Rose Language

Thursday, February 5, 2009

Valentine Dayရောက်တော့မယ်လို့ပြောနေရေးနေကြတာကိုတချို့စာမျက်နှာတွေမှာတွေ့ရလို့
သတိရပြီးဒီပုံလေးတွေကိုတင်လိုက်တာပါ။ကျွန်မတို့လိုမဂ္ဂဇင်းသမားတွေအတွက်ကတော့အဲဒီနေ့
က ဒီဇင်ဘာလကုန်တည်းကပြီးသွားပါပြီ။မယုံရင် ကျွန်မတို့နဲ့အတူဓါတ်ပုံရိုက်ခဲ့တဲ့ ရဲတိုက် နဲ့
သဉ္ဇာနွယ်ဝင်း ကိုမေးကြည့်နိုင်ပါတယ်။း)
ဒီကဏ္ဍပါတဲ့ ဖေဖော်ဝါရီထုတ်မဂ္ဂဇင်းတောင်မှပြီးခဲ့တဲ့ ၂၄ရက်တည်းကထွက်သွားခဲ့ပါပြီ။ကျွန်မ
တို့ကဘာမဆိုကြိုလုပ်ရတဲ့အတွက်အရာရာဟာနှစ်လစောနေတတ်တာမို့တကယ့်တကယ်ရောက်လာ
ချိန်မှာဘာမှမသိတော့တာများပါတယ်။အဲဒီချိန်မှာကိုယ်ကသင်္ကြန်တွေဘာတွေကျနေပြီလေ..း)..
မနေ့ညကအိပ်မပျော်တာနဲ့ပုံလေးစမ်းတင်ကြည့်တယ်။မရဘူး။အရောင်ကမည်းနေတယ်။အဲဒါနဲ့ပြန်ဖြုတ်
ပစ်လိုက်ပြီး စဉ်းစာနေတာ။နောက်မှသတိရတယ်။ ရုံးမှာကဖလင်ထုတ်မှာမို့CMYKနဲ့လုပ်ထား
တာကိုမေ့နေတာလေ။ RGBပြန်ပြောင်းလိုက်မှပဲကိုယ့်နှင်းဆီပန်းတွေစိုပြေလာတော့တယ်။..
တစ်ယောက်နဲ့တစ်ယောက်နှင်းဆီပန်းတွေကိုသင်္ကေတပြုလို့ပြောလို့ရတယ်ဆိုတာလေးကိုကလေး
တွေကို(ကလေးတွေလို့ပြောတယ်နော်...:P )ပြန်ပြောပြချင်လို့ ပုံကလေးတွေနဲ့အပင်ပမ်းခံပြီး
လုပ်ခဲ့တာပါ။ကူညီပေးခဲ့တဲ့ရဲတိုက်တို့နှစ်ယောက်ကိုလည်းကျေးဇူးတင်တယ်။သူတို့ကတော့ကလေး
ပီပီ ပန်းတွေနဲ့ပျော်နေတာပဲပေါ့..။
ကျွန်မကိုဒီ Rose Language နဲ့စတင်မိတ်ဆက်ပေးခဲ့တာက ကျွန်မတို့ငယ်ငယ်က မဂျူးရဲ့..
အမှတ်တရနာမည်ကြီးချိန်မှာအမှတ်တရကိုပြန်ရေးတာဆိုပြီးစာအုပ်တစ်အုပ်ထွက်ခဲ့တယ်။ဆရာနီ
မင်းဆွေပါ။သူ့စာအုပ်ထဲမှာစတွေ့ခဲ့တာဖြစ်ပါတယ်။အဲဒီကတည်းကမှတ်စုလေးနဲ့ကူးပြီးသိမ်းထားခဲ့
တာ၊ခုလိုကျတော့အသုံးဝင်သား၊တချို့ကိုတော့၊နောက်ပိုင်းအင်တာနက်မှာတွေ့တာတွေနဲ့ရောပြီး
အဆင်ပြေအောင်ရိုက်ထားခဲ့တာပါ။
တစ်ခုပဲပြောစရာရှိပါတယ်။ ဒိဇိုင်းကိုဘယ်လိုဆင်ပါလို့၊ပြောပြီးထွက်လာတာတောင်ဒီဇိုင်းပို့တဲ့အချိန်ကျ
မှုန်မှုန်မှိုင်းမှိုင်းနဲ့။ပြန်ပြင်ချင်တယ်ဆိုတော့၊ဖလင်ကထွက်သွားပြီ။အနားမှာရှိနေတာတောင်မှ၊မှားကြ
သေးတာ။ခုလိုဝေးတော့ကြည့်လို့ကောင်းသလားမမေးနဲ့။အရောင်မှားတာကထားတော့။စိုလွင်ပြီးလန်း
ဆန်းနေရမယ့်programမှာသူကလာမှိုင်းပြနေလေတော့၊နောက်ဆုံးတော့၊ကိုသိုးထိန်းတစ်ယောက်
အဲဒီရက်ပိုင်းမှာ moodမကောင်းလို့ထင်တယ်လို့ပဲဖြေလိုက်ရတော့တယ်။
မဂ္ဂဇင်းစလုပ်တုန်းကတော့၊အဲလိုဘယ်ရမလဲ။တစ်ခုခုမှားရင်မစားနိုင၊်မသောက်နိုင်၊မအိပ်နိုင်နဲ့။အား
လုံးက၊ကျွန်မကိုပြောရတဲ့စကားက...မနော်..စိတ်လျှော့...စိတ်လျှော့..တဲ့...
အဲဒီထက်ဆိုးတာတွေကရှိပါသေးတယ်။ ဒါကိုတော့နောက်များမှပဲပြောတော့မယ်။တော်ကြာမဆိုင်တာ
တွေပါလာတယ်ဆိုပြီးပြောနေဦးမယ်။း)
ဒါတွေအပြင်...
နှင်းဆီအရောင်ဖျော့ဖျော့လေးတွေဟာ ရင်းနှီးခင်မင်မှုကိုကိုယ်စားပြုပါတယ် တဲ့။
12 roses : Gratitude
25 roses : Congratulation
50 roses : Unconditional Love
တခြားလည်းဘာအရောင်နဲ့ဘာအရောင်တွဲရင်ဘာဆိုတာတွေရှိပါသေးတယ်။
သိပ်များရင်ရွေးရခက်နေမှာစိုးလို့ပါ။
ကလေးတွေအတွက်ဆိုပေမယ့် နုပျိုနေတဲ့ အစ်ကိုအစ်မတွေအတွက်ရော။ရွယ်တူတွေအတွက်ရော။မောင်
လေးညီမလေးတွေအတွက်ရောပါပါတယ်။
ကဲ..ချိုသင်းနဲ့ကေရေ..ပုံတွေပြန်ထုတ်ပေးလိုက်ပြီနော်။
သူတို့ကိုသာပေးဖတ်လိုက်။ပြီးပန်းတွေရောက်မလာရင်တော့..ကိုယ့်ဥပဒေနဲ့ကိုယ်စီရင်ပစ်လိုက်ပေတော့..း)





