ခွေးကိုက်ခံရတဲ့နေ့

Tuesday, October 7, 2008

ဒီနေ့ကတော့ဘာနေ့လည်းမသိပါဘူး။ခွေးကအလကားနေလာကိုက်တာလည်းခံရတယ်…။
ကြည့်တော့ခွေးကလမ်းဘေးခွေး..။အဆင့်ကမရှိဘူး..။ခက်တာကခွေးဆိုတော့လည်း
သူကိုက်လိုက်တဲ့သူကဘာဆိုတာ သိနိုင်တဲ့ဦးနှောက်ကမရှိပြန်ဘူး။
နာသာခံခက်ဆိုတာ အဲဒါမျိုးနေမှာပေါ့…။ခွေးဆိုတာက ကိုက်တတ်တယ်၊အသိဥာဏ်လည်း
မရှိဘူး ..။ တွေးရင်းကပဲ..နေ့လည်က ညီလင်းဆက် ဆီဖုန်းဆက်ပြီးသိချင်တာလေးတွေ မေးရင်းက..သူ့ ခွေးဇာတ် ကဗျာလေးကောင်းကြောင်းပြောမိတာသတိရမိတယ်..။သူကပြော
တယ်..သူ့ကို ဒီကဗျာရေးလို့ ရိုင်းတယ်လို့ပြောကြတယ်တဲ့..အဲဒီချိန်မှာ ကိုယ်တို့နှစ်ယောက်
လုံးပြိုင်တူပြောမိတဲ့စကားက ဒီလောက်ယဉ်ယဉ်ကျေးကျေးရေးထားတာကို…ဆိုတဲ့စကားပဲ။
အင်းလေ…တွေ့ဘူးတဲ့ခွေးပေါ်မှာမူတည်မှာပေါ့…တချို့ ကျ ကုသိုလ်ကံကောင်းတယ်လေ…
လူလိုသိတဲ့ခွေးတွေနဲ့တွေ့ တာကိုး …ကိုယ့်ကျကာမှ..တစ်နေကုန် ကာဗာ ရှုတင် ရိုက်ပြီးပြန် လာလို့ ရုံးမှရောက်မယ် နားမယ် မကြံသေးဘူး…ခွေးကရုံးရှေ့ ကကိုတည့်တည့်လာဟောင်ပြီး
ကိုက်တာ…အမှန်က ကိုယ့်အမှားပါ..ခွေးဟောင်တိုင်းထ မကြည့်နဲ့ဆိုတဲ့စကားပုံကိုမေ့သွား
တာ…အင်းလေ…အလုပ်တွေကများတော့….း) (ဘာမှလည်းမဆိုင်ဘူး )
၂၄နာရီနီးပါး အလုပ် လုပ်နေတဲ့ မိန်းမတစ်ယောက်ကို ခွေးလေခွေးလွင့်တွေက ဒီလိုပဲမျက်စိ
နောက်တတ်ကြသလားမသိ ….မသိလို့မေးကြည့်တာပါ….။

(မှတ်ချက်။ ။ ကျွန်မကိုကိုက်သွားသောခွေးကိုသာရည်ရွယ်ပါသည်..ကိုယ့်ကိုယ်ကို အထင်မမှားမိစေရန်ကြိုတင်မေတ္တာရပ်ခံပါသည်…။)


1 Comment:

Anonymous said...

အသိဉာဏ်မရှိတဲ့ ခွေးမှာ သွားတွေရှိနေတာက အခက်သားနော်...။