ဝင်းမောင် ၏ ကဗျာများ

Friday, February 13, 2009

ကဗျာဆရာဝင်းမောင် ဆိုရင် သိတဲ့သူတွေသိကြမှာပါ။ ၀င်းမောင် ၊ ၀င်းမြင့်၊ ၀င်းလွင်..
စတဲ့ကဗျာရေးကောင်းသူတွေရောနေရင်လည်းရောနေလိမ့်မယ်။ ၁၉၉၅ - ၉၆ ကာလ
တွေဆီက ကျွန်မသူ့ကဗျာတော်တော်များများကိုဖတ်ခဲ့ရပြီး…ကူးယူသိမ်းဆည်းထားခဲ့
ပါတယ်။အဲဒီကဗျာလေးတွေကို ကျွန်မပြန်မျှဝေချင်လို့ပါ။ ပစ်ထားတာကြာနေသလိုဖြစ်
နေတဲ့ ကျွန်မရဲ့ ကဗျာဘလောခ့်လေးကိုလည်းဖုန်ခါရင်းပေါ့..း)
ကိုဝင်းမောင် ကိုကျွန်မမြင်ဖူးသိဖူးတာလည်း အဲဒီသရဖူကာလများဆီကသိခဲ့တာပါ..။
သရဖူကာလဆိုတာက သရဖူမဂ္ဂဇင်း အရှိန်ကောင်းနေတဲ့အချိန်ကိုပြောတာပါ။ စာပေနဲ့
ပတ်သက်ရင်မှတ်တမ်းမှတ်ရာအဖြစ်ထားရမယ့် သရဖူ မဂ္ဂဇင်းတွေအဲဒီတုန်းကထွက်ခဲ့
ပါတယ်။ အဲဒီတုန်းကတည်းကမြင်ဖူးခဲ့တယ်။
နောက်ပိုင်း စင်္ကြာလုလင် ဆိုပြီး မောင်သစ္စာ(သစ္စာပိုင်စိုး)တို့ ကိုနွယ်ဦးတို့နဲ့ နေလ ဂျာ
နယ်လုပ်တော့တစ်ခါထပ်ဆုံတယ်။အဲဒီမှာတော့ သူက ကဗျာဆရာမဟုတ်ဘူး။ကံကြမ္မာ
ဖတ်သူ။ ဇာတာတွက်သူ..။
နောက်ပိုင်းကျတော့ ကျွန်မလည်းကိုယ့်သောကနဲ့ကိုယ် သူလည်းသူ့ဘ၀နဲ့သူ..မတွေ့
ဖြစ်ကြတော့တာတော်တော့်ကိုကြာတယ်။ကျွန်မခရီးမထွက်ခင်လေးကမှရောက်လာ..
တယ်။ အကြွေးလာဆပ်တာတဲ့။ ဘာကြွေးလဲဆိုတော့ဇာတာကြွေး.။သားကလေးကိုဇာ
တာတွက်ပေးထားတာ။ ကိုယ်ကဖြင့်မေ့တောင်နေပြီ။
ကျွန်မသွားမယ်ဆိုတာသိတော့သူကမွေးနေ့မေးတယ်။နင့်လည်းတစ်ခုတွက်ပေးမယ်တဲ့။
ကျွန်မကမွေးနေ့လည်းပြောလိုက်ရော..သူကရယ်တယ်။ နင့်ဇာတာက နင်တကယ်လို
အပ်ရင်အနားမှာဘာမှမရှိတတ်တဲ့ဇာတာပဲ တဲ့။ ပျော်စရာကြီးနော်..း( ..သူကလုပ်ကြံ
ပြောတာမှမဟုတ်တာ။ဘာတတ်နိုင်မှာလဲ။
အဲဒါနဲ့ ..ဆရာရယ် ဇာတာလည်းဖွဲ့ တာဖွဲ့ ကံကြမ္မာဖတ်တာလည်းဖတ်ပေါ့..ကဗျာလေး
ရေးပေးပါဦး ..ဆိုမှ ကဗျာတစ်ပုဒ်နဲ့ ကျွန်မဇာတာနဲ့အတူရောက်လာတယ်။ နင် အသက်
ကြီးရင်တော့ကောင်းသွားမှာပါတဲ့..။ဘယ်လောက်ကြီးရင်လဲလို့မမေးလိုက်ရဘူး ..း)
သူ့ကဗျာလေးတွေကတော့ တကယ့်ကိုကောင်းတာပါ။
ကဗျာတွေကို ကြမ္မာဖတ်သလိုရေးသွားတဲ့ကဗျာဆရာလို့ ပြောရမလား…???
ဖတ်တဲ့သူကိုယ်တိုင်သာဆုံးဖြတ်ပါတော့လို့…။
( ကိုဝင်းမောင် ..သို့ အမှတ်တရ..)
ဝင်းမောင် ရဲ့ကဗျာများကို ကျွန်မရဲ poems i love ကဒီနေရာမှာ..ဖတ်နိုင်ပါပြီ..။


2 Comments:

Anonymous said...

မျှဝေပေးတာ ကျေးဇူး အထူးတင်ပါတယ်ဗျာ :)

Moe Myint Tane said...

အမရေ ကဗျာကောင်းလေးတွေ ဖတ်ရတဲ့အတွက် ကျေးဇူးပါ အမရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်