အရာရာဟာ လင်းသွဲ့ဖြာဝေ

Thursday, July 2, 2009


အရာရာဟာ လင်းသွဲ့ဖြာဝေ

အမှတ်တမဲ့နဲ့လှည့်ကြည့်မိတော့
ချစ်သူ့ခြေလှမ်းများရဲ့ရနံ့
သင်းပျံ့လို့နေဆဲ………….

အလင်းသဲ့သဲ့ကိုကြားတဲ့အခါ
အိပ်မက်ပြာတို့ထပျံသွား
တစ္တေရောင်တံခါးတစ်ချပ်
ဖျတ်ကနဲ ပိတ်
တိတ်ဆိတ်မှုတွေသာ လင်းညိုကျလာခဲ့။

ကြေကွဲလွယ်တာမှန်ခဲ့ပါရဲ့
ဒါပေမယ့်
မေ့ဖို့တော့မလွယ်ခဲ့မိဘူး
သတိရမိတိုင်း ရေးခြယ်နေမိတဲ့ အိပ်မက်တွေ
စနစ်ကျစွာပရမ်းပတာဖြစ်လို့။

ဆက်ဆွဲလို့မရတော့တဲ့ပန်းချီကားတစ်ချပ်လို
ဆေးသားတွေလည်းအက်ကွဲရင့်ရော်
ကမ်းမကပ်နိုင်သေးတဲ့မျှော်လင့်ချက်တွေကလည်းဝေး
ဆုတောင်းသံတွေလည်းအေးစက်
အသက်ရှူရလည်းခက်နေခဲ့ပေါ့။

အရာရာဟာ
သံသရာအထပ်ထပ်
ပြတ်သားစွာ..ဝေးကွာသွားခဲ့ပေမယ့်
အဲဒီခြေသံလေးကတော့
အရောင်တွေတောက်ပနေဆဲ။ ။
မနော်ဟရီ

မနေ့က အလွမ်းတွေနဲ့ဖွဲ့ထားတဲ့ ကဗျာလေးတစ်ပုဒ် ဖတ်ရပါတယ်။အဲဒီကဗျာလေးကိုဖတ်ပြီး
သူ့အတွက်ကဗျာတစ်ပုဒ် ရေးဖြစ်သွားတယ် ။ချစ်သူကိုလွမ်းတဲ့ကလေးတစ်ယောက်ကို
ကူလွမ်းပေးထားတဲ့ကဗျာပါ..


31 Comments:

Zephyr said...

... စိမ်းလန်းတဲ့ ကောင်းကင်တစ်ခုလည်း ... ရှိနိုင်တယ် ...
... သာယာတဲ့ ငရဲဘုံတစ်ခုလည်း ... ရှိနိုင်တယ် ...
... ပျော်ကျသွားတဲ့ ဖြစ်ရိုးဖြစ်စဉ်တွေထဲမှာ ..
... လွမ်းဆွတ်ခြင်း တစ်ဆင်စာလည်း ရှိနိုင်တယ် ...။


ကူလွမ်းသွားပါသည်

Z

Sein Lyan Tun said...

ကိုဇက်ဦးသွားပြီးးး((((

သက်ပိုင်သူ said...

မမနော် .. ကူပြိး လွမ်းပေးသွားတယ်း)

Sein Lyan Tun said...

အလင်းသဲ့သဲ့ကြားကနေ ရေးဆွဲတဲ့ အိပ်မက်ပန်းချီက

ကြေကွဲလွယ်တယ် ခံစားလွယ်တယ်တဲ့

ကြေကွဲခံစားလွယ်လို့လဲ မေ့ပျောက်မရခဲ့ဘူးလေ...

ဆုတောင်းသံတွေ ကြားမှာ အသက်ရှု ကျပ်နေတယ်လား

အရောင်တွေ တောက်ပနေတဲ့ ခြေသံလေးကို တိုးတိုးလေး နားစွင့်နေမိပါတယ်...

တိုးတိုးလေး နားစွင့်ရင်းနဲ့ ကူလွမ်းပေးသွားပါတယ်

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Yu Ya said...

အလွမ်းပေါ် အလွမ်းဆင့်ပေးသွားပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

အိန္ဒြာ said...

