ဝါသနာ

Saturday, June 13, 2009

ဝါသနာ

ဝါသနာဆိုတာ အားလပ်တဲ့အချိန်မှာစိတ်အပမ်းဖြေဖို့လုပ်တဲ့အလုပ်တဲ့။ဒါက ပညာရှိတွေ အဓိပ္ပာယ်ဖွင့်ဆိုတာပါ။ကိုယ်ကတော့ အဲလိုမမြင်ပါဘူး။တစ်ခါတစ်လေ ဝါသနာပါလွန်းလို့ သာလုပ်လိုက်တာ အပမ်းပြေတယ်ရယ်လို့မရှိပါဘူး။ဒါကြောင့်ပါ။အသက်အရွယ်နဲ့အမျှ လည်းဝါသနာတွေက တိုးလာပါတယ်။

ငယ်ငယ်ကတော့ စာဖတ်တာဝါသနာပါတာမို့ စာကြည့်တိုက်နဲ့စာအုပ်အငှားဆိုင်နဲ့ နှစ်ပါး သွားခဲ့ဖူးတယ်။နောက်တစ်ခုကတော့ တစ်ချောင်းထိုးထိုးတာပါ။ခုနှစ် နှစ်သမီးလောက်က တည်းက ထိုးနေပါပြီ။ပိုက်ဆံအိတ်လုံးလုံးလေးတွေတစ်လုံးငါးကျပ်နဲ့ရောင်းတာကို တစ်နေ့ လေးလုံးလောက်ပြီးအောင်ထိုးနိုင်ခဲ့ပါတယ်။နောက်ပိုင်းကျ အကျီ င်္တွေထိုးတယ်။သူများ ဝတ်ဖို့ထိုးပေးတာများပြီး ကိုယ်တိုင်ကတော့ ဒီနေ့ထိ တစ်ထည်မှကိုယ့်တွက်မကျန်လို့ မ ဝတ်ခဲ့ရပါဘူး။နောက်ပိုင်းကျတော့ မထိုးဖြစ်တော့ပါဘူး။စွန့်လွှတ်လိုက်တာလည်း မဟုတ်ပဲ နဲ့ကို ဆက်မလုပ်ဖြစ်တာ။ခုတော့ ခပ်တည်တည်နဲ့သိုးမွေးတွေဝယ်ထားတယ်။ဘာထိုးဖြစ် မလဲတော့မသိဘူး..။း)

အဲဒီနောက်ပိုင်းမှာလုပ်ဖြစ်တာက ရေဒီယိုနားထောင်တာ၊ဒါပေမယ့်လည်း စာဖတ်ဖို့ကိုပဲ ပို စိတ်အားထက်သန်တာမို့ ရေဒီယိုနဲ့သီချင်းတွေက အရံအင်အားလောက်ပဲရှိခဲ့တယ်။သီချင်း တွေကို တော်တော်လေး လေ့လာခဲ့ နားထောင်ခဲ့ပေမယ့် စာအုပ်တွေလောက်တော့ အာရုံ မရှိခဲ့ဘူး။ကျွန်မ စိတ်ဝင်စားတဲ့ဂီတကလည်း oldies တွေများတယ်။အကြိုက်ဆုံးအဆိုရှင် ကိုက Elvis Presley ဆိုလို့အံ့သြကြပါတယ်။ဘာလို့လဲဆိုတော့ ကျွန်မ သူ့သီချင်းတွေကို စကြားပြီး သိတတ်တဲ့အချိန်မှာ လူ့လောကထဲမရှိတော့ပါဘူး။ကျွန်မ ပထမတန်းမှာသူဆုံး ပါတယ်။အခွေထားတဲ့စင်ပေါ်က သူ့ပုံနဲ့အခွေကိုလက်ညှိုးထိုးဖွင့်ခိုင်းခဲ့တာ အဲဒီအရွယ်က တည်းကပါပဲ။

