ကျွန်မနှင့်နတ်သမီးမှန်ပြင်များ

Wednesday, July 15, 2009


ကျွန်မနှင့်နတ်သမီးမှန်ပြင်များ

ကျွန်မ...
အလင်းရောင်တွေအကြောင်း မပြောပြရသေးဘူး
ပုံပြင်အဟောင်းတွေနဲ့ နတ်သမီးလှလှလေးများရဲ့မှန်ပြင်
အရင့်အရင်ကော်ဖီခွက်တွေအတိုင်းပဲ... ခါးတယ်... ။
ဘယ်တော့မှ မတွေ့ဆုံချင်တော့တဲ့ ကံကြမ္မာသွား ကံကြမ္မာလာ
ဒါ... ကဗျာသက်သက်မှ မဟုတ်ဘဲ...
အသေင်္ချ အသင်္ချာတွေအကြောင်းပြောမယ်...
အနန္တာအနန္တတွေအကြောင်းပြောမယ်...
ဘယ်တော့မှ လိုက်မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းကိုပုံမှားရိုက်မယ်။
ဒါပါပဲ...
ဒါဟာလည်း အဟောင်းအမြင်းတွေထဲက
နတ်သမီးမှန်ပြင်သက်သက်ပဲ
ကျကွဲမကွဲ မသေချာတာတစ်ခုပဲ ရှိတယ်။

မနော်ဟရီ


28 Comments:

Zephyr said...

who is no 1??

Sein Lyan Tun said...

အားးးး

ကိုဇက်

း(

Zephyr said...

ဖိုးစိန် ... ကိုနောက်တာ ...။ နေရာဦးရုံပဲ ....

Zephyr said...

နောက်မှ မဂျူကို ဖြစ်ဖြစ် Craton ကို ဖြစ်ဖြစ် နေရာပြန်ရောင်းမယ် ... သူတို့နှစ်ယောက်ကိုယ်စား ဖိုးစိန်ရဲ့ လက်ဝါးကြီးအုပ်မှုကို ကာကွယ်ပေးထားတာ ..
:)

MANORHARY said...

ခုထိတစ်ယောက်မှ
ကဗျာကိုအဖက်လုပ်မဖတ်သေးဘူး
နေရာလုနေကြတယ်း(

Sein Lyan Tun said...

ကော်ဖီကို ခါးခါးကြိုက်တဲ့သူ တစ်ယောက်ပေါ့...

နတ်သမီးပျို လှလှလေးတွေရဲ့ မှန်ပြင်ရှေ့ကနေ

သူတို့လေးတွေရဲ့ ပုံရိပ်လေးတွေ ကို ကော်ဖီသောက်ရင်း ရှာကြည့်ချင်တယ်...

အဆုံးမသိ အဆုံးမရှိတဲ့ အကြောင်းတွေကို ပြောနေရင်း

ဒီမှန်ပြင်လေး မကျကွဲဖို့တော့ ဆုတောင်းမိတယ်...

နတ်သမီးရဲ့ ပုံရိပ်လေးတွေ ပျောက်သွားမှာစိုးလို့....


မကြီးကဗျာကို ခံစားသွားတယ်...

ကဗျာလေးက လှတယ်...

သန်ရာသန်ရာ ခံစားတယ်လို့တော့ တွေးမလားမသိး)

အဲလိုကဗျာလေးတစ်ပုစ်ရေးတတ်ချင်တယ်...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Zephyr said...

ရိုင်မန် သီအိုရီနဲ့ စောင်းနေတဲ့ ဒီဂရီ ..
အဟောင်းအမြင်းတွေထဲက ..
တံလျှပ်စစ်စစ် တစ်ခု ...
အလင်းရောင်တွေကတော့ ကံကြမ္မာ တစ်ရပ်စာအမြင့်က
ကျ ကျ ကွဲ နေတုန်း ....။

Eaindra said...

မမ
မီး ဖတ်တယ်နော်....

နတ်သမီးမှန်ပြင်မှာ ထင်နေတဲ့အတိုင်း...
ပုံရိပ်ယောင်ပါဆိုရင်တောင် ရင်ခုန်ယစ်မူးဖွယ်ရာပေါ့...

ဆုံမှတ်မရှိတဲ့ မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အကွာအသေးဟာ..ဘယ်နှစ်ရာသီခြားခဲ့ သလဲ..

