ချစ်ခြင်း၏အလင်းတရားနေ့ရက်

Thursday, April 22, 2010

ချစ်ခြင်း၏အလင်းတရားနေ့ရက်

အဲဒီသီချင်းပေါ့
တစိမ့်စိမ့်စီးဆင်းလာခဲ့တာ သံသရာတစ်လျှောက်
နှလုံးသားတွေကို ဖောက်ပြီး ..........

အဲဒီအလင်းပေါ့
တငွေ့ငွ့လင်းချင်းလာခဲ့တာ ဘဒ္ဒကမ္ဘာတည်သရွေ့
အမုန်းတရားတွေကို ကွေ့ဝိုက်ပြီး ............

ဘယ်မှာ ဆုံမှာလဲကွယ် ...
အပျောကျယ်တဲ့ သံသရာအတွင်း .....

ယုံကြည်မှု..ချစ်ခြင်း...
သင်္ကေတမြစ်အစင်းစင်းကိုဖြတ်သန်းရင်း
နားလည်မှုလှေတစ်စင်းနဲ့
သူတို့ ထွက်ခွာခဲ့ကြပြီ ...
ချစ်ခြင်းတို့ စုဆုံရာ ပင်လယ်ဆီ ...........

မနော်ဟရီ
၂၂၊၄၊၂၀၁၀
၂၃း၃၂
.
(ချစ်ခင်ရသော ညီမလေး အမရာနှင့်အိုင်လွယ်ပန်တို့အတွက် မင်္ဂလာဦး အမှတ်တရ ..)


12 Comments:

Zephyr said...

အဟမ်းအဟမ်း …
လူပျိုဘ၀ကို ပဲလှော်နဲ့ မလဲစကောင်းဟူသော ပညာယှိစကားကို မြေ၀ယ်မကျ နားထောင်ခြင်းအားဖြင့်တစ်သွယ် ….။
စွန့်ခြင်းကြီးငါးရပ် မကျင့်ခင် လူပျိုဘ၀ကို စွန့်ရန် ပထမဆုံး စတင်ဖြည့်ကျင့်သော ပါရမီ အားဖြင့်တစ်ဖုံ … ဦး ဘယ်သူ၊ ဒေါ်ဘယ်ဝါတို့၏သား I လွယ်ပန်သည် အိမ်ထောင်သည် ဘ၀တစ်ပါးသို့ ၀မ်းသာဝမ်းမြောက်ပြောင်းလဲခြင်းရှိသည်ဖြစ်ရာ …

တစ်ကျပ်တစ်ပြား အမြတ်မထားဘဲ ... တစ်ခွက်တစ်ဖလား ကစ်လိုက်ကြရအောင်လားဗျာ ....။

:P

Anonymous said...

ကဗျာလေးက ဂွဒ်ထ လှပါ နုရွ
..ထွက်သွားစရာရှားလို့ ပင်လယ်ဆီလားကွယ်.. ကျွန်းပေါ်တော့မပို့ဘူး တီနော်က လူဇိုးးး :P
ကဲ ကဲ ထပ်ဆုတောင်းပေးမည်
အိုအောင် မင်းအောင် ပျင်းအောင်။ :D

လင်းဒီပ said...

ဒီကိစ္စကို ကြို မသိတာ အားကြီး စိတ်ဆိုးတယ်...
ဘယ်နှယ့် ... မင်္ဂလာဆောင်မှာကို အနုမြူဓာတ်ပေါင်းဖို ဆောက်မှာလို လျှို့ဝှက်ထားတယ် ။
မကျေနပ်ဘူး...ခဲဖိုးများများ လိုချင်တယ်...။
(မောင်မူး)

ကိုရင်နော်ခင်လေးငယ် said...

ကိုအိုင်လွယ်ပန်နဲ့ မအမရာတို့....
ဇနီးမောင်နှံ မင်္ဂလာဦးမှသည်...
ရာသက်ပန် ချမ်းမြေ့ပါစေသား..!!

အခုလို အမှတ်တရ ရေးဖွဲ့ပေးတဲ့ ချစ်စဖွယ် ကဗျာလေး ဖတ်ရတဲ့အတွက်လည်း ချစ်တဲ့... မ... ကို
ကျေးဇူးတင်မိပါတယ်...။

Mogok Thar said...

ယုံကြည်မှု..ချစ်ခြင်း...
သင်္ကေတမြစ်အစင်းစင်းကိုဖြတ်သန်းရင်း
နားလည်မှုလှေတစ်စင်းနဲ့
သူတို့ ထွက်ခွာခဲ့ကြပြီ ...
ချစ်ခြင်းတို့ စုဆုံရာ ပင်လယ်ဆီ ...........


အိုအောင်..
မင်းအောင်..
အဲဒီ..ပင်လယ်ထဲ.. အမြဲမခွဲ..
ရာသက်ပန်.. အတူခရီးသွားနိုင်စေသော်ဝ်

Unknown said...

ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းရပါစေ :)

အိုင်လွယ်ပန် said...

အစ်မရေ !!

ကဗျာလက်ဖွဲ့လေးအတွက် အထူးကို
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ် ..။
အစ်မ သာယာချမ်းမြေ့ပါစေ ..။

(အိုင်လွယ် + အမရာ )

ကိုဇက်ရေ !

ဒဂယ်ဂျီးလား:) လူကြုံပေးရင် ဒိုရှိုင် ၀ယ်ထည့်ပေးမယ် :)

( အိုင်လွယ် )

Cameron said...

ကိုအိုက်လွယ်ပန်နဲ့ မအမရာတို့ဇနီးမောင်နှံ ပျော်ရွှင်စွာဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ကြပါစေ...။
မနော်ရဲ့ မင်္ဂလာဦးကဗျာလေးလဲ သိပ်ကိုလှပနူးညံ့ပါတယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

Angel Shaper said...

ကဗျာလေး လာဖတ်သွားပါတယ်။
ကိုအိုက်လွယ်ပန်နဲ့မအမရာတို့ ဘဝလည်း
ရာသက်ပန် ရွှင်လန်းချမ်းမြေ့ပါစေ။

မယ့်ကိုး said...

ဒီသတင်းကြားရတာလှိုက်လှိုက်လှဲလှဲ ကြည်နူး ဝမ်းသာမိပါတယ်။ သိပ်ချစ်ကြတဲ့ ချစ်မလေးတို့ နှစ်ဦး တိုးလို့ ပိုလို့ ချစ်နိုင်ပါစေ... =)

rose of sharon said...

လက်ဖွဲ့ကဗျာလေးလာဖတ်သွားပါတယ်

Zephyr said...

မယ်ကိုးရယ် ....

အပြောအဆို ဆင်ခြင်မှပေါ့ ...။
အခုမှယူကြတာကို ဘယ်နှယ့် နှစ်ဦးတိုးလို့ဆိုပြီး ပြောရတာလဲ ....။

နောက်နှစ်မှ ပြောမှပေါ့။
:P