ခုတလော..
တွေးဖြစ်နေတာက..
(၁)ကျေးဇူးတရားအကြောင်းနဲ့ဆက်စပ်ပြီးသံသရာမကြောက်တဲ့သူတွေအကြောင်း
(၂)ဝန်တိုမစ္ဆိယစိတ်များတဲ့သူတွေအကြောင်း
(၃)ကိုယ်မစိုက်ပဲလိုက်ရိတ်သိမ်းနေပြီး..ကိုယ်စိုက်ခဲ့တဲ့အသီးကိုယ်ခါးတယ်လို့အော်
နေတဲ့သူတွေအကြောင်း
ရောက်ဖြစ်နေတာက..
facebook..
ဖတ်ဖြစ်နေတာက..
ကဗျာတွေ..( ဆေးအဖြစ်နဲ့စားသုံးနေတာ..)
ရေးဖြစ်နေတာက..
မေးချင်တဲ့မေးခွန်းတွေ..(စုနေတယ် နောက်မှ tag game တစ်ခုအနေနဲ့လုပ်ဦးမယ်။)
နားထောင်ဖြစ်နေတဲ့သီချင်းက..
မျိုးကျော့မြိုင် ရဲ့ အဝေးကြီး...(သစ်ကောင်းအိမ်ကြားရင်..လွမ်းနေတယ်လို့..စွတ်စွဲဦးမယ်...။)
စားဖြစ်နေတာက......
frozen vegetable တွေ.(သိပ်သနားစရာကောင်းတာပဲ..
လေ့လာတွေ့ရှိသူတစ်ချို့ကတော့ အဲဒီမှာအဟာရတန်ဖိုးအပြည့်ဆိုပဲ..)
ကြည့်ဖြစ်နေတာက.............
Master Chef and Iron Chef (အရသာရှိသောအစီအစဉ်များ.. :D..)
Iron Chef က တစ်ချိန်ကအမိုက်စားလေး Mark Dacascos ကိုကြည့်ချင်တာ
အံ့သြစရာ သူက အဲဒီမှာ CHAIRMAN တဲ့...
ရွတ်နေမိတဲ့ကဗျာ..........
မျိုးနေနွယ်ရဲ့ တေလေ ဆိုတဲ့ကဗျာနောက်ဆုံးပုဒ်
တေလေ
မိုးဖွဲဖွဲလေးရွာနေတယ်
ငါမငိုချင်တော့ဘူး
မျက်ရည်စက်လက်နဲ့စိတ်က
ကမ်းစပ်နံဘေးမှာနေ့ရွှေ့လိုက်
ညရွှေ့လိုက်
လူက
ရေပြင်ပေါ်ပလုံလို့မြည်ပြီးနစ်သွားတဲ့ခဲတစ်လုံး
နှမြောတယ်
သင်းကွဲငှက်အော်သံများကြားလိုက်ရ
ဘာမှမသာယာဘူး
ကိုယ့်ကိုယ်ကိုလက်ဖျောက်တစ်ချက်တီးပြီးခေါ်ကြည့်လိုက်
ပလက်ဖောင်းပေါ်မှာဆုပ်လည်းစူးစားလည်းရူး
မျက်လုံးစိမ်းတွေကမိုးရွာတိုင်းပွင့်တတ်တဲ့ပန်းတွေလို
ငါ့ရှေ့ကရှုခင်းများ
ငါ့နောက်ကရှုခင်းများ
ငါ့ဘဝရဲ့အနာတရတွေကိုဖျော်သောက်နေတဲ့နေရောင်ခြည်များ
အရာအားလုံးကိုစိတ်ဆိုးလည်းခဏမဖြစ်ချင်တော့ဘူး
အမေ့ကိုသတိရတယ်
မျက်ရည်ကျလာတယ်
သေချာပေါက်
ဒီတစ်ခါမိုးမိရင်ဖျားပြီ..။ ။
မျိုးနေနွယ်
တစ်ခါမှမလုပ်ဖူးပဲလုပ်နေတဲ့အလုပ်..........
ကြောင်တစ်ကောင်နဲ့ရန်ဖြစ်ဖြစ်နေရတာ..နာမည်က
JC တဲ့..။
(ဆိုးသလားမမေးနဲ့ မျက်နှာပေါက်ကိုက ဂျစ်တစ်တစ်နဲ့.ညီမတော်မွေးထားတဲ့
ကြောင်လေ..ချစ်တော့ချစ်ပါတယ်..ဆိုးတာကတော့တာတေလန်..)
သွားချင်နေတဲ့ခရီး.........
မြန်မာပြည်ပေါ့..(မေးစရာကိုမလိုတာ..)
ဖြစ်ချင်နေတာက............
