ပညာသင်ထောက်ပံ့ကြေး

Wednesday, May 5, 2010


ပညာသင်ထောက်ပံ့ကြေး



ကဗျာတွေရေးတဲ့ ပန်းချီတွေဆွဲတဲ့ ကဗျာဆရာကိုထွန်းဝေမြင့်က ကျွန်မကို အကူအညီ တစ်ခု တောင်းလာပါတယ်။ အဲဒါကတော့ မကွေး ဆေးတက္ကသိုလ်က ပညာထူးချွန်တဲ့ ကျောင်းသူနှစ်ဦး အကြောင်းကြောင်းတွေ အခက်အခဲတွေကြောင့် ကျောင်းဆက် မတက် နိုင်တော့တဲ့အတွက် ပညာသင် ထောက်ပံ့ကြေးများရနိုင်မယ် ဆိုရင် ပညာဆက်သင် နိုင်မှာမို့ တစ်ခုခုကူညီပေးပါ လို့ဆိုပါတယ်။ အမှန်က ဒါ မအိန္ဒြာ ဆီက လာတဲ့ အကျိုးဆက်ပါ။ သူနဲ့ကျွန်မတို့ လုပ်ခဲ့တဲ့ အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ မိဘမဲ့ ကလေးတွေအတွက် အလှူငွေကြောင့် ဒီလိုခက်ခဲတဲ့သူတွေကိုလည်း ကူညီပေးဖို့ အကူအညီ တောင်းလာတာလို့ ကျွန်မက မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကူညီချင်ပါတယ်။ ကိုယ်တိုင် မတတ်နိုင်ပေမယ့် တတ်နိုင်တဲ့သူတွေဆီကနေ တဆင့် ကူညီချိတ်ဆက်ပေးချင်ပါတယ်။ ဒါကြောင့် ဒီပို့စ်ကလေးကို ဒီကလေးမ နှစ်ယောက် အတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်။
ပထမတစ်ယောက်က အေးသူဇာမိုးဖြစ်ပါတယ်။ တောင်တွင်းကြီး အမကကျောင်းက အလယ်တန်းပြ ဆရာမ တစ်ယောက်ဖြစ်တဲ့ ဒေါ်သန်းသန်းအေးရဲ့ သမီး ဖြစ်ပါတယ်။ ဆယ်တန်းကို ၂၀၀၈ ခုနှစ်က ဂုဏ်ထူး ငါးဘာသာနဲ့ အောင်မြင်ခဲ့ပြီး အမှတ်ပေါင်း ၅၀၀ နဲ့ မကွေး ဆေးတက္ကသိုလ်မှာ ဝင်ခွင့် ရခဲ့ပါတယ်။ ခု ဒုတိယနှစ် ရောက်နေပါပြီ။ ကျောင်းဆက်လက် တက်နိုင်ဖို့ မိခင်ဖြစ်သူ အလယ်တန်းပြ ဆရာမ တစ်ဦးတည်းရဲ့ ဝင်ငွေနဲ့ မဖြစ်နိုင်တာမို့ ပညာသင်ထောက်ပံ့ကြေး လိုအပ်နေသူ ဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ မသက်ထားမွန် ဖြစ်ပါတယ်။ သူ့အမေကလည်း အလယ်တန်းပြ ဆရာမ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမ ဖခင်ကတော့ ဦးခင်မောင်မြင့် ဖြစ်ပြီး စိုက်ပျိုးရေးဆေးပစ္စည်းတွေ ရောင်းချတဲ့အလုပ်ကိုလုပ်ရာမှာ အရှုံးပေါ်ပြီး လုပ်ငန်း ရပ်ဆိုင်းလိုက်ရတဲ့အတွက် ကျောင်းပညာဆက်လက်သင်ကြားဖို့အတွက် ပညာသင် ထောက်ပံ့ကြေးလိုအပ်သူ ဖြစ်ပါတယ်။ သူမကတော့ တတိယနှစ်မှာ ပညာသင် ကြားနေပြီး ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူး အမှတ်ပေါင်း ၄၈၅မှတ်နဲ့ အောင်မြင် ထားခဲ့တာ ဖြစ်ပါတယ်။
အေးသူဇာမိုးအတွက် ပညာသင်ထောက်ပံ့ကြေး လိုအပ်တဲ့ကာလက
ဒုတိယနှစ် (၁)နှစ်
တတိယနှစ် (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(က) (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(ခ) (၁)နှစ်
အလုပ်သင် (၁)နှစ်
စုစုပေါင်း ငါးနှစ်စာ လိုအပ်မှာဖြစ်ပြီး တစ်လကို ကျပ်တစ်သိန်း လိုအပ်ပါတယ်။
အဆောင်ကြေး ၁၅၀၀၀
ထမင်းလခ ၆၀၀၀၀
ဖယ်ရီကားခ ၄၀၀၀
ကျောင်းလခ ၁၀၀၀
စာအုပ်စာတမ်းနှင်
အထွေထွေ ၂၀၀၀၀
စုစုပေါင်း တစ်သိန်းကျပ် (၁၀၀၀၀၀) တိတိ ဖြစ်ပါတယ်။