Single Red Rose : I always love you



Red Roses : I Love you



Single White Rose : Pure and Innocence



White Roses : I am worthy for you!



White and Red tapped together : A commitment or forthcoming marriage



White and Red Roses together : Unity



Single Pink Rose : Sympathy and Grace



Pink Roses : Young Love and Appreciation



Single Yellow Rose : I care about you



Yellow Roses : In old tradition, it means JELOUSY .


24 Comments:

Moe Cho Thinn said...

ပေးဖတ်လဲ ပန်းကတော့ ရောက်လာမယ် မထင်၊ မထင်၊ မထင်။
သူတို့က အဲဒီ့ တနေ့ပဲ Valentine လုပ်တာ။ ဒါတွေက အင်္ဂလိပ် အယူအဆတွေ။ တို့တွေက နေ့တိုင်း Valentine, နောက်ပြီး တို့တွေက ဗမာ မဟုတ်လား တဲ့။ Romantic မဖြစ်လိုက်တာ လွန်ပါရော။ တကယ်က အဲဒီအချိန် ပန်းတွေ မတရားဈေးကြီးလို့..သိသားပဲ။
တို့က ကိုအောင်သာငယ်ဆီမှာ ပုံကိုတွေ့တော့ အမှတ်တမဲ့ မနော် ထင်လို့။ ပုံထုတ်ပါဟေ့ ပြောမိတာပါ။
နှင်းဆီဖြူလေး တပွင့်တည်း ယူသွားပြီ...