မမ

အမှတ်တရ ဆိုတာ ကွာဟနေတဲ့ တစ်စုံတစ်ရာတွေအတွက် ထာဝရ ကဗျာပါ..။

အလွမ်းဆိုတာ..
အမှတ်တရ များစွာရဲ့ memorial..လေးတစ်ခုပါ..။

အလွမ်းတစ်ခု ရှိနေတယ် ဆိုတာကို က

ကိုယ့်ဆီမှာ..
တစ်စုံတစ်ရာတွေ ရှိခဲ့ဖြစ်ခဲ့တယ်...
ကိုယ် တစ်စုံတစ်ရာတွေ ရှိခွင့်ဖြစ်ခွင့်ရလိုက်တယ်...။

ဒီလိုအတွေးက တင်
ဘာပဲ ဖြစ်ဖြစ်...
အလွမ်းချည်းကျန်ရစ်ရင်တောင်...
နေသာလာပါတယ်.လေ..။

(လွမ်းနေသူကို အားပေးသွားတာပါ..။ဓါတ်ခံကသိပ်ကောင်းတာမဟုတ်)

လင်းဒီပ said...

ခြေသံလေး အရောင်တွေတောက်ပကျန်ခဲ့တာ
ရေခံမြေခံကောင်းတဲ့ ရင်လမ်းမှာ လျှောက်သွားလို့နေပါလိမ့်မယ်...။
(ဆက်လွမ်းသွားပါသည်..)

tg.nwai said...

လင်းသွဲ့ဖြာဝေဆိုတာလေးကို သဘောကျသွားတယ် မနော်...
အလွမ်းဆိုတာ လွမ်းတတ်သူတို့အတွက်တော့ ပုလဲရတနာပါပဲ..(မလွမ်းတတ် လွမ်းတတ်နဲ့ အလွမ်းကူသွားပါတယ်..:)

မေဇင် said...

ကဗျာရေး ကောင်းတဲ့ မမပဲ..။ အားကျတယ်...။ ခေါင်းစဉ်လေး ကစိတ်ဝင်စားစရာ ကောင်းတယ်..။

မယ့်ကိုး said...

ကျွန်မလည်း ကူလွမ်းပေတယ်နော် မ :)

Julian said...

လှည့်ကြည့်စရာမလိုအောင်အမြဲမြင်ယောင်နေမိပြီး.....ကိုယ့်ကမ္ဘာမှာတော့ညိုတဲ့အလင်းတန်းလေးတောင်မရှိနိုင်ခဲ့တဲ့ .......တစိမ့်စိမ့်ကြေကွဲစွာ မမေ့နိုင်ပဲ..........ပုံစံမပျက်ကြေမွနေခဲ့တဲ့စိတ်နှလုံးအိမ်တစ်ခုကတော့ .........ချစ်သူအဆင်ပြေပျော်ရွှင်ပါစေဆုတောင်းရင်း........
အသက်ရှုရပ်မတတ်နာကျင်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့ဘူးတယ်.....

မျဉ်းပြိုင်တစ်ခုဘယ်တော့မှမဆုံနိုင်တော့သလို..........ကိုယ်တို့တွေသံသရာမှာတောင်ဆုံတွေ့ဘို့ခက်ခဲခဲ့ရင်တောင်........ ကိုယ့်ရဲ့နှလုံးအိမ်ထဲ......... ချစ်သူဝင်လာခဲ့ဘူးတဲ့လမ်းက.......တိုးတိတ်ညင်သာတဲ့ခြေသံလေးတွေကတော့..... ကိုယ့်အလင်းတန်းလေးအဖြစ်အမြဲရှိသွားတော့မှာ.....။

ချစ်စရာကဗျာလေးဖတ်ပြီး ဒီစာလေးကိုရေးမိခဲ့တယ်

ဂျူ

Moe Cho Thinn said...

ကဗျာကိုက အလွမ်းတွေ ရွှဲနစ်နေလို့
ကမ်းမကပ်နိုင်သေးတဲ့ မျှော်လင့်ချက်တွေအတွက်
တိတ်တိတ်လေး ကူဖို့ရာ လာခဲ့တယ်။

မီယာ said...

မနော် ချမ်းချမ်းနဲ့ လွမ်းနေတာလား

အိုင်လွယ်ပန် said...

ကဗျာကိုဖတ်ပြီး လွမ်းသလို ခံစားရတယ်အစ်မရေ ။

နွေးနွေးသဲမွန် said...

ကြေကွဲလွယ်တာမှန်ခဲ့ပါရဲ့
ဒါပေမယ့်
မေ့ဖို့တော့မလွယ်ခဲ့မိဘူး
သတိရမိတိုင်း ရေးခြယ်နေမိတဲ့ အိပ်မက်တွေ
စနစ်ကျစွာပရမ်းပတာဖြစ်လို့။အရာရာဟာ
သံသရာအထပ်ထပ်
ပြတ်သားစွာ..ဝေးကွာသွားခဲ့ပေမယ့်
အဲဒီခြေသံလေးကတော့
အရောင်တွေတောက်ပနေဆဲ။ ။<---- ထပ်တူထပ်မျှခံစားခဲ့ရတယ်....ခံစားချက်တွေတောက်ပနေတဲ့ကဗျာတပုဒ်အတွက် ကျေးဇူးပါ မ ရယ်....