မသက်ထားမွန်အတွက်ကတော့
တတိယနှစ် (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(က) (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(ခ) (၁)နှစ်
အလုပ်သင် (၁)နှစ်
စုစုပေါင်း လေးနှစ်စာ လိုအပ်မှာဖြစ်ပြီး မအေးသူဇာမိုးလိုပဲ တစ်လ ကျပ် တစ်သိန်း ဖြစ်ပါတယ်။

ပညာသင် ထောက်ပံ့ကြေး လှူဒါန်းလိုသူတွေ အနေနဲ့ ကျွန်မ ကို တိုက်ရိုက် ဆက်သွယ် နိုင်သလို တခြားနိုင်ငံက လှူဒါန်းလိုသူတွေအနေနဲ့
Myanmar
manorhary@gmail.com,
သီတာဝင်း

အမှတ် ၁၂၇ - ၄၃လမ်း ရန်ကုန်

၁၂/မရက (နိုင်) ၁၁၄၇၄၆

ဖုန်း ၂၅၆၆၉၅
Singapore

eaindra.mm@gmail.com,
henrynawaung@gmail.com
Malaysia
craton1990@gmail.com,
US
untamed.pathbreaker@gmail.com


စတဲ့မေးလ်တွေကို ဆက်သွယ် လှူဒါန်း နိုင်ပါတယ်။

တောင်တွင်းကြီးကို တိုက်ရိုက် ဆက်သွယ်ချင်တယ်ဆိုရင်တော့
၀၆၃ - ၅၀၈၃၃ ဒေါ်လှလှညွှန့် နဲ့
၀၆၃ - ၅၀၀၈၇ ဒေါ်သန်းသန်းအေး တို့ဆီလည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ဆက်သွယ်မေးမြန်းဖို့အတွက်ကိုတော့
၀၉၅၁၉၁၆၇၄ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


10 Comments:

Sein Lyan Tun said...

လှူမယ်... မဒါကနေတဆင့်


တတ်နိုင်သလောက်ပေါ့လေ။


မကြီး နေကောင်းပါစေ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မေ့သမီး said...

အဲဒါမျိုးအလှုကိုအရမ်းလှုချင်တာပဲအမ။ ဒါပေမယ့် လစဉ်ထောက်ပံ့သွားဖို့ကျတော့ ကိုယ်ကလည်း မချမ်းသာဘူး။ ဒါပေမယ့် မကြာခင်မြန်မာနိုင်ငံပြန်မှာဆိုတော့ ပြန်ရောက်တာနဲ့ သူငယ်ချင်းတွေနဲ့ စုပြီး တတ်နိုင်သလောက်လှမ်းထောက်ပံ့မယ်အမ။

Unknown said...

I think it's easy to earn money as a study guide if u are medical student. I saw some people who can't afford and try like that.

Regards;
Htet Htet

အိန္ဒြာ said...

မမ စင်ကာပူကို အိန္ဒြာ့ တာဝန်ထား....

သိတယ်မလား အရည်အချင်းးP

(တေးမွန်) said...

ဖော်ပြပေးတာ ကျေးဇူးပါပဲ။ လှူခွင့်ရတယ်။ မသဒ္ဒါ ဆီဆက်သွယ်လိုက်ပါ့မယ်။

မိုးခါး said...

မကြီးရေ
ညီမလည်း ကူပြီး စုပေးပါ့မယ် ..း)

တီချမ်း said...

အမရေ

တယောက်ကို လုံးဝတဝန်ယူပြီး ၅ နှစ်စာ လှူချင်ပါတယ်
တလစီ လှူလို့ရမယ်ဆိုရင် ကျတော့အတွက်ပိုအဆင်ပြေပါမယ်
မဟုတ်ရင်လဲ အဆင်ပြေအောင်လှူချင်ပါတယ်
အခု ကျတော်က ဘန်ကောက်မှာပါ
ဘယ်လို လုပ်ပေးရင်အဆင်ပြေမလဲ ပြောပေးပါ

တီချမ်း said...

အော်
ကျတော်က ကိုယ့်မှာမရှိခဲ့တဲ့ ပညာရေးကို ဒါန ပြုချင်တာပါ
ပြီးတော့ ဘယ်သူလှူတယ် ပြောစရာမလိုပါဘူး
ကျေးဇူးပါ
ရန်ကုန်မှာလဲ အသိတွေရှိလို့ သူတို့ကနေဆင့် ငွေပေးလို့လဲရနိုင်ပါမယ်
ဆက်ဆက်ပြောပေးပါနော်

Anonymous said...

I agree with htet htet's comment.

Anonymous said...

ကိုယ်တိုင်လည်းလှူမယ်။ ဆက်သွယ်လှူဒါန်းလာမယ့်သူတွေအတွက်လည်း ထုံးစံအတိုင်းပဲ တာဝန်ယူပေးပါ့မယ်။