အခက်အခဲ

Thursday, April 2, 2009

ဒီနေ့ပို့စ်တင်ရတာအဆင်ကိုမပြေပါဘူး။တချိန်လုံး error ပဲတက်နေလို့
စိတ်တော်တော်ညစ်ရပါတယ်။ဒါကြောင့်ကျေးဇူးပြုပြီးစာလုံးတွေစီလို့မ
ရပဲပျက်နေတာတွေဘာတွေရှိရင်သည်းခံပေးပါလို့။အဲဒီတွက်နာရီများစွာ
တကယ်ကိုကုန်ခဲ့ပါတယ်။(ကိုယ်တော်တာလည်းပါမှာပေါ့..း)
ဒါကနောက်ကျရောက်လာတဲ့အမည်မဲ့(ပျဲ့လွင့်နေသောတေးနှင့်ဧကစာ
ရီ)ဆီကသားအတွက်ကဗျာပါ...

ခေတ်နေ သို့ ကဗျာတစ်ပုဒ်


ရဲရဲရင့်ရင့် ခေါင်းမော့ကြည့်လိုက်စမ်းပါ

ခေတ်နေ

ကြွေသွားတဲ့ ကြယ်တွေနေရာ

အစားထိုးဝင်ရောက်လာမယ့် ကွက်လပ်ဖြည့်တစ်ခုဟာ

ခေါင်းကိုမော့ လက်ကို ဆုပ်ထားမှ လှတော့မှာပေါ့

လောကဓံတရားကို လက်တစ်လုံးခြားကစားဖို့

ခေတ်နေဟာ အားမာန်ရှိထားရမယ်

ခေတ်နေသို့စာတစ်စောင်မှာ ဘ၀တစ်သက်စာ အဟာရပါတယ်

ခေတ်နေဆိုတဲ့နာမည်မှာ အဓိပ္ပာယ်တစ်ခုပါတယ်

နောင်တစ်ခေတ်မှာ ထွန်းတောက်မယ့်ကြယ်အတွက်

နေတစ်လုံးရဲ့ ကိုယ်စားပြုပုံ

ကမ္ဘာတစ်ခုရဲ့ လမ်းလျှောက်ပုံ

လူတစ်ယောက်ရဲ့ မွေးဖွားပုံနဲ့ဆိုင်တယ်

ကလေးရယ် ..

စိုသောလက်တွေ ခြောက်နေမြဲ

ခြောက်သောလက်တွေ စိုနေမြဲ

ခိုင်မြဲကျော်စွာရဲ့ သားချစ်ကဗျာကိုလည်း ဖတ်ထားရမယ်

ကမ္ဘာမီးလောင် သားတောင်ချနင်းနေတဲ့ ခေတ်မှာ

ဆာလောင်နေတဲ့ ငါတို့

အနာဂတ်ကို မင်းတို့ ပုံလို့ ပေးထားတယ်။

အမည်မဲ့

သားကဘာလို့အမည်မဲ့နေရလဲမေးရင်ကိုယ့်ဘာသာကိုယ်ဖြေရှင်းပေးပါနော်း)


15 Comments:

Sein Lyan Tun said...

နံပတ်မှာ(၁)

Sein Lyan Tun said...

အမေကသားကိုပေးတဲ့အားမာန်တွေကို အတိုင်းသားမြင်နေရတယ်..
အားရှိလိုက်တာ
”စိုသောလက်တွေ ခြောက်နေမြဲ

ခြောက်သောလက်တွေ စိုနေမြဲ

ခိုင်မြဲကျော်စွာရဲ့ သားချစ်ကဗျာကိုလည်း ဖတ်ထားရမယ်

ကမ္ဘာမီးလောင် သားတောင်ချနင်းနေတဲ့ ခေတ်မှာ

ဆာလောင်နေတဲ့ ငါတို့

အနာဂတ်ကို မင်းတို့ ပုံလို့ ပေးထားတယ်”
ကဗျာလေးက အမေကသားကို ပြောနေတဲ့အတွက်
သားတစ်ယောက်ဖြစ်နေသေးတဲ့ကျနော်လဲ ခံစားသွားပါတယ်
ခင်မင်လေးစားရပါသော
ဖိုးစိန်

မိုးခါး said...