မမ
ဘေးရင်းယှဉ်ခွက့်ရနေတာကိုပဲ ရင်ခုန်ရူးနှမ်းပစ်လိုက်မယ်..

အိန္ဒြာ

မယ့်ကိုး said...

မမအိန္ဒြာက

မီး ဖတ်တယ်နော်....လို့ ချွဲတော့ ... မယ်ကလည်း

မီးလေး ဖတ်တယ်နော် လို့  ချွဲမယ်နော်။ :)


ဘယ်တော့မှ မတွေ့ဆုံချင်တော့တဲ့ ကံကြမ္မာသွား ကံကြမ္မာလာ
ဒါ... ကဗျာသက်သက်မှ မဟုတ်ဘဲ... ...

မရေ ...စကားလုံးတိုင်းကို ရင်ဘတ်နဲ့ ခံစားသွားပါတယ်။ မယ့်အတွက်တော့ နတ်သမီးမှန်ပြင်တွေက တနေ့ တခြားအက်ကွဲလာ...

ကဗျာမဟုတ်တဲ့ ဘဝ...

ငရဲမီး said...

အားလား မန့်တွေလည်းကြမ်း ကဗျာကလည်း လန်း မိုက်တယ် မကြီးရေ.....

Unknown said...

အရင့်အရင်ကော်ဖီခွက်တွေအတိုင်းပဲ... ခါးတယ်...

ဒါ... ကဗျာသက်သက်မှ မဟုတ်ဘဲ...

ဒါဟာလည်း အဟောင်းအမြင်းတွေထဲက
နတ်သမီးမှန်ပြင်သက်သက်ပဲ
ကျကွဲမကွဲ မသေချာတာတစ်ခုပဲ ရှိတယ်။

ရခဲ့တယ် ...
ရူးနှမ်းနေခွင့်လေး
သေချာသည်ဖြစ်စေ
မသေချာသည်ဖြစ်စေ
ကျေနပ်ရုံသက်သက်ထက်
ပိုကျေနပ်နေရုံ .....

အိုင်လွယ်ပန် said...

sorry ပါအစ်မ
yan နာမည်နဲ့ ကွန်မန့် ကကျွန်တော်ပေးတာ ...
အကောင့်မှားသွားလို့ :)

အိုင်လွယ်ပန်

Julian said...

နတ်သမီးမှန်ကျကွဲမှာသေချာရင်ဘာလုပ်မလဲ .... ကျသွားတာတောင်မကွဲဘဲအက်သွားရင်ကော....ဒါမှမဟုတ်ခပ်တင်းတင်းဘဲ နတ်သမီးမှန်မို့မကွဲဘူးဟေ့ဆိုရင်ကော။

ပြောပြမှာလားအလင်းရောင်တွေအကြောင်း၊ ပြောချင်ရက်နဲ့မပြောနိုင်တာလား...မပြောချင်လို့အကြောင်းရှာတာလား...ဒါမှမဟုတ်ပြန်မပြောချင်တဲ့ပုံပြင်တွေမို့လား.....

အတွေး၂ခုတွေးသွားတယ်။ အဖြေတစ်ခုတော့ထွက်လာမှာပါ.... ဘယ်တော့လဲဆိုတာသာ....

ဂျူ

Julian said...

အော် ဖြစ်မှဖြစ်ရလေ နံပါတ်(၁၃)ရယ် ၂ခေါက်ရှိဘီကျတာ..... ဒါကြောင့်၁၄ဖြစ်အောင်ထပ်ရေးသွားတယ်။
ဖိုးစိန် တို့ မောင်ဇက်တို့ ဒါဒါတို့ လက်မြန်ကြပါပေ့
ကွန်တွေကလဲကောင်းပါပေ့ ဒါပေါ့လေ ငယ်ရွယ်သူများရဲ့ကွန်ကိုး

ဟဲဟဲဟဲ မနာလိုစွာနဲ့ရယ်(ရီ)သွားပါ၏

ဂျူ

tin min htet said...

မျည်းပြိုင် ၂ ကြောင်းဟာ ဘယ်တော့မှ မဆုံဆည်းနိုင်သလို
ဘယ်တော့မှလည်း ပိုဝေးကွာမသွားဖူးလို့ .. ဖတ်ဖူးပါတယ်။

(ဒီတော့ နတ်သမီးမှန်ဆိုတာ ကွဲလဲ မကွဲတတ်ဘူး
ပြဒါးလည်း မပြယ်တတ်ဖူးလို့ပဲ .. ထားလိုက်ပါတော့)

မေဇင် said...