Oldies တွေကိုကြိုက်နှစ်သက်လို့ ဒီဖက်ခေတ်သီချင်းတွေကိုမကြိုက်ဘူးလို့တော့လည်း မထင်လိုက်ပါနဲ့။Hip Hop ဆိုလည်း နားထောင်တယ်၊Eminem တို့ P.Diddy တို့အပြင် သီချင်းတွေလည်းနားထောင်တယ်။စိုင်းစိုင်းခမ်းလှိုင်နဲ့ စောညီညီတို့သီချင်းတွေကို လည်းသိတယ်။လေးဖြူနဲ့ ဇော်ဝင်းထွဋ်ကိုကြိုက်သလို ဟန်ထွန်းနဲ့မျိုးကျော့မြိုင်ကိုလည်း ကြိုက်တယ်။ တွေကိုသဘောကျတယ်။AkonCold PlayBilly Ray Cyrus ကိုကြိုက်ခဲ့သလိုသူ့ သမီး Miley Cyrus လည်းကြိုက်တာပဲ။(သမီးကျ လူပါကြိုက်တယ် :P ) Julio Iglesias ကိုကြိုက်သလို သူ့သား Enrique Iglesias လည်းကြိုက်တယ်။သီချင်းနားထောင်တာကို ဝါသနာပါပေမယ့် သီချင်းတော့လုံးဝမှ မဆိုတတ်ပါဘူး။ကျွန်မ အမေကဆို ကျွန်မကိုဘယ် လိုများမွေးထားမိလဲမသိဘူးလို့ထင်မှာပါ။သီချင်းတွေအကုန်သိတယ်။Lyric အကုန်ရတယ် တစ်ခါမှအသံတည့်အောင်မဆိုတတ်လို့ပါ။(ကြုံတုန်းကြွားထားတာ..)

နောက်တစ်ခုက ငယ်ငယ်တည်းက ဒါဏ်ပေးခံရလို့ မဆွဲလိုက်ရတဲ့ပန်းချီ..။ခုထိလည်း တွေ့ရင်တွေ့တဲ့နေရာမှာ ခဲတံနဲ့ကောက်ခြစ်နေတုန်းပါပဲ။ ကွန်ပျူတာထဲလည်း Illustrator နဲ့ဆွဲသလို Photoshop နဲ့လည်းပုံတွေလုပ်လိုက်သေးတယ်။ဒီဇိုင်းလုပ်ရတာဝါသနာပါတာမို့ ရုံးက ပြောမနိုင်ခေါ်မရ ဒီဇိုင်နာတွေမလာရင် ကိုယ့်ဘာသာကို ဒီဇိုင်းထိုင်ပစ်လိုက်တတ်ပါ တယ်။(ကိုယ်ကလုပ်ချင်တာလုပ်တာမို့ သူတို့လိုစနစ်တကျလူတွေကိုတော့မမီနိုင်ပါဘူး။)

ဒီလို Graphic Designs တွေအပြင် ဝါဝါ့လို ဖက်ရှင်ဒီဇိုင်းကလည်းဝါသနာပါတယ်။ကျွန်မ ဝါသနာပါပုံကကျတော့ သူတို့ရဲ့ ဒီဇိုင်းတွေကိုလေ့လာတာ။လူကိုတော့လာမကြည့်လိုက်ပါ နဲ့ ။ဝါဝါ့လို စိတ်ရှည်လက်ရှည် fashionable ဖြစ်အောင်ဝတ်စားလိမ့်မယ်လို့ထင်ရင်မှား သွားပါလိမ့်မယ်။ခပ်တည်တည်ပြောနေကျအတိုင်း ရုပ်အားကိုးနဲ့နေချင်သလို နေ ဝတ်ချင် သလိုဝတ်ပါတယ်။ကျောင်းတက်တုန်းကများဆို ရှပ်အကျီ င်္၊တီရှပ်နဲ့ မြန်မာအကျီ င်္ ဒါတွေကို ပဲဝတ်ပါတယ်။တခြားပုံလှလှဆန်းဆန်းတွေလာမရှာပါနဲ့။မရှိပါဘူး။တစ်ထည်နှစ်ထည်ရှိနေ ရင်အဲဒါ သူများပေးထားတာပါ။:P

