ထို့ကြောင့် မနော်ဟရီ ဟုခေါ်သည်။

Saturday, May 23, 2009

မနေ့က ဖိုးစိန်က စီဘောက်စထဲကနေလာမေးတယ်။ မကြီးနေကောင်းလားတဲ့ ။ကောင်း ပါတယ်..သက်သာပါတယ်ပေါ့..နောက်..အလုပ်သိပ်များနေမယ်ထင်လို့တဲ့ မဟုတ်ရင် tag ချင်တယ်ဆိုတော့ လူကြီးပီပီလူလည်ကျပြီး အကြောင်းအရာကမေးလိုက်သေးတယ်။ အ ကြောင်းအရာသိမှ အင်း အားပါတယ်ရေးပါ့မယ်ပေါ့..။ အဲဒီမတိုင်ခင်တည်းက ဝါဝါက ထူး ထူးဆန်းဆန်း စီဘောက်စထဲကနေ သူပို့စ်အသစ်တင်မယ်ဆိုတာလာကြေညာထားတာ..။ တစ်သက်လုံးဒီလိုပဲတင်နေကျကို ခုကျကာမှ မကြာခင်တင်မယ်တွေဘာတွေလာလုပ်တယ် ဆိုကတည်းက နည်းနည်းရိပ်မိဖို့ကောင်းတာကို နည်းနည်းလေးမှမရိပ်မိပဲ ဖိုးစိန်နဲ့အတူ စောင့်တောင်စောင့်လိုက်သေးတယ်။ တင်ပြီးလို့ သွားဖတ်တော့မှ လားလား ..တော်တော် ကိုဆိုးတာပဲ..နိုင်ဂံဂျားပြန် တဲ့..အတောင်သာပေါက်ပြီးပျံလိုက်ချင်တော့တာပဲ..ဆက်ဖတ် ကြည့်တော့လည်း အသုံးစားရိတ်တွေ စုငွေဆောင်းငွေတွေနဲ့ ဘုရားသခင်ရော မြတ်စွာဘု ရားရော စုံစုံလင်လင်လေးတောင် တ လိုက်မိပါသေးတယ်။အဲလောက်ခက်ခဲမှတော့အချိန် ယူရေးရမှာမို့ နောက်မှပဲရေးတော့မယ်လို့ ပြောရင်းဖိုးစိန်ကို အရင် tag တာမို့အရင်ရေး ပေးလိုက်ပါတယ်။
ဘာလို့ မနော်ဟရီ လို့ခေါ်တာလဲ တဲ့။
ဒါကတော့ အင်တာဗျူးများစွာမှာလည်း မေးတဲ့သူတွေက ဘယ်သူမှမမေးရသေးသလိုထပ် ခါတလဲလဲ မေးခဲ့တာမို့ ကိုယ်ကလည်းခပ်တည်တည်နဲ့ ထပ်ခါတလဲလဲ ဖြေပေးခဲ့ရဖူးပါ တယ်။ခုလည်းထပ်ဖြေလိုက်ပါဦးမယ်။
မနော်ဟရီ ဆိုတဲ့ကလောင်နာမည်လေးကို ရတာ ကျွန်မ ပထမနှစ်ကပါ။ပထမပိုင်း စာတွေ ရေးနေစဉ်မှာတော့ ကလောင်နာမည်က ဇဝေဇဝါပေါ့..။ရေးပဲရေးတာ ဘာကလောင်နဲ့မှန်း လည်းမသိဘူး။ပို့ဖို့လည်းစိတ်မကူးခဲ့ဘူး။စာသင်ကောင်းတဲ့ ဆရာတစ်ယောက်ရဲ့ ရှင်းလင်း ချက်ကနေ ဒီနာမည်လေးကိုရခဲ့ပါတယ်။
ပထမနှစ်မှာ ကျွန်မတို့ကို မြန်မာစာသင်တာက ဆရာဦးအောင်ကျော်မြင့် (လို့ထင်ပါတယ်။ ဦးအောင်ကျော်မင်းလည်းဖြစ်နိုင်ပါတယ် သိပ်မသေချာတော့ပါဘူး အသက်ကရလာပြီကိုး.. :P )ပါ။ သူမြန်မာစာသင်ပုံကို ကျွန်မက သဘောကျပါတယ်။ကဗျာတွေကို တစ်ပုဒ်ချင်းသေ ချာရှင်းတယ်။စကားပြေတွေ မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ်ရေးခဲ့ ..တစ်ပတ်အချိန် ပေးတယ်..သူ့ဆီစာအုပ်တင်ပေါ့။(ကျောင်းတွေပိတ်လိုက်ပြီးပြန်ဖွင့်တော့တခြားဆရာမတစ် ယောက်နဲ့သင်ရတဲ့ခါ ဆရာမက မှတ်စုပေးပြိးကျက်ခိုင်းတာမျိုးဖြစ်သွားပါတယ်။ကျွန်မက သဘောမကျပေမယ့် တော်တော်များများကတော့ သဘောကျကြပါတယ်။ဒါက စကားချပ် ပါ..)