ဟုတ်ပါတယ် မနော်ရယ် .. အားရှိလိုက်တာ .. သာယာပျော်ရွှင်ပါစေး)

kay said...

မေမေ-
ကဗျာက..ဘာလို့..အမည်မဲ့နေတာလဲဟင်

WWKM said...

သာယာပျော်ရွှင်ပါစေ မနော်ရေ.
ရင်ထဲမှာ တစ်ခုခုခံစားသွားရတယ် သိလား...

ချစ်တဲ့

ဝါ

မယ့်ကိုး said...

သားကို ခွန်အားပေးတဲ့ ကဗျာလေးကို ဝေမျှယူခွင့်တဲ့အတွက် ကျေးဇူးပါ မ

အိန္ဒြာ said...

တစ်စုံတစ်ရာမကတာတွေနဲ့
အစ်မ ဒီကဗျာလေးတင်လိုက်တယ်လို့ ခံစားလိုက်ရပါတယ်...။

သိပ်ကိုလှပကျစ်လစ်နေတဲ့....
အရှိန်ပြင်းပြင်းစားသားတွေမြားလိုစိုက်ဝင်သွားခဲ့ပါတယ်..။

ဆာလောင်နေတဲ့ ငါတို့
အနာဂတ်ကို မင်းတို့ ပုံလို့ ပေးထားတယ်။

ကဗျာဆရာတွေကျန်းမာကြပါစေ..အစ်မရယ်..

:P said...

သေချာခံစားဖတ်ရှူသွားပါတယ်.. အစ်မ မနော်ေ၇...။

လင်းဒီပ said...

ခေတ်နေ
အရောင်အသွေးလက်တဲ့ ကြယ်လေး
ထာဝရ လင်းဖြာပါစေ..။

မေ့သမီး said...

စိုသောလက်တွေ မခြောက်ပါစေနဲ့။ သားလက်ထက်မှာ အနာဂါတ်က အစာဝလို့ အိပ်ရေးဝပါစေလို့ ဆုတောင်းပါတယ်။ နောင်အနာဂါတ်မျိုးဆက်သစ်တွေ ကိုယ်တွေလို အနာဂါတ်မဲ့ရတဲ့ခံစားမှုမျိုးမရစေချင်ဘူး။

Sir Yaw said...

အမရယ် ဒီကဗျာတော့
ကျွန်တော်နားလည်ချင်သလို
ခံစားနားလည်သွားပါ တယ်
မရိုမသေ ပြောမိယင်
ခွင့်လွတ်ပါ။

မီယာ said...

မနော်... ခေတ်နေ အတွက် ကဗျာတွေ အများကြီး ရေးပေးထားလားဟင်... ကံကောင်းလိုက်တဲ့ ကလေးလေး... အနာဂတ်မှာ ထွန်းလင်း တောက်ပတဲ့ သားကောင်းရတနာ ဖြစ်ပါစေ...

ဆောင်းယွန်းလ said...

ခေတ်နေဆိုတဲ့နာမည်မှာ အဓိပ္ပာယ်တစ်ခုပါတယ်

နောင်တစ်ခေတ်မှာ ထွန်းတောက်မယ့်ကြယ်အတွက်

နေတစ်လုံးရဲ့ ကိုယ်စားပြုပုံ

ကမ္ဘာတစ်ခုရဲ့ လမ်းလျှောက်ပုံ

လူတစ်ယောက်ရဲ့ မွေးဖွားပုံနဲ့ဆိုင်တယ်

သိပ်ကို အဓိပ္ပာယ်ပြည့်ဝပြီး ရည်ရွယ်ချက်ကြီးကြီးနဲ့ ပေးမှည့်ထားတဲ့ နာမည်ပဲ...
ခေတ်နေ အတွက် အားဖြည့်ကဗျာကို သူနှစ်သက်မှာပါ မနော်ရေ

Unknown said...

ခေတ်နေ တဲ့ နာမည်လေးက ရဲရင့်လိုက်တာ
:)
ကောင်းသောနေ့ပါ :)

JulyDream said...

ဆန္ဒနဲ့ဘ၀ ထပ်တူကြနိုင်ပါစေဗျာ။