ဇော် said...

ကျနော်လဲ လွမ်းတယ် ဒေါ်လေးမေ။ =(

Julian said...

အရောင်ပြောင်းလိုက်တယ်လား

ဆောင်းယွန်းလ said...

သတိရမိတိုင်း ရေးခြယ်နေမိတဲ့ အိပ်မက်တွေ
စနစ်ကျစွာပရမ်းပတာဖြစ်လို့။
ဒါကြောင့်လည်း အရာရာဟာလင်းသွဲ့ဖြာဝေနေတော့တာပေါ့မနော်ရေ...

မင်းနေဝေး said...

ရင်ထဲမှာ ခဲဆွဲခံထားရသလိုပါပဲ .....
ကဗျာနဲ့အတူ လွမ်းသွားပြီ ...

nyimuyar said...

လင်းသွဲ့ဖြာဝေ wow, nice rhythm

tin min htet said...

မနော် တယောက် -
အလွမ်းသစ်သီးတွေနဲ့ ဝင်းမှည့်ကာနေ ..
ကူလွမ်းရမယ် ဆိုရင်လည်း မငြင်းခဲ့ပါလေ ..
ဒီတော့ အရာရာဟာ လင်းသွဲ့ဖြာဝေ ..

မသက်ဇင် said...

မနော်ရေ
လွမ်းစရာကဗျာလေးအတွက် ထပ်ကူလွမ်းပေးပါတယ်
ချစ်ခင်လျက်

ငရဲမီး said...

နက္ခတ်တွေမှားတဲ့ညက
ဆွံ့အစွာဖြတ်လျှောက်သွားတဲ့
လေပြေလေး....................
သံယောဇဉ် အပိုင်းအစတချို့နဲ့
ဒီခရမ်းယောင်လွင်ပြင်ကြီးက
တနင်္ဂနွေတစိတ်တပိုင်းကိုတောင်
မခမ်းနားစေတော့ဘူးလား..........?
နွေယောင်ဆောင်ထားတဲ့
ဒီ.....အလွမ်းတွေ ဟစ်ခေါ်နေတဲ့
ခေါ်သံတွေကရင်နဲ့မဆန့်ဘူး......

သတိရတိုင်းထုတ်ကြည့်မိတဲ့
ငါ့..နှလုံးသားဝတ်ရုံလေးရေ
............လွမ်းတယ်.........


gasole

မကြီးရေ..ကျနော်လည်းလွမ်းသွားတယ်...

thitkaungeain said...

အလွမ်းမရှိရင်
လမ်းတောင်ဖြောင့်တန်းအောင်မလျှောက်တတ်တော့ဘူးဆိုခါမှ
အလွမ်းလက်နက်ကိုင်တွေနဲ့လာတွေ့
နေပါလား

WWKM said...

လွမ်းသွားတယ်.. ဘယ်သူ့ကိုပါလိမ့်..း)))

Anonymous said...

အဲဒီခြေသံလေး တခါတလေ တစ်ရေးနိုးများမကြားမိဘူးလား.. ဒါမှမဟုတ်.. အဆက်မပြတ်အချိန်တိုင်း အလင်းတွေဖြာနေတာပဲဖြစ်မှာပါ.. လွမ်းတတ်သူမို့ လွမ်းပေးသွားပါတယ်.. ချစ်သူကိုလွမ်းတဲ့ကလေးလေးကိုတော့ သိချင်မိတယ်

rose of sharon said...

ကူလွမ်းပေးထားတဲ့ကဗျာလေးကိုကူဖတ်သွားပါတယ်..

M2K said...

အရမ်းကောင်းပါတယ်...။ ။

emayarKhin said...

“အရာရာဟာ
သံသရာအထပ်ထပ်
ပြတ်သားစွာ..ဝေးကွာသွားခဲ့ပေမယ့်
အဲဒီခြေသံလေးကတော့
အရောင်တွေတောက်ပနေဆဲ။ ”

ကြိုက်လိုက်တာ...မရယ်....ကူလွမ်းပေးတာ
တကယ်ကြီးလွမ်းနေတဲ့အတိုင်းပဲ။။။

စည်သူ said...

အမှတ်တမဲ့မှ
အမှတ်တရဖြစ်သွားတာပေါ့..။

s said...

ဒီကဗျာလေးကို အရမ်းကြိုက်တာပဲး)