အဲဒီမှာ စာအုပ်တွေပြန်ပေးတဲ့အခါ သူက တစ်ယောက်ချင်းနာမည်ခေါ်..လူကိုသေချာတွေ့ မှစာအုပ်ပြန်ပေးပါတယ်။နောက်ဆုံး စားပွဲပေါ်မှာ တစ်အုပ်တည်း ကျန်ခဲ့တာ ကျွန်မစာအုပ် ပါ။စိတ်ထဲကတော့ တထိတ်ထိတ်ပေါ့..။ဘာများဖြစ်သလဲပေါ့..။နောက်တော့မှ သူက အဲဒီ စာအုပ်ကိုကိုင်ပြီး သူများတွေကိုစာအုပ်ခေါ်ပေးသလို ခုံနံပါတ်မခေါ်ပဲ ..
“ ဒါကတော့ ဘယ်သူ့စာအုပ်လည်းမသိဘူး ရေးထားတာကတော့တော်တော်ကောင်းပါ တယ် ဒါပေမယ့် သေချာတာက သူရေးတာမဖြစ်နိုင်တာပါပဲ..သိပ်ကောင်းနေတော့ တစ်စုံ တစ်ယောက်ရေးပေးတာပဲဖြစ်ရမယ်..”…တဲ့။
ဒီလောက်စိတ်ဆတ်တဲ့သူ ဒေါသက ဘယ်နေတော့မလဲ။ထိုင်ရာက ဆတ်ကနဲထပစ်လိုက် တယ်။ဒီတော့မှ ဆရာလည်း မင်းစာအုပ်လားဆိုပြီး အမ်းတမ်းတမ်းဖြစ်သွားတယ်။ ကျွန်မ စိတ်တိုသွားတာ ဆရာမို့ဘာမှပြန်မပြောတာကိုလည်းသိသွားပုံပဲ။ ချက်ချင်းပြန်ပြောပါရှာ ပါတယ်။
“ တကယ် မင်းရေးတာဆိုရင်တော့ ဂုဏ်ယူပါတယ်..”..တဲ့။နောက် အထဲမှာကျွန်မထည့် ရေးထားတဲ့ “ ပေလေးပင် ရှင်လေးပါး ” ဆိုတာရယ် “ တောင်းကိုမဖောက်တောင်ကို ဖောက်သည် စိန်ကျောက်အသွင် သီလဝံ..”..ဆိုတာရယ်.. “ တောင်ကိုမဖောက်တောင်း ကိုဖောက်သည် စူးဆောက်အသွင်ရဌပင် ”..ဆိုတဲ့ ရှင်မဟာသီလဝံသနဲ့ ရှင်မဟာရဌသာရ တို့ကို စာချိုးထားတဲ့ စာချိုးလေးကို ထည့်ရေးမိတဲ့အမှုပါ။ဒါကို ဘယ်သူကပြောပြတာလဲ တဲ့…ဖြစ်ရပုံကဒါကိုကျွန်မကမသိရတော့ဘူးတဲ့လား။ဘာမှလည်းဟုတ်တာမဟုတ်။တော် တော်များများလည်းသိနေတာပဲ………………………………။သူ့ဘဝမှာမြန်မာစာကို အဲလိုရေး ခဲ့ဖူးတဲ့ကျောင်းသားတွေ့ဖူးပုံမပေါ်ပါဘူး။နောက်တော့ ကျွန်မ တကယ်ရေးမှန်းသိသွားချိန် ကျတော့ သူနဲ့ကျွန်မ အဆင်ပြေသွားပါတယ်။ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူးပါလား လို့ မေးတဲ့ ဆရာ့ကို ဂုဏ်ထူးထွက်အောင်လုပ်နိုင်တာဟာ မြန်မာစာထူးချွန်တာလား လို့ ကပ် သီးကပ်သပ်ပြန်မေးခဲ့တဲ့ သူ့တပည့်ကိုလည်းခုလောက်ရှိ သူမေ့လောက်ပါပြီ..။
အဲဒီမှာ သူသင်ခဲ့တဲကဗျာလေးတစ်ပုဒ်ထဲမှာ
မနော်ဟရ ၊လူ့ဘုံကျသို့၊မြင်ကတိမ်းညွတ်၊ဆွတ်ဆွတ်ကျင်ဖွယ်၊ဆင်းနိကာယ်ဖြင့်၊တင့် တယ်ရုပ်သွင်၊ အထွတ်တင်သည်၊ ဖြစ်ကျင့်ကစား…ထွေပြာစွန်းငြိ ၊ပညာရှိတို့ ၊ဘေးတိပြစ် တင် ၊ရောက်မည်ထင်မူ ၊…………..
ဆိုတဲ့အပိုဒ်လေးပါတယ်။မနော်ဟရီဆိုတာ ငွေတောင်ပြည်က လို့ပဲသိထားတဲ့သူ့တပည့် တွေကိုဆရာက သေချာရှင်းပြပါတယ်။
မနော်ဟရီဆိုတာလူတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်တဲ့နတ်သမီးတဲ့။အဲဒီမှာပဲချက်ချင်းအတွေးရသွားတာ။လူတွေကို ကျွန်မက အနု ပညာနဲ့ ဆွဲဆောင်ချင်သူလေ။ အဲဒီတစ်ခဏမှာပဲ ရလိုက်တဲ့ ကလောင်နာမည်ပါ။ခုတော့ လူတွေကို ဒီနာမည်ကိုအရင်းပြုပြီး စိတ်ကိုအနုပ ပညာနဲ့ ဆွဲဆောင်နိုင် မဆွဲဆောင်နိုင်တော့မသိပါဘူး..။သေချာတာကတော့ ပြဿနာ တော့တော်တော်များပါတယ်။ :P .
ခုတော့ တော်တော်များများက
မ နော်
မနော် (အသံမတူပါဘူးနော် အပေါ်အသံက လူတစ်ယောက်ကို မတပ်ခေါ်တာနဲ့တူတယ် အောက်က အသံကတော့ မနော်ဟရီကို ရှေ့နှစ်လုံးပဲခေါ်တာနဲ့တူတယ်..)
ခေါ်ကြပါတယ်။
ငယ်သူငယ်ချင်းတွေကတော့ မေခ တဲ့။
မေလိခ ဆိုတဲ့ညီမတစ်ယောက်ရှိပါတယ်။
နောက် ..လူတစ်ယောက်ကတော့ အမှားအယွင်းကင်းအောင် တဲ့
မိုး လို့ခေါ်ပါတယ် ..း) (ဘယ်သူလဲမမေးကြေးနော်..)
သားကလေးနဲ့ ကျွန်မ ဝမ်းမနာသားသမီးတွေကတော့
အမေ
မေမေ
မာမီ
မာမား
Mom ..စသဖြင့်ခေါ်ပါတယ်။
ချစ်သော သူငယ်ချင်းတချို့က မေလေး လို့ခေါ်ပါတယ် ။(ဇင်ဇင်ဇော်မြင့်နဲ့မှားမှာစိုးရတယ်)
ကျောင်းဝင်စာရင်းမှာပေးထားတဲ့နာမည်ကိုခေါ်တဲ့သူကတော့ ခုချိန်မှာတော်တော်ရှားသွား ပါပြီ..။
ဟို…ပြောမနိုင်ဆိုမရတစ်ယောက်ကတော့ ခပ်တည်တည်နဲ့
မခင်မေ..လို့လာလာခေါ်တတ်ပါတယ်။
(ငရဲလည်းမကြောက်..)
ကျွန်မ အစ်ကိုတွေ အစ်မတွေ ခေါ်တဲ့ထူးထူးခြားခြားနာမည် တစ်မျိုးရှိပါသေးတယ်။
ကျွန်မ …တဲ့
ငယ်ငယ်တည်းက ကျွန်မ လို့ပြောရမယ်လို့ ဘကြီးတစ်ယောက်ကသင်လိုက်လို့ ကျွန်မ လို့ လူတိုင်းနဲ့ပြောတတ်တာ အကျင့်ပါသွားလို့ပါ။သူ့ကျတော့လည်း အကြီးတွေကသူတို့နာမည် တွေသူတို့အဖျားဆွတ်ပြီး မီးက မို့က စိုးက နဲ့ပြောတာတွေကို သူနားကြားပြင်းကပ်သွားပုံရ ပါတယ်။ကျွန်မလည်းမွေးလာရော သူ သေချာသင်တော့တာပါပဲ။ရလာဘ်ကတော့ တစ်ချို့ အစ်ကိုတွေက ဒီနေ့ထိ ကျွန်မ လို့ခေါ်တုန်း။
ခု ကလေးတွေတော်တော်များများက
အမ
မမ
မကြီး
…စသဖြင့်ခေါ်ကြတယ်။
ချွင်းချက်အနေနဲ့ မောင် craton ကတော့ အန်တီနော် တဲ့။
ကျားကျား တစ်ယောက်သာ ခပ်တည်တည်နဲ့ မနော် လာလာခေါ်နေတာမို့ အန်တီနော်လို့ ပြောင်းကိုခေါ်ခိုင်းလိုက်ရပါတယ်။
နောက်ထပ် ကျွန်မ မောင်နှစ်ယောက်ကခေါ်တာကတော့
အစ်မတော် တဲ့။
နောက် ချစ်မကြီး လို့ ခေါ်တတ်တဲ့သူတချို့လည်းရှိတယ်။သေချာတယ် ဒါဆို တစ်ခုခုခိုင်း တော့မယ် သို့မဟုတ် တလွဲတစ်ခုခုပါလာတော့မယ် ဆိုတာပဲ..:)
ဖိုးစိန်ကတော့ မကြီးနော် လို့လာလာခေါ်တတ်ပါတယ်။
သက်ပိုင်သူကလည်း မမနော် တဲ့
…………လို့ သံရှည်ဆွဲအော်တတ်တာကတော့ မိုးနေ ပါ။
အဓိက ခေါ်ကြတာများတာကတော့ အသံမတူတဲ့ မနော် ဆိုတာပါပဲ။
ကဲ ..မောင်ဖိုးစိန်..ဒီလောက်ဆို ကျေနပ်လောက်ပါရဲ့။
အင်း………ဘယ်သူ့ကိုပြန် tag ရပါ့…….။
စဉ်းစားလိုက်ပါဦးမယ်။း)
မနော်ဟရီ

