ကျေးဇူးစကား

Saturday, September 27, 2008

ဒီ…blog လေးဖြစ်မြောက်ဖို့ အတွက်.. blog ဆိုတာဘာမှန်းမသိခင်..သူများ blog တွေကိုငေးမောဖတ်ရှုအားကျနေမိစဉ်အချိန်လောက်ကတည်းက..ကျွန်မနာမည်နဲ့  blog တစ်ခု Register လုပ်ထားပေးပြီး သင်ကြားကူညီပေးခဲ့တဲ့.. ညီလင်းဆက်၊ကျွန်မကို တချိန်လုံးရေးဖို့ တိုက်တွန်းခဲ့တဲ့ သူငယ်ချင်း ကေ …၊(ကေ ကသူ့ template လေးတောင် ပေးလိုက်သေးတာ)၊ နောက်ထပ်တိုက်တွန်းသူတစ်ယောက်ဖြစ်တဲ့ မချောအိ(ချောအိသိမ်း)၊ ပြီးတော့… ကျွန်မကိုအားကျစေခဲ့တဲ့ bloggers တွေ….အားလုံးကိုကျေးဇူးတင်ပါတယ်။


9 Comments:

pandora said...

ဒီနေရာမှာတော့ ပိုလွတ်လပ်တာပေါ့လေ။ သို့သော်လည်း commercial ဖြစ်ဖို့ ဒါမှမဟုတ် professional လို့ယူဆဖို့ အချိန်တစ်ခု
ဖြတ်သန်းရဦးမှာပါ။

အချိန်ပေး တုံ့ပြန်နိုင်ရင် ဆီပုံးလို့ခေါ်တဲ့ c-box ကလေး တပ်ချင်ရင်ရင် တပ်ပေါ့အစ်မရယ်။ ပုံမှန်ရေးဖြစ်ပါစေ။ လင့်ခ်ထားလိုက်မယ်နော်။

Julian said...

မေခရေ-
ဘလော့ဂ်တွေလိုက်ဖတ်နေတဲ့ ကျုပ်ကတော့ ရှင့်ဘလော့ဂ်ကိုကောင်းကောင်း ၊ မကောင်းကောင်း တာဝန်ရှိသူလိုသဘောထားပြီးဖတ်ပေးပါ့မယ် ၊ ဟိဟိ ။း-)
ဆီပုံးထားပေးဟယ်၊
ဒါမှပြောချင်တာလေးတွေပြောပြီးထားခဲ့လို့ရမှာ။
ကြိုးစားနော်သူငယ်ချင်း ၊ ရှင့်အတွက်တော့ ရင်ထဲကတင်းမာမှုတွေ၊ ပြေလျော့မှုတွေကိုဖြေချနိုင်မယ့်နေရာတစ်ခုရှိသွားပြီ။
ကျုပ်မှာသာ..................... လျောက်နိုင်သလောက် ဆက်အသက်ရှင်လိုက်အုန်းမယ်။

ဂျူ

Anonymous said...

အစ်မရေ

အားပေးစောင့်မျှော် ဖတ်ရှုနေပါတယ်။


ချစ်ခြင်းအားဖြင့်
ဖိုးသား။

MANORHARY said...

pandora: ဆီပုံးတပ်ဖို့ ကြိုးစားသင်ယူနေဆဲပါ

Lotus:ဆီပုံးရှာနေပါတယ်

ဖိုးသားး ကျေးဇူးပါ..

M.Y. said...

မြကျွန်းသာ ကဗျာတစ်ခေတ် ကိုအတူ ဖြတ်သန်းခဲ့ဖူးသူ မနော်ဟရီ တစ်ယောက် ဘလော့ဂိုစဖီးယား ထဲ ၀င်ရောက်လာတာမို့ အားကောင်းတဲ ရသ ကဗျာ စာတွေ တင်ဆက်မယ့် ဘလော့ဂ်တခုမို့ စောင့်ဖတ်ရဦးမှာပါ..

မောင်ရင်

MANORHARY said...

Ko Mg Yin : may I know who you are ??
pls let me know in mail ..r u one of the poets of "Yarsuthit myit kyin "?
my mail is manorhary@gmail.com

ATN said...

အားလုံးက ၀မ်းပမ်းတသာ ကြိုဆိုနေလျက်ပါ။
ဖတ်ဖို့လည်း စောင့်မျှော်နေကြပါကြောင်း။

BTW ကျနော့် ကဗျာတချို့ကို ဝေမျှထားတဲ့အတွက်လည်း ကျေးဇူးတင်ပါကြောင်း

ခင်မင်စွာ

အောင်သာငယ်

kay said...

အော- သိဘူးလေ..ဘလော့က..ဆောက်တုန်းပဲဆိုလို့..ခုမှလာကြည့်တာ..ဧည့်သည် တွေတောင် အတော်ရောက်နေပီပဲ။ ကြိုဆိုပါတယ်။း)

MANORHARY said...

ကေး ရှင်ကပထမဆုံးသူဖြစ်ရမှာ ...ခုတော့ ....:(
better late than never ပါ ။