လောကီပညာ

Thursday, January 8, 2009

မနေ့ကမှစာအုပ်တွေရှင်းရင်းစာအုပ်တွေထဲမှာ လောကီပညာနဲ့ပတ်သက်တဲ့စာအုပ်တွေတော်တော်
များများရှိနေတာသတိထားလိုက်မိတယ်။ ညကျတော့ 5series က Bewitched ဆိုတဲ့ကား
လေးကြည့်လိုက်ရတယ်။ အမှန်က ကြည့်နေကျပါ။ စနေ၊တနင်္ဂနွေလာလည်းကြည့်တယ်။ အင်္ဂါ
လာလည်းကြည့်တယ်။ သားကသဘောကျတာကိုး။ အမှန်ဆိုရင် ကျွန်မကိုယ်၌က ဘယ်လိုဟာ
က witch ဘယ်လိုဟာက wizard ဘယ်လိုဟာက sorcerer ဘယ်လိုဟာက magician
ဆိုတာတောင်သိပ်မကွဲပြားချင်ပါဘူး။
ဒါပေမယ့် သူတို့ဟာသူတို့ဘာဖြစ်ဖြစ်...တစ်သက်နဲ့တစ်ကိုယ်စိတ်ကူးမယဉ်စဖူးယဉ်လိုက်မိတယ်။
ဒါကြောင့်..craton ဆိုတဲ့ကလေးတက်ခ်ထားတာကိုပါ အကြွေးဆပ်တဲ့အနေနဲ့ ကျွန်မတို့သား
အမိ..(သားကိုကိုပြောနေကျစကားနဲ့ဆိုရင်တော့ သားအမပေါ့..း) သားအဖ ဆိုရင် သားအမ
ပဲဖြစ်သင့်တယ်ဆိုပဲ..) စိတ်ကူးယဉ်မိတာလေးတွေကိုပြောပြချင်မိလို့ပါ။

* * * * * * * * * * * * * * * * *
“လေယာဉ်လက်မှတ်မ၀ယ်ခင်သာဒီပညာရလိုက်ရင် မေမေတောင်ပိုက်ဆံမကုန်တော့ဘူးနော်”
“အင်း...ဟုတ်ပ သားရယ်..ဒါပေမယ့် ..တစ်ခုတော့ကောင်းတာပေါ့...လေယာဉ်နဲ့သွားတဲ့အခါ
လည်းသွားတာပေါ့...”
“ နေ့လည်ကျောင်းတက်ရမယ့်အချိန်ဆို ကိုကိုကကျောင်းတက်မယ်။မေ.က ရုံးသွား..ပြီးရင်ပြန်လာ
ပြီးညကျရင် ဖီးဖီးတို့နဲ့လာပြန်အိပ်မှာပေါ့..”
“အင်း..ကောင်းတယ်။ ဒါပေမယ့်...”
“ အာ..ဘာဒါပေမယ့်ကပါလာပြန်တာလဲ..ဒီလောက်အဆင်ပြေနေတာကို”
“ မေ..တို့က သွားမယ်လို့ပြောထားပြီးပြီလေ..ပြီးတော ဒီပညာဆိုတာကလူသိခံရတာမဟုတ်ဘူး၊
လူတွေက witch တွေ wizard တွေဆို လူဆိုးတွေလို့ပဲထင်တတ်ကြတယ်လေ..”
“ အာ..မာမားကလဲ..စမန်သာလို ဟယ်ရီပေါ်တာ တို့လိုဆိုဘာပြောမလဲ”
“ အင်းလေ...ဒီမှာကျတော့..ဒီပညာကိုမကောင်းတဲ့စိတ်ရှိတဲ့သူတွေကသုံးမိတာများလို့လားမသိဘူး
ဘယ်သူမှလက်ခံချင်မှာမဟုတ်ဘူး”
“ အိုး..လက်ခံခံ မခံခံလေ..ကိုကိုတို့ နေ့တိုင်းမြန်မာပြည်ကိုပြန်လို့ရတယ်။သူငယ်ချင်းတွေကိုတွေ့
ချင်တဲ့အချိန်တွေ့လို့ရတယ်။မာမားလည်း အလုပ်ရှိရင်ပြန်လာလုပ်..ပြီးရင်ပြန်လာခဲ့..ဘယ်လောက်
ကောင်းလိုက်သလဲ”
“အင်းပါ သားရယ်..ကောင်းတယ်..လာသွားရအောင်”