Valentino ရဲ့ Paint the town in Red ဆိုတဲ့ Fashion Designs တွေ၊John Galliano ရဲ့ စိတ္တဇ ဆန်တဲ့ဒီဇိုင်းတွေ၊Pleat ဘုရင်ကြီး Issey Miyake ရဲ့ Pleat ဒီဇိုင်းတွေ၊ ရဲ့စိတ်ဝင်စားစရာဒီဇိုင်းတွေ၊Oscar De La RentaVera Wang ရဲ့ သတို့သမီးဝတ်စုံတွေ၊ နောက်… နှစ်ယောက်တွဲ ဒီဇိုင်နာတွေဖြစ်တဲ့Badgley Mischkaအတွဲက Mark Badgley နဲ့ James Mischka ..D&G(Dolce’ and Gabbana)အတွဲက Domeinico Dolce နဲ့ Stefano Gabbana တို့ရဲ့ထူးခြားတဲ့ဒီဇိုင်းတွေကိုစိတ်ဝင်စားပါတယ်။သူတို့ဘယ်လိုစိတ်ကူးတွေနဲ့ ဘယ်လိုဖန်တီးတယ်။ဘယ်သူက ဘယ်လိုအားသန်တယ်ဆိုတာလေးတွေကိုစိတ်ဝင်စားလို့ လေ့လာဖြစ်သလို ကိုယ်ဆိုရင်လည်းဘယ်လိုလေးလုပ်မိမလားမသိ ဆိုတာမျိုးတွေးမိတတ် တဲ့အတွက် ကျွန်မ ကိုယ်ကျွန်မတော့ ဒီဇိုင်းပညာကို ဝါသနာရှိတယ်လို့ထင်မိပါတယ်။ တကယ်တမ်းအောင်မြင်နေတဲ့အမျိုးသမီးတွေ Vera Wang..Stella McCartney( Paul McCartneyရဲ့သမီးပါ)..နဲ့ Donna Karen (DKNY)တို့ကိုလည်းစိတ်ဝင်စားပါတယ်။ Jean Paul Glaultier ,Narciso Rodriguez တို့ရဲ့ တစ်ဘာသာဖြစ်နေမှုကိုလည်း လေ့လာဖြစ်ပါ တယ်။

တကယ်စိုက်လိုက်မတ်တပ်လုပ်ဖြစ်တာကတော့ စာနဲ့ကဗျာပါပဲ။ဖတ်တယ်ရေးတယ်။ ခု Blog ရေးတယ်ဆိုတာလည်း စာရေးတာတစ်မျိုးပဲလို့ခံယူပြီးရေးတာပါ။အထူးသဖြင့် ခုလို အဝေးတစ်နေရာရောက်နေချိန်မှာပေါ့။ခုတော့ အင်တာနက်ထဲစာဖတ်ပြီးစာရေးတဲ့အကျင့် ကြီးတစ်ခုကစွဲနေခဲ့ပြီ။အီးဘွတ်ဆို ဖတ်စရာလို့မမြင်ခဲ့တဲ့သူ၊ကွန်ပျူတာပေါ်စာရေးရတာကို စာရေးတာလို့မမြင်ပဲ ဘောလ်ပင်နက်နက်နဲ့ စာရွက်ဖြူဖြူပေါ်ရေးချလိုက်ရမှ စာရေးတာလို့ ခံစားနိုင်တဲ့သူက ခုတော့လည်း ကွန်ပျူတာပေါ်က ဇော်ဂျီဖောင့်ဝိုင်းစက်စက်လေးတွေကို အောင့်ကာနမ်းတတ်နေပါပြီ။ တစ်ရွက်ချင်းလှန်ဖတ်ရတာမဟုတ်ပဲ၊တစ်ကလစ်ချင်းဖတ်ရ တဲ့ အီးဘွတ်ကိုလည်း မရှိသုံး သုံးတတ်လာနေပါပြီ။ဒါတွေကတော့ဝါသနာပါလို့ရယ်လို့ ဘယ်ဟုတ်မလဲနော်။

ငယ်ငယ်ကရေကူးတယ်။စိုက်လိုက်မတ်တပ်ကိုကူးတာ။သူများကိုပြန်သင်ပေးခဲ့တဲ့ထိကူးခဲ့ ပါတယ်။ခုတော့လည်း ရေထဲရောက်ရင်ကို အသက်မရှူနိုင်တော့ဘူး။(ဇရာ ထင်တယ်နော်) :P.. တကယ်သိပ်ထူးဆန်းတာပဲ။ရေကိုမကူးတတ်တော့သလိုဖြစ်သွားတယ်။မေ့သွားတာ မျိုးမဟုတ်ပဲ လူက မလိုက်နိုင်တော့တာ။ဒီတော့ အဲဒီဝါသနာကလည်းကုန်ဆုံးသွားလေ သတည်းပေါ့..။

