ဆုတောင်း

Friday, September 26, 2008




ဆုတောင်း

ငါ့အလွမ်းမတင်မီကာလ
မှတ်တမ်းမှတ်ရာမဲ့စွဲမြဲနေသောအဖြစ်အပျက်များ
ခုချစ်ကြည့်တော့လည်း
ပုံပြင်အဟောင်းတွေပဲထွက်ကျလာ။

ဒါဏ်ရာမပါသောဆေးစက်က
အရသာမဲ့သတဲ့
ချဲ့ ကားပြောတတ်တဲ့ရာဇ၀င်က
ငါ့သံခြေကျင်းတွေးကိုလာလာရိုက်
ကံကြမ္မာနဲ့ များဇာတ်တိုက်ထားရော့သလား။

ဘ၀ဟာ..
တစ်ခန်းရပ်အမဲလိုက်ပြဇာတ်ဆန်ဆန်
ဖန်တံတံနဲ့ 
နှစ်ချို့ ရမ္မက်တွေ
မွေးရာပါအတ္တတွေ
လူစဉ်မမီသောအတွေးအခေါ်တွေ
တော်တော်မှအခြေတကျရှိပါရဲ့လား..။

ခေါ်သံများနှင့်နားအံသေ
ကြားရသောခရီးစဉ်အထပ်ထပ်က
တရားကိုစောင့်သောနတ်များ
ငါ့အား…
ကြိုးကွင်းတန်းလန်းနဲ့ ဗျာဒိတ်ပေးခဲ့ကြပါ …။ ။


2 Comments:

ATN said...

ဆုတောင်းဆိုတာ
တခါတခါလည်း ဘယ်တော့မှ မရတတ်တဲ့အရာလို့ လူတွေ အဓိပ္ပါယ်ဖွင့်ကြလေရဲ့

ဘာတခုမှလုပ်လို့ မရတော့လည်း ဆုတောင်းကြရတာပါပဲလေ

the very last option ပေါ့နော

Moe Cho Thinn said...

ကဗျာတိုင်းကို ခံစားလို့ ရခဲ့တယ်။
ဒီဆုတောင်းကိုလဲ ရင်နှင့်အမျှ..