* * * * * * * * * * * * *

အဲဒီလိုနဲ့ ကျွန်မတို့ ကဝေတို့တတ်အပ်သောပညာနဲ့ မိဘတွေနဲ့လည်းနေရ..သားကလေးလည်းကျောင်း
တက်မပျက် ၊ကျွန်မလည်းအလုပ်မပျက်နဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံကို အဲဒီလို ကူးလူးသွားလာနေလိုက်တာ
ကျွန်မတို့မြန်မာပြည်ပြန်လာမှန်းလည်းဘယ်သူမှမသိလိုက်ဘူး။ ဟိုကနေ..ထွက်သွားလိုက်မှန်းလည်း
ဘယ်သူမှမသိလိုက်ဘူး။
ပြန်လာရင်လည်း..မုန့်ဟင်းခါးတွေ၊ပုန်းရည်ကြီးတွေ၊လက်ဘက်နဲ့အကြော်တွေ၊ပြည်မလိုင်တွေ၊မေမြို့ပဲပွ
ကြော်တွေ၊တင်တင်အေးထိုးမုန့်နဲ့ပဲလမုန့်တွေ သယ်လာလိုက်သေးတယ်။ ငါးရံ့ခြောက်နဲ့ ပုဇွန်ခြောက်
ငါးကျည်းကြပ်တိုက်နဲ့ ငါးသလဲထိုးတွေလည်း မကြာခဏသယ်လာလို့ရတယ်။ စားချင်တယ်ဆိုရင် ရာသီ
အလိုက်မှရတတ်တဲ့ အင်ဥတွေ၊မှိုတွေ၊ကိုင်းဥတွေ၊လည်းသယ်လာလို့ရသေးတယ်။
ဘာစာအုပ်ထွက်ထွက် အချိန်မဆိုင်းသွားဝယ်ပြီး ဘလော့ခ်မှာပြန်တင်ပေးလိုက်ရုံပဲ...။သီချင်းတွေဆို
လည်းဒီလိုပဲပေါ့။ ဟော..၁၃ရက်နေ့မှလုပ်မယ်ဆိုတဲ့ ငြိမ်းချမ်းဆု ရဲ့ပန်းချီပြပွဲကိုလည်းခပ်တည်တည်နဲ့
မယောင်မလည်လာကြည့်လို့ရသေးတာပဲ..။အဓိကရှောင်ရမှာက သွားတော့မှာမို့လို့အမှတ်တရဆိုပြီး သူ
စုထားတဲ့ ဦးသက်ညွန့် ပန်းချီကားတွေကိုစီးရီးလိုက်လက်ဆောင်ပေးလိုက်တဲ့ ကျောင်းဆရာ(မျိုးဆွေသန်း)
ပါပဲ..။ပြီးတော့ ခပ်တည်တည်နဲ့အခွေလေးတစ်ခွေလက်ဆောင်လာပေးပြီး တစ်နှစ်အတွင်းပြန်မလာခဲ့နဲ့
လို့ပြောတဲ့ ဝေမှူးသွင်..။သူတို့ကိုမတွေ့အောင်ရှောင်နိုင်ရင်ရပြီလေ။း)
လက်ဖျောက်လေးတစ်ချက်တီးလိုက်ရုံနဲ့လိုရာရောက်နိုင်တဲ့ပညာဆိုတာနည်းလား....။ပျင်းရင် အဘဟိုနဲ့
