memorandom poem collection

Wednesday, August 19, 2009

ကဗျာဆရာ နောင်မင်းနိုင် ရဲ့မွေးနေ့အမှတ်တရ ထုတ်ဝေတဲ့ ကဗျာစာအုပ်လေးပါ။ ပါဝင်ရေးသားသူတွေနဲ့ နီးစပ်ရာခင်မင်သူတွေအတွက်ပဲ ကန့်သတ်ထုတ်ဝေတာလို့ဆိုပါတယ်။ ဒီစာအုပ်လေးကို ပို့ပေးတဲ့ ကဗျာ ဆရာလူဇော်သစ်နဲ့ pdf file ကနေ ဖိုင်ပြောင်းပေး ဖောင့်ပြောင်းပေးပြီးပြန်ပို့ပေးတဲ့ တင်မင်းထက် တို့ကို ကျေးဇူးတင်ပါတယ်။ ပါဝင်ရေးသားသူတွေက
နောင်မင်းနိုင်
လူဇော်သစ်
ညွန့်သစ်
ဝိုင်ချို
မောင်လင်းခက်
မောင်မျိုးမွန်
သျှီသူအောင်
တိုးနှောင်မိုး
အောင်ရင်ငြိမ်း
အေမွန်
ဇော်မိုးလွင်
မအိ
ကိုမြတ်ခိုင်ဦး
အောင်ပိုင်စိုး
စိုးထွဋ်
ဖျာပုံမောင်စန္ဒာ
သစ်အောင်ခိုင်
မင်းထက်ခိုင်
ဖွဲ့သီသစ်
လင်းသဏ်ညီ
မာန်ထက်သာ
မျိုးမင်းညိန်း
ညိုနွယ်ထွန်း
မင်းသန့်စင်
ဗညားလှိုင်ဦး
နီမျိုးထက်
ကေမျိုးငြိမ်း
စည်သူငြိမ်း
သူရနီ
..........................တို့ပါပဲ။ ကျွန်မချစ်သော ကဗျာများ မှာ တင်ထားပါတယ်။
ဒီစာအုပ်လေးကို pdf file နဲ့လိုချင်တယ်ဆိုရင် မြန်မာကျူးပစ်ဖိုရမ်မှာ သွားပြီး download လုပ်နိုင်ပါတယ်။ တဆက်တည်းပြောရရင် ဒီကျွန်မချစ်သောကဗျာများမှာတင်ခဲ့တဲ့ သုခမိန်လှိုင်ရဲ့ ဂျွန်လ၏မိုးရေစက်များ နဲ့ ဖော်ဝေး၊မောင်ချောနွယ်၊အောင်ချိမ့် တို့ရဲ့ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ တို့ကိုလည်း အဲဒီမှာ ebook အဖြစ် ရယူနိုင်ပါတယ်။ နောက် ကျွန်မရဲ့လုံးချင်းတချို့လည်း သူတို့ဆီမှာ ebook အဖြစ်တင်ထားတယ် လို့သိရပါတယ်။


6 Comments:

Anonymous said...

ဖတ်လိုက်မယ် တီနော်..

စိုင်းလောဝ်ပိန်း said...

သွားဖတ်လိုက်ဦးမယ် အမ။ အဲလိုတင် တင်ပေးနေလို့ အမြဲကျေးဇူးတင်နေတာ။

Zephyr said...

ကျေးဇူးပါ ...
ကျေးဇူးကျေးဇူးပါ ...
ကျေဇူးကျေးဇူးပါ ...ကျေးဇူး ....

ကျေးဇူးဆိုသောစကားသည် မြန်မာစကားစစ်စစ်ဟုတ်ပုံမရပါ ....

ကျေးဇူးမဆပ်ခြင်းသည် ကြေးစွပ်ခြင်းထက်သာလွန်ကြောင်းအထောက်အထား ၃၂ ချက်ရှိခဲ့ကောင်း၏ ။

ကျေးဇူးကန်းငမန်းဆိုသည်ကို တစ်လုပ်စားဖူးသူ့ကျေးဇူး ဆိုသူကပြောသည်....။

မွေးမေကျေးဇူးဆပ်ဖူးချင်သည်ဟု ပထမဆုံးပြောသူမှာ ထာဝရဘုရားဆိုသူဖြစ်နိုင်သည် ...။

ကျေးဇူးဆိုတာမဆပ်နိုင်သေးရင်တောင် အတိုးမှန်မှန်ပေးရတယ်လို့ပြောခဲ့သူမှာ ကျန်စစ်သားဖြစ်နိုင်သည်။(ငါ့ကို ကျန်စစ်သားခိုးနေပါပြီအော်မနေနဲ့ကွ တဲ့ ...)

ကျေးဇူးဆိုသည်မှာ အခိုင်ခံ့ဆုံးကြိုးတစ်ချောင်းလည်းဖြစ်နိုင်ပါသေးသည် ...။

ကျေးဇူးသည် တစ်ချို့အတွက် ရေပေါ်ရေးတဲ့အက္ခရာဖြစ်နိုင်သေးသည်။ ကျေးဇူးဆိုသည်မှာ ကမ္ဘာဦးလူ၏ သွားဖြဲပြခြင်းကို ဖလှယ်ထားသော စကားတစ်လုံးဖြစ်နိုင်သေးသည် ...။ ကျေးဇူးဆိုသည်မှာ တန်ရာတန်ကြေးတစ်ခုကို မေတ္တာနှင့်ပြန်ဖဲ့ဆပ်နေခြင်းလည်းဖြစ်နိုင်သည် ... ကျေးဇူးဆိုသည်မှာ .. တစ်ခုခု နှစ်ခုခု သုံးခုခု .. ဖြစ်နိုင်သေးသည် ...။

ကျေးဇူး ...
ကျေးဇူးပါ ...
ကျေးဇူးပါ .. ကျေဇူး ...
ကဗျာတွေတင်ထားလို့ ကျေးဇူးတင်ပါတယ် ...၊ ဒီလိုပြောလို့ သိပ် ယူရောပ ဆန်သွားမလားမသိဘူး ....
ဒါပေမယ့် ကျေးဇူး .. ကျေးဇူးပါ ...။ ။

ခင်မင်စွာဖြင့်
Zephyr

Moe Myint Tane said...

မျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အမ။
မြန်မာကျူးပစ်ကိုသွားပြီး ဒေါင်းလိုက်မယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လင်းဒီပ said...

လည်လည် ပတ်ပတ် ဖတ်နေကျ နေရာလေးတွေ...

ကျွန်မချစ်သောကဗျာများ
နောက် အိုင်ဒီယာ ဘလောဂ့်...

အဆင်ပြေပါစေ အစ်မ...
ကိုဇက်ရဲ့ ပျောက်သောသူပါ အဆစ်ဖတ်သွားပါတယ်..
သူက ငြိမ်းချမ်းခြင်းပျောက်နေတာကိုး...
ဘယ်မှာရှိတာသိတယ် ပြောပြဘူး...:P

အိုင်လွယ်ပန် said...

:) :) :)