Apprenticeship said...

Number of roses:
1 ROSE: Love at first sight
2 ROSES: Mutual Feelings
3 ROSES: I Love You !!!
7 ROSES: I’m infatuated with You !!!
9 ROSES: Together As Long as We Live !!!
10 ROSES: You’re Perfect !!!
11 ROSES: You are my Treasured one !!
12 ROSES: Be my Steady !!
13 ROSES: Forever Friends !!!
15 ROSES: I’m really sorry !!
20 ROSES: I’m sincere towards You!!!
21 ROSES: I’m Committed to You !!!
36 ROSES: I’ll remember our Romantic Moments
40 ROSES: My love is genuine !!!
99 ROSES: I'll love you till the day I die
100 ROSES: I'm totally devoted to you.
101 ROSES: You're my one and only.
108 ROSES: Will you marry me?
999 ROSES: my love will last till the end of time.. ဒီမှာတော့ 99 roses တွေခေတ်စားတယ် :)
but we know valentine day is more than roman love. It's also time to remember how much God love us. May you feel His love Sister.. :)

စိုင်းစိုင်းလားရှိုး said...

ဟုတ်ကဲ့ ကျွန်တော့်ရဲ့ နှင်းဆီခြံတော့ ရောင်းကောင်းဦးမှာပေါ့လေ။ ခုတောင် အော်ဒါနဲ့ ပြည့်နေပြီ။ လိုခြင်တဲ့ ကိုကို၊ မမ များ အချိန်မှီ သတင်းပို့ပါ။

Anonymous said...

အော်

အိပ်ယာကကနိုးနိုးချင်းရုံးမသွားခင်သူ့ဝက်ဘ်ဆိုက်လေးဝင်ကြည့်မိပါတယ်
လူကိုစိတ်အနာရအောင်လုပ်တယ်၊ ပြန်လျော်ပေး။
အတိတ်ကိုတူးဆွတတ်တဲ့နေရမှာ ရှင်မေခ ကျုပ်heart ထိအောင်လုပ်တတ်တာကိုးး.....ဟိုးဟိုးဟိုးဟိုးဟိုး...............
သူငယ်ချင်းရေ ကြာတော့သည်လည်းနှင်းဆီစကားပါကွယ် ဒီအချိန်မှာကိုယ့်ဘာသာကိုယ်ဝယ်ပေးချင်ရေင်တောင်ရောင်းပေးမယ်သူတောင်ရှိတော့မယ်ထင်ဝူး.....
တော်ပြီ ရုံးကို ၀မ်းနည်းပက်လက် မျက်ရည်မထွက်ဘဲသွားတော့မယ်..............
( နှင်းဆီပန်းရောင်စုံယူသွားမယ် ဘုရားတင်ဘို့)..............

ဂျူ

Anonymous said...

မနော်ရေ နှင်းဆီအာလုံးယူသွားပါတယ်။ လောဘကြီးတယ်ဘဲ ဆိုဆို။း)
အဲအဲ အ၀ါရောင်နှင်းဆီတွေတော့ မယူတော့ပါဘူး။
jelousy ကြီး။
ဒါပေမယ့် အ၀ါရောင်နှင်းဆီတွေက friendship လို့ လဲ meaning ရတယ်လို့ ဖတ်ဖူးတယ်။
ဟုတ်လား အမ။

Anonymous said...

အာ..ဒွတ်ခပဲ..နှင်းဆီ အ၀ါ တွေက.. Jealousy တဲ့။ ဗားရှင်းအဟောင်းဆိုလည်း အသစ်ပေးပါအုံး။ နေရင်းထိုင်ရင်း..ကိုယ့်ဘလော့ဘန်နာတောင် ပြောင်းရတော့မယ်။ တပွင့်ထဲ.. I care about U နဲ့ အပွင့် ၅၀ Unditional Love ကို ပြန်သရုပ်ဖော် ပြီး ဘန်နာ လုပ်အုံးမှပဲ။

:P said...