နောက် ရုပ်ရှင်ကြည့်တာ..ဒါကိုတော့ စာမဖတ်နိုင်တဲ့စာအုပ်တစ်ချို့ရိုက်ထားတာဆို ရင်သေချာပေါက်ကြည့်ဖြစ်ပါတယ်။နောက် စိတ်ဝင်စားတဲ့ကားမျိုးတွေ၊ဇာတ်လမ်းတွဲတွေ အထူးသဖြင့် Lost လိုဇာတ်လမ်းတွဲမျိုးတွေကြည့်ရတာဝါသနာပါပါတယ်။Mystery ကိုစိတ် ဝင်စားသလို ကိုလည်းစိတ်ဝင်စားပါတယ်။ဒါကြောင့် OccultismsMythology စာအုပ်တွေ ကိုစုတယ်။ဖတ်တယ်။အထူးသဖြင့် Egyptian Mythology နဲ့ Greek Mythology ..တခြား လက်လှမ်းမမီတာတွေလည်းရှိပါသေးတယ်။

နောက်တစ်ခု....ုဝါသနာပါတာက……Tarot Card..တွေကို… စုဆောင်းတာပါ။ Tarot လည်းဟောပါတယ်။(ဒါကတော့ ကြုံလို့ ကြော်ငြာတာ..:P) စိတ်ဝင်စားစရာသရုပ်ဖော် ပုံ တွေနဲ့ Tarot ကဒ်အသစ်တွေဆိုဝယ်သိမ်းပါတယ်။နောက် Tarot နဲ့ပတ်သက်တဲ့စာအုပ် တွေ..ဒါတွေကိုတော့ ဈေးသိပ်မကြီးရင်ဝယ်ပါတယ်။အဲလိုပြောရခြင်းအကြောင်းအရင်းက တချို့စာအုပ်တွေက ဈေးသိပ်ကြီးလို့ပါ။:P

ဝါသနာတွေထဲမှာ ပိုက်ဆံမကုန်တဲ့ဝါသနာဆိုတာကလည်းရှားသား။စာဖတ်တာဝါသနာပါ တော့လည်းအနည်းဆုံးတော့ ငှားဖတ်ရသေးတာပဲ။နောက်တကယ့်ကတယ်ကျတော့ ဒီလူ တွေက ကိုယ်ပိုင်ဝယ်မသိမ်းရပဲနဲ့ကိုအဆင်ပြေကြတဲ့သူတွေမို့စာအုပ်ဆို မစားမသောက်ပဲ ဝယ်လိုက်ကြတာများပါတယ်။စာအုပ်တင်လားဆိုတော့ မဟုတ်ပါဘူး။ရုပ်ရှင်ကြည့်ဖို့ခရေဇီ ဖြစ်သူကလည်းအခွေစုဆောင်းတတ်ပြန်ပါတယ်။ကျွန်မလို သိပ်ခရေဇီမဖြစ်သူတောင်စု ထားတဲ့အခွေတွေရှိနေတယ်။နောက် သီချင်းဆိုလည်းဒီတိုင်းပါပဲ။ခုနောက်ပိုင်းမှ အင်တာ နက်ကနေ ဒေါင်းလို့ရတာကိုး။အရင်ကတော့ အင်္ဂလိပ်အခွေတစ်ခွေလိုချင်ရင်မှာကိုမှာယူ ရ တဲ့ထိပါပဲ။တော်သေးတာက ကိုယ့်ဝါသနာတွေက သိပ်ပြီးပိုက်ဆံအကုန်အကျများတဲ့ထဲ မပါတာပါပဲ။ဒါတောင် ငယ်ငယ်က စန္ဒရားတီးချင်တာ မတီးခဲ့ရဘူး၊ကရာတေးကစားချင်တာ မကစားခဲ့ရဘူး။အဲဒါတွေကနောက်က နေ ငွေကြေးလူလိုက်ပံ့ပိုးရမှာမို့လေ။


ခုခေတ်ကလေးတွေနဲ့ ကျွန်မတို့နဲ့ပြန်ယှဉ်လိုက်တော့ သူတို့တော်တော်ကံကောင်းကြပါ တယ်။သူတို့မှာရွေးချယ်စရာတွေသိပ်များသလို ရွေးချယ်ခွင့်လည်းရကြတယ်။ရွေးချယ်နိုင် အောင်လည်း ကျွန်မတို့က အခွင့်ပေးကြတယ်။ဘာလို့လဲဆိုတော့ ကျွန်မတို့ဟာငယ်ငယ် တည်းက ရွေးချယ်ခွင့်တွေနဲ့ကင်းဝေးနေခဲ့ပြီး အရွေးချယ်ခံဘဝတွေနဲ့ပဲနေခဲ့ရတာမို့ပါ။သူ တို့ သာတကယ်အသုံးချတတ်မယ်ဆိုရင် သူတို့အတွက် ကောင်းတဲ့လမ်းတွေအများကြီးက သူတို့ရှေ့မှာဆီးကြိုနေပါတယ်။

