ဂျွန်လ၏မိုးရေများ

Saturday, October 25, 2008

ငရုပ်သီးဟာသကြားလုံးမဟုတ်ပါ
ရွှေဆံတော်ဘုရားမှာ
ခြင်္သေ့ရုပ်ဟာထိုင်နေတယ်။

သင်ဟာ ကမ္ဘာထဲမှာ
မာမာအေးတေးသံ၊ဂျပန်ချယ်ရီ
နှင်းဆီရောင်မာဇဒါ၊ဧရာဝတီည
ဆစ်ဒနီဂျုံခင်း၊စပရင်းရာသီ
အီတလီအပျိုမနဲ့
အလှအပပစ္စည်းတွေချည်း
ရှိစေချင်ရင်
သင်ငါပြောသလိုလုပ်ပါ။

ရွှေဆံတော်ဘုရားကခြင်္သေ့ရုပ်ကို
မြေမှာလဲကျအောင်
သင့်ရဲ့ လက်သီးနဲ့ထိုးပါ
ခြင်္သေ့ရုပ်ဟာလဲကျသွားရင်
သင်ဖြစ်ချင်တာ
တွေဖြစ်လိမ့်မယ်လေ။
သိဒ္ဓတ္ထလှိုင်


0 Comments: