အချိန်

Friday, September 26, 2008



အချိန်

ငါဟာ. .
တဖြည်းဖြည်းဝေးလွင့်နေတဲ့တိမ်
ကျိမ်စာဖတ်မုန်တိုင်းတွေကြား
မြားအစင်းစင်းနဲ့ သွေးချင်းချင်းနီ
ကိုယ့်ကိုယ်ကိုပြန်ခေါ်ကြည့်တော့လည်း
အသက်မမီချင်တော့..။

ငါ့နောက်ကဘယ်သူလိုက်ခဲ့မှာလဲ
မိုးမစဲမချင်းခိုက်ခိုက်တုန်
ကံမကုန်သေးရင်လည်းပြန်မဆုံချင်တော့
လျော့ကြိုးတွေလည်းကုန်ခဲ့ပြီ..။

တောင်စွယ်မှာနေကွယ်ပြီဆိုပါတော့
ဇက်ပေါ်ကျလာမယ့်ဓါး
အဲဒီအခါကျမှမမှားဖို့ လိုတယ်..၊
အမှာစကားတွေလည်းမမှာကြားလိုတော့
သွားနှင့်ကြပါ…
ငါကားတိုင်ငါထမ်းပြီးလိုက်ခဲ့မှာပါ..။

အိပ်မက်တွေကနီတယ်
အနာဂါတ်ကမှောင်တောင်တောင်နဲ့ 
အရောင်တွေလွင့်နေတတ်တဲ့ငါ..
တဖြည်းဖြည်းမှိန်ဖျော့ပါးလျားလာခဲ့..
ငါကနေကွယ်တော့မယ်..။ ။
(၁၈.၉.၀၄)


2 Comments:

pandora said...

ဆရာမ မနော်ဟရီ ဘလော့ဂ် ရေးလာတာကိုး။ ကြိုဆိုပါတယ်။

ATN said...

တောင်ကြားမှာတော့ လရောင်ကပုန်းနေတုန်း