လူတိုင်းဝါသနာပါရာကိုလုပ်ဆောင်ပျော်ရွှင်နိုင်သူတွေဖြစ်ပါစေ။
ထပ်တက်ဂ်ဖို့မေ့နေတာ။ပြီးခဲ့တဲ့မိတ်ဆွေကောင်းတုန်းကလည်းမတက်ဂ်လိုက်ရဘူး။
ကဲ..လာလေ့..။(ခေါင်းစဉ်က နည်းနည်းစာစီစာကုံးဆန်နေတာကလွဲလို့ ရေးလို့တော့ လွယ် ပါလိမ့်မယ်)
၁။နန်းညီ
၂။မကြေးမုံ
၃။မိုးခါး(သူတက်ဂ် ကိုယ်တက်ဂ်လို့မမှတ်နဲ့နော်..)
၎။မယ်ကိုး
၅။ခရောင်း
၆။လင်းဒီပ
၇။Craton
၈။ကိုရင်နော်ခင်လေးငယ်
၉။မသိဂီ
၁၀။မသီတာ

တချို့လည်းသူများတက်ဂ်ထားလို့ ရေးပြီးသားဆိုရင် ရှိပါစေတော့..လို့။

ကဲ..ချစ်သောဝါဝါ ကျေနပ်မယ်ထင်ပါတယ်။
ချစ်ခင်စွာ
မနော်ဟရီ


23 Comments:

Htoo Aung Lwin said...

http://www.khayaunglam.co.cc/2009/03/blog-post_24.html
အမရေ ခရောင်းလေး ဒီပိုစ့်ကို ရေးထားဖူးတယ်အမ၊ သိပ်မကြိုက်ဘူးဆိုရင်တော့ ထပ်ရေးပေးမယ်နော်။ ခင်မင်လျက် ခရောင်း။

ATN said...

မနော် ကျနော့်အတွက် tarot ဆွဲပေးပါ...
ခုရက်ထဲ ကံမကောင်းဘူး ဖြစ်နေလို့...
အင်္ဂါသား... ရှစ်ဂဏန်း...
အနီရောင်ဂြိုဟ်သားက ခေတ္တ ကန်းနေလို့ ဖြစ်မယ်....
တကယ်ပြောတာ...

အိုင်လွယ်ပန် said...

အစ်မရဲ့ ဝါသနာတွေ သိသွားပြီ :)
ကောင်းသောနေ့ပါအစ်မရေ ....

Unknown said...

Tarot လည်းဟောတတ်တဲ့မနော်ရေ...
ဟောပေးပါဦး စနေအင်္ဂါသာ ...
ကံမကောင်းခြင်းဟူသမျှကို သိမ်းကျုံးပြီ မူပိုင်ရထားသူပါ


အစဉ်အားပေးလျှက်
(နဒင်း)

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ..

အမိုက်စား ဝါသနာလေးများ... (ခင်လေးငယ်)

အမေးအဖြေ ဝါသနာတွေ... (ကိုရင်နော်)

အဲ့လို ရေးခဲ့သေးတယ် အဲ့ဒီတော့ ရေးပြီးသွားပြီပေါ့နော်း)

ရဘူး.. ရဘူး.. ထပ်ရေးရမယ် ဆိုရင်တော့.. အင်း.. တစ်မျိုး ထပ်ရေးရမှာ..း)

မနော်ရဲ့ ဝါသနာတွေကို ဖတ်သွားတယ်.. စုံလို့နော်..း)

Elvis ကိုတော့ ကျနော်လည်း ကြိုက် ဒီသီချင်းလေး ဆိုရင် ရေချိုးရင်း ဆိုတုန်း... ဟဲဟဲ :D

Julian said...

