Idea Magazine August Issue

Friday, July 24, 2009


Idea Magazine August Issue ကို ဖတ်လို့ရပါပြီ။
မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊နီကိုရဲ၊မောင်ကိုကို(အမရပူရ)၊ဘုန်းနေသွန်း တို့ရဲ့ စာမူတွေနဲ့အတူ
သုခမိန်လှိုင်၊ငုအိမ်ထက်မြက်၊မင်းခိုက်စိုးစန်၊မောင်ခင်သာ(တောင်တွင်း)၊ပုသိမ်မောင်ရွှေမူ၊
မိုသျှန်း၊မြေမှုန်လွင်၊ရိုးရိုး၊သုမင်းညိုနှင့် Zephyr တို့၏ကဗျာများ...........


13 Comments:

လင်းဒီပ said...

Cover Girl ပုံလေးက လည်း လှချက်ဗျ...
အထဲက စာတွေ ကဗျာတွေကလည်း လှမှာ..

Zephyr said...

အော် လင်းဒီပ လင်းဒီပ ...
ပုဂ္ဂိုလ်မင်လို့ တရားခင်တယ်ဆိုတာ ဒီလိုကိုး ..
Cover girl သာမချောရင် ... စာတောင်ဖတ်ကြည့်ဖို့မလိုဘူးလို့များတွေးသလား :P

လင်းဒီပ said...

အေးဗျာ အရမ်းလည်းမဖတ်ရဲဘူး မြွေပါးကင်းပါးရယ်...

“ချစ်သောမြွေမလေးရေ ……….
ငါ့ကိုမနမ်းရင်တောင် ………
ငါကမင်းကိုချစ်နေတာကို
မင်းငါ့ကိုပြန်မချစ်တာနဲ့
မချေလိုက်ပါနဲ့ ……….
ချစ်သောမြွေမလေးရေ ………
ငါ့ကိုမနမ်းရင်တောင် …... ………. ……….။
………….(မြွေမလေးရယ်သံ) ………..
………….(မြွေမလေးရယ်သံ) ……….”

အင်း...
မြွေမလေးကတော့ Cover Girl ထက် ပိုချောတာ သေချာတယ်ဗျို့....

MANORHARY said...

လင်းဒီပရေ
ခု ဒင်း မြွေဆိပ်တောင် တက်နေလောက်ပြီး)
မြွေပါတစ်ကောင်ဖြစ်ခွင့်လည်းကြိတ်ပြီး
ဆုတောင်းနေလောက်ပြီ........း)

pandora said...

အားကျစွာ ကြည့်သွားတယ်

(ကာဗာဂဲလ်ကိုမဟုတ်ဘူး
စာအုပ်ထဲက စာရေးသူတွေကိုပါ။ :)

နွေဆူးလင်္ကာ said...

မြည်းသွားတယ်။ စာအုပ်ငှားလို့ရမှပဲ ကောင်းကောင်းဖတ်တော့မယ်။ အပြင်မှာ ဖတ်နေကျ မဂ္ဂဇင်းကို အွန်လိုင်းမှာ ဖတ်ရတာ အရသာမတူဘူးဗျ။

အိုင်လွယ်ပန် said...

အင် ..
ဘီလိုဖြစ် ...
ကာဗာ ကိစ္စ နဲ့ ကိုမြွေ နဲ့ ကိုမူး တို့
အပြန်အလှန်ပြောနေကြ ပါလား :)
ဖတ်နေတုန်းအစ်မရေ ...

အိန္ဒြာ said...

ဇက်တစ်ယောက်...
ကြံကြံဖန်ဖန်....
မြွေကိုရယ်အောင်...သွားလုပ်တယ်...

မမရေ

အိုင်ဒီယာက
အားပါး..လှမှလှ ဆိုသလိုပဲ...
စာတွေကလဲ..ကောင်းချက်..
မောင်ကိုကို ဖတ်ချင်တာ မမရယ်...
မဖတ်ရတာ တော်တော့ ကိုကြာနေပြီ...

Unknown said...

ကောင်မလေးကအတော်လှတော့ကိုလင်းလည်းဘယ်ခံနိုင်ရည် ၇ှိတော့မလည်းနော်.....ဟိ

ADDRESSEE said...

ဘာလို့ ဒီလောက်တောင်ကွန်မန့်ကိုဖျက်တာလဲဟ ဟဟဟဟဟဟ

tin min htet said...

ဟိုနေကတည်းက ဖတ်ပြီးလို့ သုခမိန်လှိုင်တောင် ကူးသွားပြီးပြီ :)
သုခမိန်လှိုင် လတိုင်းလောက် ပါတယ်နော်။ ကျေးဇူးအထူးပါပဲ။

Zephyr said...

ဘလော့ခ်ဟာ ရေးတဲ့သူ တစ်ဦးချင်းစီရဲ့ အိမ်လေးတွေဖြစ်လို့ အိမ်ရှင်အနေနဲ့ ပုဂ္ဂိုလ်ရေးပါတဲ့ ကွန်မင့်တွေကို moderate လုပ်တာ ဖြစ်ပါလိမ့်မယ် ...။

ပုဂ္ဂိုလ်ရေးမထိပါးတဲ့ စာဖတ်သူတွေရဲ့ ကွန်မင့်တွေကို ဖျက်ပစ်တဲ့ Blogger တစ်ယောက်မှ မတွေ့ဖူးသေးပါဘူး ...။

တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လေးစားမှုရှိရင် နားလည်မယ်လို့မျှော်လင့်ပါတယ် ...။

Z

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ...
ကိုZ နဲ့ နောက်တစ်ခေါက်တွေ့ရင် မြွေရယ်သံလေး ရယ်ပြဖို့ တောင်းဆိုရမယ်..း)

ပုံလေးကို ကြည့်ရတာ ကောင်မလေး လပေါ်က ဆင်းလားသလား မှတ်ရတယ်.. မိုက်စ်စ်စ်