tag ပါတော့မယ်။
(၁) Craton
(၂)Zephyr
(၃)ညီလင်းဆက်
(၄)နိုင်းနိုင်းစနေ
(၅)လွမ်းသုရင်
လောလောဆယ်တော့ ငါးယောက်ပဲ...


23 Comments:

Sein Lyan Tun said...

နံပတ်မှာ ၁

Zephyr said...

အော် ပြောရက်လိုက်ထာ ...
:P

အမည်မဖော်လိုသူ ..

Sonata Cantata said...

ဒီက 'မနော်' လို့ခေါ်တာနော်...မနော်ဟရီရဲ့ အရှေ့နှစ်လုံးဆွတ်ခေါ်တာလည်း မဟုတ်ဘူး။
'မ နော်' လို့ မ,တပ်ခေါ်တာနဲ့ အသံထွက်တူပေမဲ့
(မနော် ဘာလူမျိုးလည်း အသေအချာ မသိပေမဲ့) ကရင်မလေးတယောက်ကို ခေါ်သလိုမျိုး ခေါ်လိုက်တာ၊ အမျိုးတော်ချင်လို့...

tg.nwai said...

ဟားဟား..တက်ဂ်တဲ့သူကို ကျေးဇူးတင်တယ်ဗျို့.. စိတ်ဝင်စားနေတဲ့ အကြောင်း အခုမှ သိရလို့။ တို့ကတော့ နံမယ်လေးက လှလို့ (လူလှတာကတော့ ပြောစရာမလို) မနော် လို့ ခေါ်ချင်တာပါ..မကြိုက်မှာလည်းစိုးတော့.. မ-နော် လို့ပြောင်းခေါ်လိုက်လို့ ရအောင်လေ..:))

Sein Lyan Tun said...