Sugar Ray Leonard..(လက်သီးနဲ့ထိုးစရာလူတစ်ယောက်ရှိလို့.လက်အိတ်တော့ပါမှဖြစ်မှာ.)
သတိရနေတာက ............
လူတစ်ယောက်ဆိုသိပ်ကောင်းမှာ..ဖုန်းလေးဖြစ်ဖြစ်ဆက်..အွန်လိုင်းမှာတွေ့
ခုတော့..အများကြီးဖြစ်နေတယ်..လက်ဘက်ရည်ဆိုင်ထိုင်ချင်တယ် နေမျိုးရဲ့
သဘောင်္ကြီးတွေလို..ကျောက်ခဏချပြီး...အန်တီမြဆိုင်မှာထမင်းစားချင်တယ်
ကိုသျှီတို့ရုံးနားမှာလက်ဘက်ရည်ဆိုင်ထိုင်ချင်တယ်..Ginzapanကကော်ဖီ
သောက်ချင်ပြီး Cafe Aroma က Spaghetti စားချင်တယ်။သက်သတ်လွတ်..
ဦးခင်မောင်စိန်ဆီသွားပြီးစာအုပ်ဟောင်းတွေသွားကြည့်ချင်တယ်။လောက
နတ်ကပန်းချီပြပွဲတွေကိုသွားချင်တယ်။ရုံးဘေးနားမှာအထမ်းနဲ့ရောင်းတဲ့ငါး
မပါသော အညာသားမုန့်ဟင်းခါးစားချင်တယ်..။အမှတ်တရ..ကကောက်ညှင်း
ပေါင်းနဲ့အကြော်လည်းပါတယ်။(တော်ပြီလက်ညောင်းတယ်..အများကြီးကျန်
သေးတယ်..)
မုန်းတီးနေတာက ........
ဘာဖြစ်ချင်မှန်းမသိပဲ မိန်းမတစ်ယောက်အောင်မြင်နေတာကိုမကြည့်နိုင်တဲ့
ယောကျာ်းတွေ..
ချစ်နေမိတာက..သက်မဲ့..................ROSARY ..အနက်လေး..ဂျေရုဆလင်ကလာတာတဲ့
သက်ရှိ..................မပြောင်းမလဲကိုကို..
ကြိတ်ပြီးချီးကျူးနေမိတာကလူတစ်ယောက်အကြောင်းးကိုမဟုတ်တာအဟုတ်ဖြစ်အောင် ဇာတ်လမ်းလေးဆင်ပြီး
တဖွဲ့တနွဲ့ပြောတတ်တဲ့သူတွေ (မေဆွိသေပြီဆိုတဲ့သတင်းလို..)
ကြိတ်ပြီးအထင်သေးနေမိတာက..သူများကြောင့်ရတဲ့အောင်မြင်မှုကို ကိုယ့်ကြောင့်လို့ ဘာအကြောင်းပြချက်မှမရှိပဲထင်
သွားတဲ့သူတွေ..(အံ့ရော..)
လိုချင်နေတာကငြိမ်းချမ်းဆု ရဲ့ပန်းချီကားသုံးလေးခု..
အလိုလိုကျောချမ်းနေမိတာကနပမ်းသမားတွေ (သူတို့လောကကြီးထဲကိုရောက်လာပုံက တစ်မျိုးပဲ..)
လုပ်ချင်နေတာကinstallation art တစ်ခုခု သို့မဟုတ်
performance တစ်ခုခု
( စိတ်ကူးထဲမှာဘယ်လိုကဘယ်လိုခုန်ပေါက်ဝင်လာတဲ့ အိုင်ဒီယာမှန်းမသိဘူး.
အမှာစကား......ကိုထိန်..ဘာမှစိတ်မပူပါနဲ့ ဆန္ဒပြောတာပါ .. :P )ဆန္ဒမရှိတဲ့နေရာG-talk
ှဆန္ဒမရှိတဲ့အလုပ်
စာရေးတာ...(ဘာမှကိုမရေးချင်ဘူး..ရေးလည်းမထွက်ဘူး..)
စွဲလန်းနေမိတဲ့အရာ
တိမ်ဖြူတွေ ... (နန်းညီကတော့ ကြယ်တွေ တဲ့..)
တောင်းနေမိတဲ့ဆု
ဘာလို့ပြောပြရမှာလဲ..........း)
မေးခွန်းတွေထပ်ပြန်တလဲလဲမေးနေမိတဲ့သူ
ဘုရားသခင် (နားညည်းရှာမှာပဲ..မေးနေတာကိုက အဖြူကဘာလို့ဖြူနေရတာလဲ ဆိုတာမျိုး)
အမှန်အတိုင်းဝန်ခံချင်နေတာက
ဒီပို့စ်က ဆားချက်တာ ...း)