သွားတွေ့တယ်ဆိုတဲ့ မချောအိဆီသွားလည်လိုက်ဦးမလား...ရတယ်။ နေရတာတောင်နဲ့မြောက်လို့ပြော
တဲ့ ကေ့ဆီလည်းနေ့တိုင်းထမင်းသွားစားနိုင်တယ်။ ဒိထက်ပျင်းလာရင် အမေရိကန်ဖက်သွားပြီး ကလိုစေး
ထူးတို့ မိုးချိုသင်းတို့ ကိုအောင်သာငယ်တို့ဆီသွားနိုင်သေးတယ်။ တစ်ခါတစ်လေတော့လည်း ဂျပန်သွားပြီး
အူဒူခေါက်ဆွဲသွားမြည်းမှာပေါ့။ နောက်..မလေးရှားက တူတော်မောင်ဆီလည်းဝင်လည်မယ်။ စလုံးက
ပန်ဒိုရာတို့ SST တို့ တင်မင်းထက်တို့ ဆီလည်းသွားလို့ရတာပေါ့။
တစ်ခါတစ်လေတော့လည်း အောက်စဖို့လိုကျောင်းတော်ကြီးက အတန်းတစ်တန်းထဲမှာ လက်ချာသွားထိုင်
နားထောင်ချင်နားထောင်နေမယ်လေ။ဘယ်လောက်ကောင်းလဲ...။
သိပ်လွမ်းလာရင်တော့ မနက်စောစော မှာ ပုဂံလမ်းပေါ်လမ်းသွားလျှောက်မှာပေါ့။စစ်ကိုင်းလမ်းထောင့်
ရောက်တဲ့ထိလျှောက်ပြီးရင် မြကျွန်းသာ ကအန်တီဆီမှာ လက်ဘက်ရည်သွားသောက်မယ်။အကြော်စားမယ်။
နေ့လည်နေ့လည်မြန်မာထမင်းဟင်းစားချင်လာပြီဆိုရင်တော့ မြသဇင် ကအန်တီမြဆီထမင်းသွားတောင်းစား
မှာပေါ့။
သူတစ်ပါးကိုစချင်နောက်ချင်ရင် လေထန်ကုန်းဖက်ခပ်တည်တည်နဲ့လျှောက်သွားပြီးကိုယ်ယောင်ပြ..ပြီးမှ
ဖျတ်ကနဲကိုယ်ယောင်ဖျောက်ပြီးပြန်လာခဲ့....ဒါဆို သူတို့ဇဝေဇ၀ါနဲ့ကိုယ့်အတင်းတွေထိုင်ပြောနေကြလိမ့်
မယ်။
အဲ...နောက်တစ်ခုရှိသေးတယ်။ အဲဒါကတော့ အကောင်းဆုံးနေမှာ..အဝေးရောက်နေတဲ့ ကိုယ့်အစ်ကို
အစ်မတွေဆီသွားပြီးစကားစမြည်လေးခိုးပြော၊လိုတာလေးသွားပေးနိုင်မှာလေ...။
ကဲ....စိတ်ကူးယဉ်တာလည်းများသွားပြီ။
ဇော်ဂျီတစ်ကောင်ကိုလိုက်ဖမ်းရတာလူလည်းဖတ်ဖတ်ကိုမောသွားတာပဲ.....
မဟုတ်ရင်ဒီပို့စ်ကတင်နိုင်မှာမဟုတ်ဘူးလေ.......
craton တစ်ယောက်ကျေနပ်နိုင်လောက်ပါရဲ့...။