မကြီးနော် လို့ ကျနော်ခေါ်တဲ့ (မနော်ဟရီ) ဆိုတဲ့ မကြီးကလောင်နာမည်က ကျနော် နိုင်ငံခြားဘာသာတက်ကတည်းမစိမ်းဘူးဗျ...
တီချယ်မီဆီကနေ အများဆုံး ကြားရတတ်တဲ့နာမည်လေး
ကျနော်တို့ (၉၇)အောင် ပြင်သစ်စာသင်နေတဲ့ သူအားလုံး သိကြတယ် ဘာကြောင့်လဲဆိုရင် အခန်းထဲမှာ ကဗျာဆရာမတွေ စာတိုပေစရေးတဲ့သူတွေက တခန်းလုံးနီးပါ အရမ်းကိုရင်းနှီးနေတဲ့ တီချယ်မီကို တစ်ပုစ်ရေးပြီးတိုင်းပြလို့ တီချယ်က တစ်ခုခုကိုပြန်ရှင်းပြပြောပြ တတ်တယ် အဲဒီအထဲမှာ မကြီးနော် ကဗျာတွေ အကြောင်းပါလေ့ရှိတယ်
အဲဒီတုန်းကတော့ မကြီးနော် စာအုပ်ကို တစိုးတစိမှ မဖတ်ဖူးတာ ဝန်ခံပါတယ်
ဒါပေမယ့် ပထမဆုံး မကြီးနော် ဘလော့ပေါ်ကို ရောက်လာတာက နိုင်ငံခြား ဘာသာတက္ကသိုလ် တက်နေတဲ့ဆိုတဲ့ စကားလုံးတွေကြောင့် ရောက်လာတာ...ရေစက်လို့ပြောရမယ် ဒါပေမယ့် မကြီးနော် ဘယ်သူဆိုတာတော့သိထားပေမယ့် မသေချာဘူး.. မကြီးအိမ်မှာ ပထမဆုံး လာမန့်မှ သေချာသွားတယ် ပထမဆုံး သဘောကျတဲ့ ဝတ္တုတိုက ”ဇာတ်ညွန်းအစစ်”
ပြီးတော့ စိတ်ထဲစွဲနေတာက “မနော်ဟရီအတု”
နောက်တစ်ခုကတော့ “တစ်ယောက်ယောက်” အခုမကြီးနော်စာမျက်နှာပေါ်က အဲဒီသုံးပုစ်ကတော့ စွဲနေတယ် ဘာကြောင့်မှန်းတော့မသိဘူး “မနော်ဟရီအတု”ကိုကြိုက်တယ်
ဒါကတော့ မကြီးနော် အတွက် ကျနော့် ချစ်ခင်လေးစားမှု ဝန်ခံချက်ပါ
မကြီးနော်ကို ချစ်ခင်လေးစားတယ်ဆိုတာ ကျနော်တို့ အရမ်းချစ်ခင်လေးစားရတဲ့ ဆရာမ နှစ်ယောက်ရဲ့ ညီမဆိုတဲ့ အသိတစ်ခုတည်းမဟုတ် ခင်မင်ခွင့်ရတဲ့အချိန်မှာ မကြီးနော်ရဲ့ ပြတ်သားစာနာတတ်တဲ့စိတ် ကိုမြင်ရတဲ့အတွက်ပါ
ရင်ထဲကလည်းလှိုက်လှိုက်လှဲလှဲပါ
ဒါကြောင့် ကျနော်လေးစားရတဲ့ မကြီးနော်
မကြီးနော်ရဲ့ ကလောင်နာမည်လေး အတိုင်း
”တတ်သိနားလည်ထားသော အနုပညာနဲ့ ဆွဲဆောင်နိုင်သော လမ်းပြပေးသောသူ”ဖြစ်ပါစေလို့

ဘဝမှာလဲအေးချမ်းပျော်ရွှင်ပါစေဗျာ

ဒီိပိုစ့်ကို အမှတ်တရရေးပေးတဲ့အတွက် ကျေးဇူးလဲတင်ပါတယ်

မနော်ဟရီ အစစ်မှ ဟုတ်ပါလေစ သံသယဝင်မိပါတယ်
(ကပ်နောက်သွားခြင်း)
လွန်တာရှိ ဝန်တာမိပါခင်ဗျားးးးးးးးး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Anonymous said...