ဒီတစ်ခေါက်ပို့စ်ကမြန်လိုက်တာ
မနေ့ညက ၂ နာရီ ( ငါတို့အချိန်) ထိမတက်သေးပါဘူး ။ ဒီနေ့မနက်အလုပ်ဂျင်ဂျင်လည်အောင်ရှုပ်ပြီး တင်အုန်းမယ်မထင်သေးပါဘူးလေဆိုပြီးဖွင့်လိုက်တော့အသစ်တက်နေပြီ။

ဝါသနာတွေဝါသနာတွေ ငါတော့အခု ဘာမှကိုဝါသနာမပါတော့ဘူး ။ ကွက်လပ်ဖြည်ပါ စာရွက်တွေမှာ ၀ါသနာနေရာမှာ ကြုံရာကျဘန်းဖြည့်တယ် တစ်ခါတစ်လေဖြည့်ဘူး ။ ဘာဖြစ်ချင်မှန်းလဲမသိတော့သလို ဘာအတွက်ဘာတွေလုပ်နေလဲလဲမသိဘူး ။ အရူးများလိုဦးတည်ရာမဲ့ ၀ါသနာမဲ့နေသလား ။ လောလောလတ်လတ်ဆိုရင်တော့ အင်တာနက်ကိုမွှေတယ် စာတွေလိုက်ဖတ်တယ် ဘလော့တွေဖတ်တယ် နည်းပညာတွေကိုယ်လိုအပ်တယ်ထင်ရင်ဖတ်တယ်

တော်တော်ကံကောင်းတဲ့ငါ့သူငယ်ချင်း ၀ါသနာတွေကိုဆက်လက်သယ်ဆောင်နိုင်ပါစေ ။

ဂျူ

WWKM said...

အဟမ်းးဟမ်းးး
တက်ဂ်တဲ့သူပါ ဘာမဆိုင်ညာမဆိုင် ပို့စ်ထဲဆွဲထည့်ပြီး
ပို့သွားပြန်တယ်ပေါ့.. ဟတ်ဟတ်.
ဒါနဲ့ မီးလည်းငယ်ငယ်က အဲဗစ်ပရက်စလေကြိုက်ခဲ့
တယ်.. သီချင်းတော့ရဘူးရယ်.

ကျေးဇူး ညီမလေး..
အခုတလောနေကောင်းနေတယ်ထင်ပါတယ်..
ပို့စ်တွေဆက်ရေးနိုင်နေလို့ ၀မ်းသာပါတယ် မေခရေ.
အာဘွားးးးး ကျေးဇူး ညီမလေး.း))

ချစ်တဲ့
ဝါ

Ree Noe Mann said...

ဖတ်လို့ကောင်းတယ်ဗျာ

မောင်လေးရီနို

Sein Lyan Tun said...

သီချင်းနားထောင်တာနဲ့
အဆိုတော်တော်တော်များများက သားနဲ့ အကြိုက်တူတယ်... အကုန်လုံးတော့မဟုတ်..
တဲရော့ကတ်လေးစုတာတူတယ်..
ခေါင်းအုံးအောက်ထဲ့ အိပ်ရတာလဲ ရောဂါတစ်ခုပဲ..
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
တစ်မရဘူး... အဟီးး
မကြီးဝါက ဘိတ်ချီးတဲ့...

မယ့်ကိုး said...

မ စာကို စိတ်ဝင်တစားဖတ်လာတာ

ပုံဆွဲတာ ဝါသနာပါ ဒီဇိုင်းတွေကို ဝါသနာပါတာချင်းတူလို့  ...မ tarot ဟောတတ်တယ် ဆိုလို့ လဲ သဘောတကျပြုံးလာတာ။
tag ကျမှာပဲ မျက်လုံးပြူးသွားတော့တယ် မရယ်။ :P

အလုပ်နဲ့ ကျောင်းက အလုပ်တွေ သေလုမတတ်များနေလည်း မ စကားကို မြေဝယ်မကျနားထောင်မယ်နော်

ဒါပေမယ့် အချိန်လေးတော့ နည်းနည်းဈေးဆစ်ချင်လို့ ရမလားဟင် မ...:)

ချစ်တဲ့

မယ်ကိုး

မီယာ said...

မနော်ရေ ၀ါသနာတွေ ဖတ်ပြီး အစွမ်းအစတွေ သိသွားပြီ။ ရေကူးသင်ပေးပါလား။

မိုးခါး said...

ညီမ၀ါသနာတွေသိချင်ရင်ပြောပြမှာပေါ့ .. :D
တားရော့ကဒ်တွေ အရမ်းစိတ်ဝင်စားတာ .. ဟောပေးပါလား .. :P
ညီမရန်ကုန်မှာတုန်းကဆိုလည်း ဗေဒင်ဆို စာအုပ်တွေဝယ် ဖဲချပ်တွေဝယ် ထိုင်လုပ်နေတာ .. အဲလိုဝါသနာပါတယ် .. ခုတော့လည်း စိတ်ဝင်စားတုန်း .. လုပ်တော့မလုပ်ဖြစ်သေးဘူး .. :D
မမနော်နော် ၀ါသနာပါတာလေးတွေနဲ့ ပျော်မွေ့နိုင်ပါစေ ..