11 Comments:

Anonymous said...

နာ့ဆီလည်းလာဝူး
ခေါ်တော့ဘူး
ဂလောက်မက်ဂျစ်အတတ်ရှိတာတောင်
နာ့ကိုအဖက်လုပ်ဝူး
ငိုပြီ ......... နဂိုကမှငိုချင်နေတာ
အေးပေါ့လေ အေးပေါ့
အနီးဆုံးတွေကို မေ့မေ့ပြီး
အမေကျော်ဒွေးတော်လွမ်းပြီပေါ့ ခုတော့
ဟားဟား...........
နာတော့လာမှာဘဲ နောက် ၃လလောက်ဆို
လာလည်မှာ မခေါ်လည်းအတင်းကို လာမှာ
ဒါဘဲ...............


ဂျူ

kay said...

မနော်ရေ- တကယ်တော့.. တစ်တိုက်ထဲမှာ အရှေ့နဲ့အနောက်ဖြစ်နေတာ.. နီးလျက်နဲ့ဝေး
ဒါပေမဲ့.. wizard ရှိတယ်လေ.. လူချင်းလဲ တွေ့ကြအုံးမယ်။း)

အားလုံး အဆင်ပြေပါစေ။

ဆောင်းယွန်းလ said...

မနော်ကကျနော်တို့ဆီကိုလည်းလာလည်ဖို့သတိမရဘူး
မျက်နှာလိုက်တယ်...ဟဲဟဲ..နောက်တာနော်
ခင်မင်လျက်....

Moe Cho Thinn said...

ကဲ ဒီသားအမ (ကိုကိုပြောသလို လိုက်ပြောတာ) လာလည်ရင်တော့ တို့ပါ သွားလေရာ အတူလိုက်ချင်လို့ ကလေး လက်ဆွဲထားမှပဲ ထင်ပါရဲ့။

Anonymous said...

အမ ပြောတဲ့ မက်ဂျစ်လေးတတ်ချင်လိုက်တာနော်။ ဒါဆိုရန်ကုန်ကို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားလို့ ရမှာ။

ATN said...

ကျနော်ကတော့ Harry Potter လို Wizard တယောက်ပဲ ဖြစ်ချင်တယ်... ဘာမှ မဟုတ်ပါဘူး သူငယ်ချင်းတွေဆီ သွားလည်ချင်လို့...း)

April said...

မ..
တကယ် အဲဒီ magic တတ်ရင် ကောင်းမယ်နော်... ဒါဆို အမြဲ မြန်မာပြည်မှာ တွေ့ရမှာ...

မိုးနေ

ယောနသံစင်ရော် said...

မနော်... ထူးဆန်းစွာလာတူနေကြတယ်နော်။ ခုတလောလေးမှာမှ .. အရင့်အရင် တွေကထက်ပိုပြီးလွမ်းနာကျနေတယ်.. အမရယ်. ။ ဘယ်လောက်လွမ်းလည်းဆိုရင်... ကွန်ပျူတာ နားတောင်မသီချင်လောက်အောင်ကိုဖြစ်နေတယ်။ စိတ်ကျနေတယ်ဆိုရင်လည်းရနိုင်ပါတယ်။ ..

ဟယ်ရီပေါ်တာလိုတံမြက်စည်းစီးပြီးပျံနိုင်ရင် အရမ်းကောင်းမှာပါပဲ.။

အမလည်းစိတ်ကူးလေးတွေ ..ပြည့်ဝပါစေနော်။

Anonymous said...

တကယ်မမြင်မိလို့ပါ အန်တီနော်ရယ်.. ဟင့်ရွှတ်..
ဂရုမစိုက်တာမဟုတ်ရကြောင်းပါ။ လိုက်တောင်မလည်ဖြစ်လို့ပါ။း(
ခုသေချာဖတ်တယ်နော်.. ဟဲဟဲ..
တူတောင်မောင်လေးဆီ လာလည်မယ်ဆိုတဲ့အတွက်
အတိုင်းမသိဝမ်းမြောက်၏။ ပီးတော့ စားစရာတွေကလည်း သားကနဂိုတည်းကငတ်နေတော့ သွားရည်တောင်ကျချင်ချင်။ စားချင်လိုက်တာ..း(

(အဆင်ပြေပါစေအန်တီနော်)

emayarKhin said...

အင်းနော်...မ..ရေးပြသွားတော့လည်း
ဒီပညာတတ်လိုက်ချင်ရဲ့...အမရာအတွက်ဒီ
ပိုစ့်လေးကကွက်တိပဲ....လေယာဉ်ခမတတ်နိုင်လို့
အိမ်မပြန်ရဘူး....မ..ရယ်....အိမ်ပြန်ချင်တယ်......

Anonymous said...

စလုံးဘက်များရောက်ရင် တကယ် ၀င်လာခဲ့ပါ။

ဆလိမ်ဘက်ဆိုရင်တော့ ကိုယ့်ဖာသာသွား မလိုက်ဖူး
(ဆ = ဆိုမာလီ :P)

ခင်မင်လျက်
တင်မင်းထက်