အောင်မယ်.. ကိုဖိုးစိန် နိုင်ငံခြားဘာသာအချင်းချင်း လာအမျိုးစပ်နေတယ်.. တားတားလည်းတူတူပဲနော်.. အန်တီနော့်ကို မယုံမေးကြည့်..
အန်တီtg ပြောသလိုပဲ တက်ဂ်တဲ့လူကိုကျေးဇူးတင်တယ်.. သိချင်တာ ခုသိလိုက်ရပြီ။ တက်ဂ်တာက ဘူဒူဒွေဘာလိမ့်.. ?
မျှော်....

Anonymous said...

အဲ့.. ပြောလို့မှ မဆုံးသေးဘူး.. ထိပ်ဆုံးက တားတားငယ်တို့ ပါတွားဘီ... တွီတွီ..

yehtutnaung said...

"မနော်ဟရီ" ဆိုတဲ့ အဓိပ္ပာယ် ခုမှပဲ သိတော့တယ်..။

Eaindra said...

အမ.. ခေါ်လိုက်
မမ..ခေါ်လိုက်
တစ်ယောက်ကျထည့်မရေးဘူး....

((((( စိတ်ကောက်တယ် )))))

kay said...

မသီတာ ပြောသလို ဟုတ်ဘူးလား။
ကျမ လဲ အမျိုးတော်ချင်တယ်။း)

လွမ်းသုရင် said...

အခုမှ အပြင်ကနေပြန်ရောက်တာ။ ဘလော့ခ်ကိုဝင်ဝင်ချင်း အစ်မအသစ်ရေးထားတာတွေ့လို့ လာဖတ်မိတာ... လွမ်းသုရင်နဲ့ တည့်တည့်တိုးနေတယ် :P
သတိတရထည့်တက်ဂ်လို့ ကျေးဇူးတင်ပါတယ်။ တစ်ပိုင်းတစ်စရေးခဲ့ဖူးပေမယ့် သေချာထပ်ရေးပါ့မယ် :)

Moe Myint Tane said...

မနော်ဟရီဖြစ်လာပုံလေးကို စိတ်ဝင်တစားဖတ်သွားပါတယ် အမ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Julian said...

အော် ......
အမည်နာမ ..... ဘယ်လိုသမိုင်းကြောင်းလဲလို့ရှင်းရတာကိုး........
လူလေးလဲလှ........နာမည်လေးလဲလှ.........
စိတ်ဝင်စားလို့ပါ........မိတ်ဖွဲ့ချင်တယ်လေ၊ ဘယ်မှာနေလဲဟင် ........ ဆူးလေဘုရားရှေ့က ပန်းခြံထဲမှာတွေ့ဆုံပွဲရှိတယ်..... တို့တွေလာမယ်.... သူတို့ညီအမကောလာမှာလားဟင်.... ဂလိုဂလိုနဲ့ခင်ခဲ့တဲ့သူငယ်ချင်း...... အူကြောင်ကြောင်နဲ့အခုထိခင်သက်ရှည်နေသေးသောသူငယ်ချင်း......

များမှာအမျိုးတော်ချင်ရက် မတော်လိုက်ရသောယောင်းမ......... ဟိဟိ...

မေခ.(ခေါ်) .... (ခေါ်).......(ခေါ်)..... (ခေါ်) မနော်ဟရီ

ဟိတ် နာတိတယ် ....မိုး.... လို့ခေါ်ဒါဂို....

ငါဒီစာပိုဒ်ကိုမမန့်ဘူးနော်၊ ငါရဲ့ကွမ်တမ်ဆရာ ဦးတင်လတ်လို ကျောက်သင်ပုန်းမှာရေးချင်တဲ့နေရာ ရေးချင်တဲ့အကြောင်းအရာ ချရေးသလို နင့်ရဲ့စာမျက်နှာမှာ ငါလဲရေးချင်တဲ့နေရာ ရေးချင်သလိုရေးသွားတာ........


ဂျူ

Julian said...