ချစ်ခင်စွာဖြင့်

မသက်ဇင် said...

မနော်ရေ
ဝါသနာတွေလာဖတ်သွားတယ်နော်
အလုပ်များနေလို့မရောက်တာကြာပြီ
ချစ်ခင်လျက်

Eaindra said...

tarot ဟောပေး...
tarot ဟောပေး..tarot ဟောပေး...

မမရေ....
တကယ်က အနုပညာဆိုရင် ၀ါသနာကိုပါဖို့အသင့်ဖြစ်နေတာ...

မမ ၀ါသနာတွေကြားထဲမှာ..
စိတ်တွေသက်တောင့်သက်သာ နားနေနိုင်ပါစေ..လို့

ချစ်တဲ့

မေလေး said...

မမရေ
မေလေးလဲ Tarot မေးတာ ပါသနာ ပါတယ်
ဟောပေးပါလားဟင်...
အခုထိလဲ လက်ညှိးထိုး ဗေဒင် စာအုပ်လေးနဲ့ မေးတုန်းဘဲရယ်...
မမပျော်ရွှင်ပါစေနော်
ခင်တဲ့
မေလေး

Anonymous said...

Phyo Evergreen တက်ဂ်ဖူးတယ်.. ၃လလား၊ ၄လလားတောင်ရှိသွားပြီ ခုထိမရေးဖြစ်ဘူး.. ရေးလက်စတန်းလန်းကြီးနဲ့ မဆက်ဖြစ်တာခုထိပဲ။ သူ့ကိုတောင်းပန်ထားပေမယ့် သူများတွေမေးရင် မသိချင်ယောင်ဆောင်ခဲ့တာ.. ခုတော့ဒီခေါင်းစဉ်နဲ့ ထပ်တက်ဂ်ပြန်တယ်ဆိုတော့ မရေးမဖြစ်ရေးရဦးမယ်ပေါ့..

Elvis က သားတို့ခေတ်မှာ သိပ်ခေတ်မစားတော့ လူကြီးတွေပြောလို့သာ ကြားဖူး၊ နားထောင်ဖြစ်တာ။ သိပ်မကြိုက်ဘူး။ ခုက Leona တို့၊ Rihanna တို့၊ Justin တို့ခေတ်လေ.. :P

သီချင်းနားထောင်တာ၊ စာဖတ်တာ၊ ရေကူးတာ။ ရုပ်ရှင်စိတ်ဝင်စားတာတွေ ၀ါသနာတူတယ်..ကျန်တာတော့ ပို့စ်ကျမှအကျယ်ရေးတော့မယ်..

ဒါနဲ့ စွန့်လွှတ်တာမဟုတ်ပေမဲ့ မလုပ်ဖြစ်တော့တယ်ဆိုတဲ့ တစ်ချောင်းထိုးလေးပြန်ထိုးကြည့်ပါလား.. သားလိုချင်လို့လေ..း) တစ်နေ့တွေ့တဲ့အခါဖြစ်ဖြစ်၊ (မတွေ့ဖြစ်လည်း စာတိုက်တွေရှိပါ့) အန်တီ့လက်ဆောင်ဆိုပြီး သိမ်းထားချင်လို့.. နောက်ပြီး အဲ့လိုတစ်ခါမှလက်ဆောင်မရဖူးသလို.. တစ်ချောင်းထိုးဖြစ်ဖြစ်၊ ဇာပန်းထိုးဖြစ်ဖြစ်၊ နှစ်ချောင်းထိုးဖြစ်ဖြစ်.. အဲ့လိုတကူးတကhand-made လေးတွေဆို သိပ်တန်ဖိုးထားတတ်တယ်.. ဒါကြောင့်ပူဆာသွားပြီနော်..း) ဟိ

Sonata Cantata said...

မနော် လူဇိုး
"နံပါတ်မှာ တဆယ် မတီသာ" တဲ့
မျက်လုံးကြီး ပြူးသွားတာ စကားတောင်မပီချင်တော့ဘူး
ဟီး...ငိုချင်တာပဲ
ဝါသနာက တခါကရေးပြီးပြီရှင့်
(သီချင်းဆိုပြီး ပြန်ပြီ)
ဒါလေးတခုတော့.. ခွင့်လွှတ်စေချင်တယ်.. မနော်ရယ်...

