ဒိုင်ယာရီများ

Saturday, September 27, 2008



ဒိုင်ယာရီများ

ရက်စွဲတွေကိုအလွတ်ရနေတဲ့အခါတိုင်း
ဖြစ်ရပ်တွေကိုတမင်မေ့လျော့ပစ်လိုက်ရ
အစိမ်းချုပ်ချက်တွေကနာတယ်။

မျက်နှာစိမ်းတွေ
ဒဏ္ဍာရီတွေ
Ripleyရဲ့ရတနာတွေ
အမာရွတ်စမ်းမိတဲ့အခါတိုင်း…မယုံနိုင်ဖြစ်တုန်း။

အဲဒီအချိန်မှာ
စာရွက်ပြာတွေကိုငေးရင်း
မိုးတိမ်ဖြစ်ချင်တဲ့စိတ်
ကြိတ်မှိတ်မျိုချ။

နှစ်ပရိစ္ဆေတတွေကြာတဲ့အခါ
မင်ပြာတွေကစာရွက်အ၀ါတွေကိုစား
စာရွက်အ၀ါတွေကငါ့ကိုစား
အစိမ်းရောင်တွေသာသန်မာကြီးထွားလာခဲ့။ ။


1 Comment:

M.Y. said...

စာရွက်အပြာတွေ ထဲက
မိုးတိမ်တွေ ဆိုင်ဘာပေါ်ရောက်လာတော့
ကြည့်လေ..

အစိမ်းရောင်တွေတောင် ပြန်ခယနေရတဲ့
အရောင်တွေထွက်နေတဲ့ မနော်ဟရီ ရဲ့ ကဗျာတွေ...

(ဒါနဲ့ ပထမဆုံး ဆိုတဲ့အကြောင်းလေး ရေးပေးဖို့  ကျွန်တော့် နောက်ဆုံးပို့ စ်မှာ tag ထားပါတယ်။ ရေးချင်တဲ့စိတ်ရှိမှရယ်။ အဆင်ပြေမှရယ်ပါ။ ရေးရမယ်တော့မဟုတ်ပါဘူး)

M.Y