ဘုရားဘုရား ဒီ ၁၃ ကမလွတ်သေးဘူး ၊ ၁၄ ဖြစ်အောင်ထပ်ရေးလိုက်တယ် မဖြစ်ချေဘူး ။ ဒီတစ်ခေါက်ဆိုရင် ငါ ၀ှီးချဲပေါ်ကဆင်းရမှာဟုတ်ဘူး ၊ ကြံကြံဖန်ဖန် ၁၃ ဂဏန်း နဲ့ ၄ ဂဏန်းတွေဘဲကျနေရတယ်လို့........တွေးလို့ကိုမရဘူးး(

ဂျူ

အိုင်လွယ်ပန် said...

ရှင်းပါပြီ အစ်မ :)

WWKM said...

ဇဝေဇ၀ါ ဆိုတဲ့ နာမည်လေးကလည်းလှသားပဲ.အဟတ်
သိဘူးလေ..ရေးထားတာက ကလောင်နာမည်က ဇဝေဇ၀ါ ပေါ့ ဆိုတော့.. အဟီးးး စတာ..ချစ်လို့..

မီးမီးက သိဘူးရယ်.. မနော်ဟရီဆိုတာ မနော်ဟရီဆန် ရဲ့နာမည်ကိုလှလို့ယူသုံးထားတယ်ထင်နေတာ.. တကယ်..အဟတ်ဟားးးး ရိုက်ပေါက်.... ထပ်စတာ ဟုတ်ဖူး..အတည်ပြောနေတာ.. ဟီးးးး ပြေပြီ..လူတွေရဲ့စိတ်ကိုဆွဲ
ဆောင်နိုင်တဲ့ နတ်သမီးလေး ဇင်ဇင်ဇော်မြင့် ရေ.. အဟေးးးးးး

စိတ်ဆိုးရင် မချစ်တော့ဘူး။
မျက်နှာလိုက်တာ လိုက်တာပဲ..အင်ထရိုဝင်ပြီး လာမ
ချော့နဲ့...း(((((((

နိုင်းနိုင်းစနေ said...

နာမည်ပါလာလို့ ဝမ်းသာမိတယ် အစ်မ
(ပိုရင်းနှီးအောင် ဆရာမ မှ အစ်မသို့း)

မနေ့ညက ကော်မန့်ရေးသေးတယ်
လိုင်းနှေးနေလို့ ကော်မန့်တက်မသွားဘူး

ကျွန်မတို့မှာ မနော်ဟရီဆိုတဲ့ စပါးတစ်မျိုးရှိတယ်
အထွက်ကောင်းလို့ အမေတို့က မနော်ဟရီစိုက်မယ်၊ မနော်ဟရီစိုက်မယ်လို့ အမြဲပြောတာကြားဖူးတယ်း)

"မနော်ဟရီဆိုတာလူတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်တဲ့နတ်သမီးတဲ့"

အစ်မရဲ့ အနုပညာ၊ အစ်မရဲ့လှပတဲ့ရုပ်ရည်နဲ့ အစ်မလုပ်နိုင်ခဲ့ပါပြီ။ အစ်မ ဒီထက်အောင်မြင်ပါစေ

ကျေးဇူးးးး

ဆောင်းယွန်းလ said...

လူတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်တဲ့ နတ်သမီး

သိပ်ကောင်းတဲ့အတွေးနဲ့မှည့်ဆိုထားတဲ့နာမည်ပါပဲ မနော်ရေ......

မယ့်ကိုး said...

မနော်ဟရီဆိုတာလူတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်တဲ့နတ်သမီး တဲ့လား။
ကလောင်အမည်လေးက အရမ်းလှတယ် မ။

Wai Lwin Zaw said...

မ နော် လို့ပဲခေါ်မယ်နော်။ :)

WWKM said...

မေခ ရေ.. မေခ..း))))

ချစ်လို့ လာထပ်အော်သွားတာ..း))

သက်ပိုင်သူ said...

ရုံးမှာကတည်းက မမနော်ရဲ့ စာကို ဖတ်ရတယ်.. အခုမှ မန့်လို့ ရတယ်... ဖတ်လိုက်ရတာ ရင်ကို ဖိပြီး.. ဟီးဟီး တော်သေးတယ်.. လွတ်သွားလို့

Unknown said...

မနော်ဟရီဖြစ်လာပုံလေးကို
အခုမှ ဗွင်းဗွင်းလင်းလင်းသွားတာပဲ


ကို
(.... )