ဆောင်းယွန်းလ said...

မနော်ရဲဝါသနာတွေကိုလာဖတ်သွားပါတယ်ဗျို့
သီချင်းတပုဒ်လောက်ဆိုပြပါလား....နားထောင်ကောင်းမယ်ထင်ပါတယ်

mirror said...

အစ်မနော်ရေ....
တပြုံးပြုံးနဲ့ ဖတ်လာလိုက်တာ..
အောက်ဆုံးရောက်မှပဲ ပိုပြုံးရတော့မလိုပဲ အစ်မရဲ့..။ရေးတော့ရေးပြီးသား။
ဒါမယ့် ထပ်ရေးပါဦးမယ်..။စာမရေးနိုင်တာ၊မရေးဖြစ်တာလဲ
အတော့်ကိုကြာခဲ့ပြီဆိုတော့၊ပြီးတော့ကျ
အစ်မရေးထားတာလေးကိုကြည့်ပြီးရေးချင်လာလို့လေ..။

ညီမလဲ မနော်လိုပါပဲ ..။oldiesလဲကြိုက်၊ခေတ်ပေါ်တွေလဲကြိုက်ဆိုတော့
တွေးမိသွားတာက လက်ခံနိုင်တဲ့နှလုံးသားကြောင့်ထင်ပါတယ်.။
ပြီးတော့ကျ ဖန်တီးသူရဲ့ အနုပညာကိုလက်ခံနိုင်၊သဘောကျလို့လဲ ပါတာပေါ့..။း။

သက်ပိုင်သူ said...

မမနော် ၀ါသနာလေးတွေတော်တော်များများက
ကျွန်တော်နဲ့ တော်တော်တူသာားး)
ဒီဇိုင်းဆို အ၇မ်းစိတ်ဝင်စားတယ်..
ရုပ်ရှင်လည်း ကြိုက်တယ်
Elvi Presely သေတဲ့နှစ်မှာ မမနော်က တစ်နှစ်ဆိုတော့..
အင်း.. သိသွားပီး)

Moe Myint Tane said...

အမကလည်း တဲရော့ကို စိတ်ဝင်စားတယ်လား။ ကျွန်တော်လည်း တဲရော့ကို စိတ်ဝင်စားတယ်။ အမလိုတော့ မဟောတတ်သေးဘူး။ ကြုံရင်တော့ ကျွန်တော့်ကိုလည်း တစ်ခါလောက်ဟောပေးပါဦးလား အမ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လင်းဒီပ said...

သီချင်းတွေ ကဗျာတွေ စာတွေနဲ့ ရှင်သန်ရတာ နေပျော်တဲ့ ဘဝလို့ ခံစားမိတယ်အစ်မ...။

ဒီပိုစ့်လေးက ရေးပြီးသားဖြစ်နေလို့ ထပ်မရေးတော့ဘူးနော် အစ်မ...။

tg.nwai said...

မနော်ရဲ့ ၀ါသနာတွေကို တ၀ကြီးဖတ်သွားပါရဲ့...ဖတ်ရင်း တပြုံးပြုံးဖြစ်နေရာကနေ..ကိုယ့်နံမယ်လဲ မြင်ရော..ပြုံးနေရာကနေ ဟာကနဲ..ဖြစ်သွားရတယ်..အဲ..အနှစ်နှစ်ဆယ် တက်ဂ်တောင် အကြွေးကျန်နေသေးတာ..၀ါသနာကတော့ ရေးပြီးပြီ မနော်ရဲ့။ အဲဒါတောင် မနဲညှစ်ထုတ်ပြီးရေးထားရတာ..
အဟဲ..ရှိတာအကုန်နီးပါးပါပဲ..ကျန်သေးရင်လည်း ထုတ်ပြလို့ မဖြစ်တဲ့ ၀ါသနာတွေ ဖြစ်နေတော့မှာ..:)

မနော် သတိတရတက်ဂ်တာ ကျေးဇူးတင်ပါတယ်...ရေးချင်တာပေါ့..ရေးစရာကိုယ့်ဝါသနာကလည်း ရှားပါးတဲ့ အဖြစ်ကိုး..စိတ်မဆိုးနဲ့နော်..:)