ကလေးတွေကို ပြန်ပြောပြတာ ဖြစ်သော်လည်း.. လူကြီးလည်း ခိုးနားထောင်သွားပါတယ်...။
အစ်မပြောတဲ့ နီမင်းဆွေ ဝတ္ထုက "တောင်ဆီမှာ မိုးတွေသည်းပါလို့ " ဟုတ်လားမသိဘူး...။

Anonymous said...

အားလုံးတစ်ယောက်တစ်မျိုးပေးလိုက်မယ်
အချစ်များစွာဖြင့်သာ ပေါ့

tg.nwai said...

ပုံလေးတွေက ချစ်စရာလေးတွေ..မြန်မာပြည်ကို valentine ယဉ်ကျေးမှု ကူးစက်လာတာတောင် ဆယ်စုနှစ်ကျော်နေခဲ့ပြီပဲ..။ အရင်တုန်းက ဒါမျိုးမရှိခဲ့တာ နာတာပဲ..။ မနော် ပြောသလိုပဲ.. ကလေးတွေသာ ပျော်ပါစေတော့... ဘ၀ထဲမှာတော့ သပြေပန်းစည်းလေးပဲ လိုချင်နေမိပါတယ်..။

မနော် ဘန်နာလေးပြောင်းလိုက်ပြိလား..ရိုးရိုးရှင်းရှင်းလေးပဲ...။

Moe Myint Tane said...

နှင်းဆီပန်းကလေးတွေနဲ့ အဓိပ္ပါယ်လေးတွေကော၊ ဓါတ်ပုံလေးတွေပါ ကြည့်ရှုမှတ်သား သွားပါတယ်။ အခုလို မျှဝေပေးတာ ကျေးဇူးပါ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

The meaning of a yellow rose signifies strong feelings of pure joy, gladness, happiness and platonic friendship, in Germanic countries the meaning of a a yellow rose is different - they're used to convey jealousy.

Friendship is the main meaning of the yellow rose but it also signifies familiar love and domestic happiness. Yellow roses also symbolize fun and freedom.

Today, the yellow rose is used to embrace a new beginning, apologize or express sympathy, and to say, "remember me" , "I am sorry', or "I care." Yellow roses are appropriate for marking the beginning of a new life together or for starting all over again.

ဆရာ ၀င်ပြီးလုပ်တာမဟုတ်ပါဘူး မနော်ရေ..ရှာကြည့်လို့တွေ့တာလေး ဖြန့်ဝေလိုက်တာပါ.. ခွင့်လွှတ်ပါ။

http://ezinearticles.com/?The-Special-Meaning-of-a-Yellow-Rose&id=1229886

Anonymous said...

ဟိ.. သားသားတို့လိုကလေးတွေအကြိုက်ပေါ့စ်စ်..
သားသားသိဂျင်ဒါက ရဲတိုက်ဘေးက ကောင်မလေးက ဘူဒူလေးလဲငင်?

Anonymous said...

အရင်ခေတ်ကတော့ ကဗျာထဲမှာ နှင်းဆီပါရင် စာပေစီစစ်ရေးက ဖြုတ်ခိုင်းတာပဲ။ နှင်းဆီဆိုတာ အနီလေ။ ဘာပဲဖြစ်ဖြစ် အနီကို လက်ညှိးထိုးခဲ့တဲ့ခေတ်ဆိုပါတော့။ ဒါလည်း သမိုင်းထဲက နှင်းဆီဘာသာဗေဒလို့ ဆိုနိုင်မယ်ထင်ပါရဲ့။ ခုလို နှင်းဆီကို ချစ်ခြင်းမေတ္တာနဲ့ ဖေါ်ပြခွင့်ရတဲ့ခေတ်မှာ ပြန်ငယ်ချင်ပါသေးတယ်။ အားလုံး နှင်းဆီတပွင့်ဆီ ရကြပါစေနော်။

ATN said...