မမ...နောင့် လေ ကဗျာတွေကို ကြိုက်တယ်...ဘယ်လို အဓိပါယ် နဲ့ ရေးထားတာလဲ ဆိုတာစဉ်းစားရတာ ကြိုက်တယ်..ဒါပေမယ့် ဘယ်လို မှ ကဗျာမစပ်တတ်ဘူး..။ အဲ့တော့ ကဗျာဖွှဲ့တတ်တဲ့ မမတို့ကဗျာလေး တွေပဲ လိုက်ဖတ်နေတော့တယ်..။

ကိုရင်နော်ခင်လေးငယ် said...

နတ်သမီးမှန်ပြင်လေးကိုကြည့်ရင်း
ကဗျာလေးကို ခံစားနေမိတယ်..

ကိုရင်နော်ခင်လေးငယ် said...

နတ်သမီးမှန်ပြင်လေးကိုကြည့်ရင်း
ကဗျာလေးကို ခံစားနေမိတယ်..

myetwann said...

ကဗျာလာဖတ်တာပါ ...
ကျကွဲမှာ သေချာခဲ့ရင်လည်း .. မှန်စတစ်စလောက်တော့ရချင်တယ် ....

ရွှန်းမီ said...

နတ်သမီးမှန်ပြင်တွေ .. မကွဲမချင်း မကြည့်လို့လဲ မရ.. ယုံလို့လဲ မရပြန်ဘူး..
လေးစားစွာဖတ်သွားပါတယ်။ မှတ်ချက်နဲ့ မတိုက်ဆိုင်ရင် ခွင့်လွှတ်ပါ..

လင်းဒီပ said...

ပုံရိပ်ယောင် အဟောင်းအမြင်းတွေနဲ့
ကျ,မကွဲသေးတဲ့ ဘဝမှန်သားပြင်.....

Andy said...

နတ်သမီးမှန်ပြင်က တကယ့်မှန်အစစ်ကော ဟုတ်ပါ့မလား အစ်မရယ်။

lovelessguiter said...

နတ်သမီး မှန်ပြင်ကို သေချာကြည့်သွားတယ်... ကျကွဲသွားမှာတော့ စိုးမိပါရဲ့...။

ဇော် said...

ကဗျာကောင်း စာကောင်း တစ်ပုဒ် ဖတ်လိုက်ရတဲ့ တစ်နေ့တာလောက် နေရတာ ကျေနပ်ဖို့ကောင်းတဲ့နေ့ ကျနော့်ဘ၀မှာ မရှိနိုင်တော့ဘူး ထင်ပါရဲ့.. =)

ဇောင်းလူ said...

မန့် သွားပါတယ်ဂျ။ဘာမန့် ရင်ကောင်းမလဲ။ရင်ထဲမှာရှိ
တဲ့အတိုင်းသာပြောလိုက်တော့မယ်။အရမ်းဖတ်လို့ 
ကောင်းတဲ့ကဗျာလေးပေါ့။ပုံလေးကလည်းကဗျာကို
တစ်ဖက်တစ်လမ်းထောက်ထားတယ်လေ။မိုက်တယ်။

Anonymous said...

အဲ့.. သားသားကို နေရာရောင်းမယ်ဆိုပါလား.. သတိတရတော့ရှိရှာသား.. ၀ယ်ဖို့ပိုက်ပိုက်ရှိပါဘူး ကိုဇက်ရယ်.. ဒင်းလက်ဝါးကြီးအုပ်လည်း အုပ်ပါစေတော့လေ.. ပေးအုပ်လိုက်မယ်.. :P

ဘယ်တော့မှ လိုက်မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းကိုပုံမှားရိုက်မယ်။ ဒီစာသားက ကဗျာရဲ့အသက်လိုပါပဲ..

1ashinsasa said...

ကဗျာကိုမခံစားခင် ခေါင်းစဉ်နဲ့ပုံလေးကိုကြည့်ကတည်းက စိတ်ဝင်စားနေတာ
ကဗျာကိုလဲဖတ်ပြီးရော... ဘာမှမသိလို့ နောက်ထပ်ထပ်ဖတ်တယ်.. ဒီအတိုင်းပဲ
နောက်တစ်ခေါက်...
နောက်တစ်ခေါက်...

aung moore said...

မနော် ကောင်းတယ်ဗျ။