်းပေါက်အတွက်…
မိုးကျော်သူ


2 Comments:

:P said...

ရာစုသစ်မြစ်ကျဉ်းဆိုတဲ့ နံမည်ကိုကြားဖူးနေခဲ့တာ
(၂) နှစ်လောက်ရှိခဲ့ပြီး..အခုမှ အဲဒီကဗျာတွေကို အချိန်ယူပြီးလာလာဖတ်နေပါတယ်...

MANORHARY said...

ကျေးဇူးတင်ပါတယ်...