ပထမဆုံး ပုံ ကြည့်မိတာ မနော် အောက်မေ့လို့...း)
အားလုံးက နှင်းဆီ အကြောင်း အတော် သိကြပုံရ...
ကျနော်ကတော့ ဘာမှ မသိ...
ခုမှ သိရတော့တယ်...း)

Kaung Kin Ko said...

ရောင်စုံနှင်းဆီတွေရဲ့ အဓိပါယ်ကို ခုမှပဲ သိတော့တယ်။

မီယာ said...

ဘယ်လိုပဲ ပေးဖတ်ဖတ် ဘာပန်းမှ ရမှာ မဟုတ်ပါ.. ကလေးဘ၀တုန်းကလဲ မရဖူးပါ။ မတန်တဆတွေ မ၀ယ်နိုင်ဘူးတဲ့.. အိုင်ဒီယာတွေ မ၀င်နဲ့နော် တဲ့... ကိုယ့်ဘာသာကိုယ် နှင်းဆီပန်းတွေ ၀ယ်ပစ်လိုက်မယ် စိတ်ကူးတယ်။

လင်းဒီပ said...

နှင်းဆီမပါရင် အချစ်ကို ပုံဖော်လို့မရတော့သလို..
ခေတ်အဆက်ဆက် အချစ်ရဲ့ နမိတ်ပုံအဖြစ် နှင်းဆီက ရပ်တည်နေတုန်းပဲ

JulyDream said...

ဓါတ်ပုံတွေကို ကြည့်ပြီး အတော်လေး အားကျသွားပါတယ်။ အားက ၂ ခု ကျပါတယ်။

တစ်ခုက ဓါတ်ပုံပညာကိုပါ။ ရိုက်ထားတာတွေ သဘောကျလွန်းပါတယ်။ လူရုပ်တွေ ရိုက်ရင် မှုန်ဝါးနေတဲ့ ကျွန်တော့်အဖို့ အထူးကြိုးစားဖို့ လိုပါအုံးမယ်။

နောက်တစ်ခုကတော့ ဓါတ်ပုံထဲမှာ ပါတဲ့ အကြောင်းအရာပါ။ လောလောဆယ် အိပ်မက်ထဲမှာပဲ ထည့်မက်ခွင့် ရှိပါသေးတယ်။ လက်တွေ့ဘ၀မှာတော့ မျှော်...

Unknown said...

ဓါတ်ပုံတွေကြည့်ပြီး...သဘောကျတယ်ဗျို့ ...နှင်းဆီပန်းတွေ ပြောတာပါ မနော်ရေ...
ဒီပို့ စ်လေးကို တွေ့ မှ ကျနော်ကောင်မလေးကို နှင်းဆီပန်းအဖြူ ပေးဖို့ သတိရတယ် မနော်ရေ..ကျေးဇူးပါ...

pandora said...

နှင်းဆီပန်းတွေရဲ့အဓိပ္ပာယ်ကို ဖတ်သွားပါတယ်။
ညီအစ်မချင်းရော ပေးလို့ရမလား။ မ. ဘာအရောင်ပေးရမလဲ။ :)

Anonymous said...

နှင်းဆီပန်းတွေကို သဘောကျသွားပါတယ်..ခုလိုတင်ပေးတာ ကျေးဇူး...။

RePublic said...

တနေ့ က forward မေးလေးတစ်ခုဝင်လာတာ ၊၊ နှင်းဆီ ပန်းပွင့်လေးတွေနဲ့ ၊၊ လင့်ခ်မပါလဲ အတတ်သိလိုက်တယ်.. မူရင်း ပိုင်ရှင်က အစ်မ မနော်ဆိုတာကို ၊၊

ယောနသံစင်ရော် said...

နှင်းဆီဆိုတာ အကြိုက်ဆုံးပန်း...ဒါပေမဲ့ ဘယ်တုန်းကမှ မရခဲ့ဖူးဘူး... ကိုယ့်ဘာကိုယ်ပဲ သွားဝယ်လိုက်တော့မယ်...း)

မယ့်ကိုး said...

ချစ်မမ စေတနာအထူးနဲ့ မျှဝေပေးထားတဲ့ စာလေးကို မျက်ရည်နဲ့ ဖတ်သွားပါတယ်။ ပေးမယ့်သူ မရှိလို့ ... :P