တိမ်ပြိုရာသီ

Monday, July 27, 2009


တိမ်ပြိုရာသီ
အလွမ်းတွေအုပ်ဖွဲ့ ပျံသန်းလာတာကိုမြင်ရရဲ့
လမ်းလွှဲခွင့်မရှိတော့တဲ့ တောင်တန်းဟာ ငါပါ
အနာဂတ်တွေဟာ ငါ့အပေါ် လာရောက်ငြိတွယ်နေတဲ့ တိမ်တစ်စလိုပဲ။
မကြာခင် မျှော်လင့်ခြင်းတွေရွာချပေးခံရမယ်တဲ့လား
ငါ့ကိုအခြေကနေ တွန်းဖဲ့ထိုးကော်ပစ်လိုက်စမ်းပါ
တစ်ခါတစ်ခါ တချို့လူတွေအတွက်
သေခြင်း ဟာ အရသာသိပ်ရှိမှာပါ။
မနော်ဟရီ


28 Comments:

Zephyr said...

အနာဂတ်တွေဟာ ငါ့အပေါ် လာရောက်ငြိတွယ်နေတဲ့ တိမ်တစ်စလိုပဲ။
....
တစ်ခါတစ်ခါ တချို့လူတွေအတွက်
သေခြင်း ဟာ အရသာသိပ်ရှိမှာပါ။
...
အရသာသိပ်ရှိမှာ အသေအချာပဲပေါ့

Z.

pandora said...

အဲလို တွေးဖူးတယ် မ,
သေခြင်းက အရသာ သိပ်ရှိနိုင်တယ်
အလွမ်းကလည်း တခါတခါ အရသာရှိတယ် မဟုတ်လားဟင်

နွေဆူးလင်္ကာ said...

သေခြင်းဟာ အရသာရှိနိုင်တယ်။ ဟဲမင်းဝေး၊ ဗန်ဂိုး၊ ကတ်ကိုဘိန်း၊ မြို့မငြိမ်း စတဲ့ သူတွေလို သေခြင်းကို အရသာရှိရှိ အနိုင်ပိုင်းလိုက်ချင်ပါတယ်။

Anonymous said...

ကဗျာကလည်း ချောက်ချားစရာ..။
သားတို့ကတော့ သေရမှာကြောက်စ်စ်... ဒါမယ့်လည်း သေမှာကသေမှာပါပဲလေ..း(

tin min htet said...

အလွမ်းတွေကို လမ်းလွှဲချင်လို့လား ..

အလွမ်းခံရသူတွေက
သေခြင်းကို ပြန်မပြောနိုင်တော့ဘူးလေ ..

လင်းဒီပ said...

ထွက်ပြေးလို့မရတဲ့ အနေအထားကလည်း
တကယ်တော့ သေခြင်း တစ်မျိုးပါပဲ...။

Eaindra said...

ဘုရားသခင်....

မမ ...

လမ်းလွှဲခွင့်မရှိတဲ့ တောင်တန်းတဲ့လား..
ခန့်ခန့်ငြားငြားပေါက်ရောက်နေတာပါ..

မယ့်ကိုး said...

အခြေကနေ တွန်းဖဲ့ထိုးကော်ခံရ....

တချို့လူတွေအတွက် သေခြင်းက အရသာသိပ်ရှိသတဲ့လား။

တချို့လူတွေအတွက် ....

အဲဒီလူတွေထဲ ပါဝင်ချင်ပါတယ် မရေ....

Sein Lyan Tun said...

မျှော်လင့် ခြင်းတွေ ရွာ ချမယ့် ရက်ကိုစောင့်နေရင်း

တွေးမိတာလေးက

ကျနော့်အတွက်တော့ သေခြင်းက ပိုပြီး အရသာရှိမလာပဲလေ....

ခဏခဏစဉ်းစားမိတယ်


ကဗျာလေးကြိုက်တယ်

ခေါင်းစဉ်ကိုလဲကြိုက်တယ်


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Julian said...

တောင်တန်းတွေက အလွမ်းတွေလာနေတာကိုလည်းမြင်ရ တိမ်တွေလာငြိတာကိုလည်းသဘောတကျ
မိုးရွာတာကိုလည်းပျော်နိုင်နေရက်နဲ့

အဆုံးသတ်တစ်ခုကိုမျှော်လင့်နေတာဟာ ဘာကြောင့်များလဲ......... ဘယ်ရင်ခွင်ဟာဒီလောက်နာကျင်နေသလဲ.........

အတွေးတစ်စ.....စ.....စ......စ


ဂျူ

kay said...

ကဗျာက..အဆုံးစွန် ဆန္ဒ တွေ နဲ့ ခြောက်ခြားစွာ လှပနေပါလား။

Angel Shaper said...

မရေ...တစ်ခါတစ်ခါ တကယ်အရသာရှိမယ်လို့ ထင်မိတတ်တယ်။ ဒါပေမယ့်ပေါ့ မသေချင်သေးဘူး။ ဟိဟိ.... ပျော်ရွှင်ပါစေနော်။

khin oo may said...

လာဖတ်သည်။

emayarKhin said...

သိပ်ဟုတ်တယ်နော်...မ...
တခါတခါသေခြင်းကတချို့လူတွေ
အတွက်သိပ်အရသာရှိမှာပါ...........။။။

အိုင်လွယ်ပန် said...

တစ်ခါတစ်လေ
အခြေအနေက ဖဲ့ထုတ်ခံမခံရတဲ့နောက်
တောင့်တမိတာက ....

ဇော် said...

အီးးး
ကောင်းလိုက်တာ ။။ ကောင်းလွန်းလို့ ခုန်ဆွ ခုန်ဆွတောင် ဖြစ်သွားတယ်။

မီယာ said...

မျှော်လင့်ခြင်းတွေ ရွာချမယ် ဆိုတော့လည်း ခေါင်းမော့ပြီး စောင့်ကြည့်လိုက်ပါဦးလေ

ATN said...

ထွက်မပြေးနိုင်တဲ့ သစ်တပင်အဖို့ကတော့
သေခြင်းက ပိုအရသာ ရှိမှာ အသေအချာပါပဲ....

ဆောင်းယွန်းလ said...

အလွမ်းတွေအုပ်ဖွဲ့ ပျံသန်းလာတာကိုမြင်ရရဲ့
လမ်းလွှဲခွင့်မရှိတော့တဲ့ တောင်တန်းဟာ ငါပါ


ဘာပဲဖြစ်ဖြစ်လေ..သိပ်ကိုခန့်ငြားနေပါပေါ့မနော်ရေ

Moe Cho Thinn said...

မနော်
သိပ်များ စိတ်ညစ်နေသလား။ ခရီးထွက်လိုက်ပါလား။
ကဗျာကတော့ ခံစားချက် တနင့်တပိုးနဲ့ လိုတာထက် ပိုခရီးရောက်ခဲ့ပြီ။

NangNyi said...

တောင်တန်းက လမ်းလွှဲခွင့်မရှိဘူးလား.. ရှိမယ်ထင်တာပဲ..း)

ballonlay said...

ကဗျာရဲ့ စာလုံးတိုင်းစာလုံးတိုင်းဟာ ရင်ဘတ်ထဲကိုစူးနစ်ဝင်လာတယ်..
အတိအကျပေါ့ သေခြင်းတရားက အချို့သောလူတွေအတွက် သိပ်အရသာရှိတယ်ဆိုတာ

စိုင်းလောဝ်ပိန်း said...

တောင်တန်းတွေက လှပခန့်ငြားကြတယ် အမ။
သေခြင်းက အရသာရှိမှာပါ ဒါပေမယ့် ကဗျာရေးခြင်းမှာ အရသာခံလိုက်ပါဦး။

Mogok Thar said...

သေခြင်းတရားတဲ့လား
အလွမ်းတောင်ကြားမှာ
မျှော်လင့်ခြင်းတိမ်တစ
လွင့်ကြွေကာကျလေမလားး
ဘ၀ဆိုတာ ပါးပါးလေးမို့
သိပ်ခါးလွန်းတော့လဲ ချိုမြသွားရမှာပါ
တိမ်ပြိုတဲ့ ရာသီ မရောက်ခင်
ကဗျာရှင်ရေ...အမြင့်ဆုံးသာ ပျံသန်းပါ။

(မကြီးနော် ကဗျာကို ကဖျက်ရဖျက် ဖြစ်အောင် လုပ်တယ် မထင်စေချင်ပါဘူး။ မရေးတတ်ရေးတတ်.. ခံစားရတာလေး ချရေးမိတာပါ)

မေတ္တာဖြင့်

ကိုရင်နော်ခင်လေးငယ် said...

မ.....

လမ်းလွှဲခွင့်မရှိတဲ့တောင်းတန်း.... တဲ့လား..!!

အို.... ဒီလိုဆိုခဲ့ရင်
ဟိုးးးး တောင်ထိပ်ဆုံးကနေ လက်တစ်စုံ ဆန့်တန်းပြီး မျက်စိစုံမှိတ်လို့
အရသာ ရှိခြင်းကို ခံစားကြည့်လိုက်ချင်မိတဲ့
စိတ်တွေကို ထိမ်းလို့ရပါ့မလား မသိဖူးပဲ..

ချစ်တဲ့.....
KL

လင်းလက်ကြယ်စင် said...

ဒီကဗျာလေးကို ကြိုက်နှစ်သက်မိတယ် :)

Andy said...

သေခြင်းတရားဟာ အရသာရှိသတဲ့လား...
အစမ်းသေကြည့်လို့ရရင်ကောင်းမှာ...

Unknown said...

ငါ့အတွက်တော့ သေခြင်းဆိုတာ
နေ့စဉ်တွေ့ကြုံနေရတဲ့သူငယ်ချင်းပဲ
ငါကသေလိုက်၊ သေခြင်းကသေလိုက်နဲ့
နောက်ဆုံး
ဘယ်သူကဘယ်လိုအရသာရှိလဲတောင်မသိတော့ဘူး။
သေချာတာတစ်ခုကတော့
အဲဒီသေခြင်းဆိုတဲ့ကောင်ကို
ဥပေက္ခာပြုထားသူဟာ
သေခြင်းကလဲဥပေက္ခာပြန်ပြုမယ်ဆိုတာပဲ..
ကဲ...မိတ်ဆွေ
အသင်ရော...