က္ကုတ္ထိယတောင်တန်း ကဗျာစု

Saturday, July 25, 2009

ဆရာပိုင်စိုးဝေ ရဲ့ ကဗျာစာအုပ် က္ကုတ္ထိယတောင်တန်း ကို အဝေးရောက်နေတဲ့ ကဗျာချစ်သူများအားလုံး အတွက် ကျွန်မချစ်သောကဗျာများ မှာ တစ်အုပ်လုံးတင်ပေးထားပါတယ်။ ဒီစာအုပ်လေးကို ကျွန်မဆီ ငွေကုန်ကြေးကျခံပြီး ပို့ပေးတဲ့ ညီမငယ် မိုးနေ ကိုလည်းကျေးဇူးအထူးတင်ပါတယ်။ ဒီစာအုပ်လေးကိုပြန်မျှဝေဖြစ်တာကလည်း စာပေ ကုသိုလ်အတူရချင်လို့ပါ။


11 Comments:

Mirror said...

အစ်မရေ...အပြင်မှာစာအုပ်ဖတ်ဖူးပြီးသားပေမယ့် သွားဖတ်လိုက်ပါဦးမယ်။

နွေဆူးလင်္ကာ said...

ကျေးဇူးပဲ အစ်မရေ။ မ၀ယ်ဖြစ်သေးခင်တော့ မြည်းလိုက်ဦးမယ်။

မယ့်ကိုး said...

ကျေးဇူးပါနော်....မ

Eaindra said...

မမရေ....

ကူလဲရိုက်မပေးလိုကရဘူး...
စာအုပ်ကပြီးသွားပြီ...းP

ရှဲ့ရှဲ့နိ

z said...

10 Q So Much..
This Poet is one of the best in Myanmar.
I will read 1001 times.

Peace B Upon U.

Angel Shaper said...

မရေ... ကျေးဇူးပါ။ ကဗျာမစပ်တတ်ပေမယ့် ကဗျာလေးတွေ ချစ်တယ်။ ဖတ်နေချင်တယ်။

အရုပ်ကလေး said...

ကဗျာတွေ တစ်စုတည်း တစ်ဝကြီး ဖတ်ခွင့်ရတဲ့အတွက်
အရမ်းကြည်နူးသလို ကျေးဇူးကမ္ဘာပါ အစ်မ ..။

မရောက်တာလည်း အတော်ကိုကြာသွားပြီ ..
ကောင်းခြင်းဖြာသော ချိန်ခါနေ့ရက်လေးတွေအဖြစ်
ပျော်ရွှင်ပါစေ ..။

ခင်မင်စွာ
idulize (အရုပ်ကလေး)

Moe Cho Thinn said...

သွားဖတ်လိုက်ပါပြီ မနော်ရေ..
ဦးပိုင်စိုးဝေနဲ့ တို့တွေနဲ့ ဆွေမျိုးနီးစပ်တော်တယ်လို့ အဖေတို့ ပြောဖူးတယ်။ အဖေ့ တူမ ကို ယူထားတာ ဆိုလားပဲ။ သူ့ကဗျာတွေ ကြိုက်တယ်။

မနော့် ကဗျာလေး ဒီလ ကလျာမှာ ဖတ်လိုက်ရသေးတယ်။ အဲဒီကဗျာလဲ ကောင်းတယ်နော်။

စိုင်းလောဝ်ပိန်း said...

အရမ်းကျေးဇူးတင်တယ်အမရေ...
ရန်ကုန်မှာတုန်းက ၀ယ်မယ်ဆိုပြီး မအားလို့ မ၀ယ်လိုက်ရတာ။ အခုတော့ အဆင်ပြေပြီပေါ့

Julian said...

စာအုပ်လိုချင်တယ် စာအုပ်လိုချင်တယ်
ကြိုက်တာတွေ့တိုင်း ပရင့်ထုတ်ရရင် ရုံးက စီနီယာ ကျမကိုသတ်တော့မယ် အမြဲလာမေးတယ် ဘာတွေမို့ဒီလောက်တောင် သဘောကျပြီး ဖတ်နေသလဲတဲ့ ဒါတွေဖတ်မယ့်အစား language ကိုတိုးတက်အောင်လုပ်ပေါ့တဲ့.........

မဲ့ပြုံး....... မဲ့ပြုံး.........

သူပြောတာမမှားပေမယ့်မမှန်ဘူးပေါ့သူငယ်ချင်းရယ်။

ကိုယ်လဲရုံးဖြစ်နေတော့ ကိုယ့်စိတ်အတွက်မှန်ပေမယ့် ရုံးအတွက် ကြက်ခြေခတ်ပေါ့.....

ပိုင်စိုးဝေ စာလုံးတွေကိုဖတ်ရင်း ဖတ်ရင်း...


ဂျူ

ဇော် said...

ဖတ်ပြီးကြောင်း သတင်းပို့။ =)