ရာစုသစ်မြစ်ကျဉ်း (၁)

Thursday, October 9, 2008


ကဗျာဈာန်
ကဗျာတစ်ပုဒ်ရဲ့ 
ဟန်မလုပ်တတ်ခြင်းဂုဏ်သတ္တိက
လှပတဲ့ကမ္ဘာကြီးကို
ပိုပြီးကျက်သရေရှိစေလိမ့်မယ်။

ချောင်းကလေးတစ်စင်းရဲ့ 
သန့်ရှင်းတဲ့ရွေ့ မျောခြင်းမှာ
ကဗျာရှိတယ်ဆိုရင်
မင်းကိုငါချစ်တာ
ကမ္ဘာကြီးကကောင်းချီးပေးမှာမုချ..။
ငါ့စိတ်ထဲမှာ
မြူကမ္ဗလာတစ်ချပ်ဖြန့်ခင်း
မင်းမျက်ဝန်းတွေကိုရင်ခုန်မိစဉ်
ရင်ခွင်ထဲလင်းလက်
ကြယ်စဉ်တွေပျက်ကြွေတဲ့ညမှာ
ကဗျာကဆေးတစ်ခွက်ဖြစ်လာပြန်ရော..။

အဲဒါကြောင့်ပြောတာ
ကဗျာဆိုတာ
ငါပိုင်အဇ္ဈတ္တ
မင်းအလှကတော့ငါ့ရဲ့ ကဗျာဈာန်လေးပါပဲ.။ ။
မိုးအာကာ


0 Comments: