သားကလေးရဲ့စာမျက်နှာ

Wednesday, December 24, 2008

သားကလေးရဲ့စာမျက်နှာ
မနေ့ကသားကလေးက သူ့ကျောင်းကသူငယ်ချင်းတွေနဲ့ gathering တစ်ခုလုပ်တယ်။ကျွန်မ
အိမ်မှာကပစ္စည်းတွေသိမ်းထုတ်ထားတာအထုတ်တွေအထုတ်တွေနဲ့။ အိမ်သစ်ကကျတော့မ
နေ့ကမှစပြီးအခန်းဖွဲ့ရတယ်။ဒါနဲ့သားသူငယ်ချင်းကောင်းမြင့်မိုရ်လွင် ရဲ့အိမ်မှာလုပ်ဖြစ်တယ်။
ကောင်းကောင်းအမေနဲ့ ကျွန်မကလည်းအတော်လေးကိုခင်မင်သံယောဇဉ်ရှိကြတာကိုး..။
ကျောင်းမှာတော့သားကတစ်တန်းလုံးနဲ့ချစ်ချစ်ခင်ခင်ရှိပါတယ်။ အဲဒီထဲမှာမှ ကောင်းကောင်း
ရယ်၊မင်းကောင်းထက်ကိုကို ဆိုတဲ့ကလေးရယ်၊ခင်မြတ်ထက် ဆိုတဲ့ကလေးမလေးရယ်ကို
တော့အတော်လေးခင်ပါတယ်။အဲလိုပဲ ကောင်းကောင်းအမေ၊မင်းကောင်းမေမေ၊ခင်မြတ်ထက်
မေမေနဲ့ကျွန်မတို့ကလည်းအတွဲပါ။
ကျွန်မကအလုပ်တွေဆယ့်နှစ်ရာသီရှုပ်နေတတ်တဲ့သူဆိုတော့ ကျောင်းကြိုကျောင်းပို့တွေမှာ
အရင်..သား ကေဂျီ တက်တုန်းကလိုမျိုးအမေချင်းသိပ်မတွေ့နိုင်ကြတော့ဘူး။ဒီတော့ ကျွန်မ
တို့ကျောင်းစအပ်တဲ့နေ့တွေ၊စာမေးပွဲနောက်ဆုံးနေ့လိုနေ့တွေမှာ တွေ့ကြပါတယ်။သူတို့က
ကျွန်မကိုလှမ်းလှမ်းပြီးခေါ်တတ်တယ်။
ဒီနေ့ကတော့သား သမီးတွေအပြင် အမေတွေရော ဆရာမတွေရောတွေ့တာလေ…ကျွန်မနဲ့
သားက ခရီးရှည်တစ်ခုထွက်ကြမှာမို့နှုတ်ဆက်ကြတာလည်းပါတာပေါ့..။ ပြောတော့သာခရီး
ရှည်…ကျွန်မတို့သားအမိအတွက်ကတော့ တိုအောင်ကြိုးစားဖို့ပဲဆုတောင်းနေကြတယ်။ဟိုက
စောင့်နေမယ့်မိသားစုသိရင်တော့စိတ်ကောင်းမှာမဟုတ်ဘူး။ဒါပေမယ့် ဒါဟာ တကယ့်ဖြစ်ရပ်
မှန်ပါပဲ။
သားက ခရီးကိစ္စပြောလိုက်ရင် ငိုပြီ။ တစ်နေ့ညကလည်းတစ်ညလုံးငိုတယ်။အမေနဲ့သားနဲ့ငို
ကြချော့ကြနဲ့..အိပ်လည်းမအိပ်နိုင်ဘူး။နောက်နေ့ကျတော့ ဆရာမ မွန် ကပါပြောလာတယ်။
ခုတလော ခေတ်နေ ကအတန်းထဲမှာငို ငိုနေလို့စိတ်မကောင်းကြဘူး..သူငယ်ချင်းတွေကချော့
နေကြတယ်လို့ပြောတယ်။သူမသွားချင်ဘူးလို့ပြောပြောပြီငိုလို့ ဆရာမ စီစီ ကတော့ လူကြီး
ပီပီ သူများတွေတောင်မရနိုင်တဲ့အခွင့်အရေးမို့ လက်လွတ်မခံသင့်တဲ့အကြောင်းနဲ့ သူ့ကိုကြိုး
စာဖို့တွေမှာတယ်။ ဆရာမစီစီ ကိုတော့ကြောက်တဲ့တွက် သူ့ရှေ့မှာတော့မငိုဘူးတဲ့…။ဒါပေ
မယ့် ဆရာမကိုယ်တိုင်လည်းစိတ်မကောင်းရှာပါဘူး။
ကျွန်မလည်း ကိုယ်တိုင်က စိတ်လက်မပါရတဲ့ထဲ သားကလေးကပါအဲလိုဆိုတော့စိတ်ထဲမ
ကောင်းဘူး။ခွဲခွာခြင်းတွေ ကွေကွင်းခြင်းတွေဆိုတာတော့လာမှာပါပဲ…ဒါပေမယ့် သူ့ဆီရောက်
လာတာတစ်ဆိတ်များစောနေသလားလို့ ။ တချို့ကတော့ပြောတယ်။ ကလေးပဲ..ခဏပါ…..
တော်ကြာနေပျော်သွားမှာပဲ…တဲ့။ ဒါပေမယ့် ကျွန်မက ကျွန်မမွေးထားတဲ့သားအကြောင်း
ကျွန်မသိတယ်။ သူက သာမန်ကလေးတွေနဲ့မတူဘူး။ ပျော်ရင်လည်းတိတ်နေတတ်ပြီးဝမ်း
နည်းရင်လည်းကြိတ်နေတတ်တဲ့ကလေးမျိုး…။
တစ်ယောက်တည်းလည်းနေတတ်ပြီး အမြဲတမ်းတစ်ခုခုကိုမရပ်မနားလုပ်နေတတ်တဲ့ကလေး
လည်းဖြစ်တယ်။ ပန်းချီဆွဲရင်ဆွဲ မဆွဲရင် အခွေတွေကြည့်ပြီး အဲဒီထဲကပုံတွေကြည့်ဆွဲတတ်
သေးတယ်။ အရင်ကတော့ကိုထိန်လင်း က ပန်းချီဆွဲရအောင်ဆိုရင်ထွက်ပြေးတတ်တဲ့ကလေး
ကခုတော့ ပန်းချီပုံတွေကိုဆွဲနေပြီ..။ ကျွန်မကတော့ သူ့ကိုအားပေးတယ်လဲမဟုတ်တားလည်း
မတားဘူး။ သူ့ရဲ့မွေးရာပါဗီဇအတိုင်လာမှာပဲလေ..။
ခုချိန်ဟာ သားအမိနှစ်ယောက်အတွက် တကယ့်ကို လမ်းခွဲတစ်ခုဆီရောက်နေတာ။အင်း..
တစ်ခုပဲ..အဲဒီလမ်းခွဲဟာ ကျွန်မက သားကလေးအတွက်ပြင်ဆင်ပေးခဲ့တာသာမဟုတ်ရင် အဲဒီ
လမ်းကိုကျွန်မလည်းခွဲထွက်လျှောက်ချင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ဟာ အသားကျမှုတွေနဲ့
အသားသေနေတာမျိုးမဟုတ်ပဲနဲ့ကို ဒီနေရာလေးမှာပျော်မွေ့နေကြတာ..ကျိမ်စာတစ်ခုတော့
မဟုတ်လောက်ဘူးလို့ယုံကြည်နေချင်တယ်။


Morris,မင်းကောင်းထက်၊ကျော်လင်းအောင်၊ခေတ်နေ၊ပြည့်စုံအောင်၊ကောင်းမြင့်မိုရ်၊ Susan Tun Tun,ခင်မြတ်ထက်၊မေယွန်းပွင့်
သားကလေးနဲ့သူ့သူငယ်ချင်းတွေ


9 Comments:

Anonymous said...

ခရီးထွက်ပြီး ပြန်လာရမှာမှတ်လား။ ခဏလေးကို ညီလေးကဘာလို့ စိတ်မကောင်းဖြစ်တာလဲ။ အန်တီနော်လည်း ဘာလို့ငိုလဲဆိုတာတော့ သိချင်သား။ ဒါပေမယ့် အမြဲတမ်း လိုက်လိုက်စပ်စုပြီး ဒီကလေးရှုပ်တယ်ထင်မှာစိုးလို့ အန်တီနော့်ကို
အနှောင့်အယှက်မပေးချင်ပါဘူး။ စိတ်မရှိပါနဲ့ဗျာ။ နဂိုဗီဇကိုက ဟိုဟာလည်းသိချင်၊ ဒီဟာလည်းသိချင်မို့ပါ။း(

Anonymous said...

ဘာပဲဖြစ်ဖြစ်ပါ။ မဖြစ်မနေလုပ်ရမယ့် ကိစ္စတစ်ခုဆိုရင်တော့ မသွားလို့မှမဖြစ်တာ။ အပျော်ရွှင်ဆုံးခရီးလေးတစ်ခု ဖြစ်အောင်ကြိုးစားရုံပေါ့။ သားလည်းဆုတောင်းပေးနေပါ့မယ်။း)

tg.nwai said...

မနော်ရော..သားလေးပါ အစစ အရာရာ အဆင်ပြေချောမွေ့ကြပါစေ..

ယောနသံစင်ရော် said...

မနော်တို့ သားအမိနှစ်ယောက်သွားမဲ့လမ်းခရီးမှာ အဆင်ပြေချောမွေ့ပါစေ။ သားလေးခေတ်နေ လည်း ပျော်ရွှင်ပါစေ...။ သားလေးအတွက် Santa Claus ဘိုးဘိုးက ပျော်ရွှင်ခြင်းတွေအပြည့်ထည့်ထား တဲ့ သေတ္တာလေးယူဆောင်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Moe Cho Thinn said...

ခရီးထွက်ကြမယ်လား။ သားအမိနှစ်ယောက် အတူသွားရတာပဲဆိုတော့ ကလေးလဲ နောင် ပျော်သွားမှာပါ။ ကလေးဆိုတာ သူတို့ပျော်နေကျ အသိုင်းအ၀ိုင်းလေးမှာပဲ နေချင်ကြတာ သဘာဝပဲ။ လူကြီးက လိုက်ငိုနေလို့ မဖြစ်ဘူးလေ မနော်.. :)

ဆောင်းယွန်းလ said...

မနော်နဲ့သားလေးခေတ်နေတို့ပျော်ရွှင်ဖွယ်ရာခရီးလေး
တခုကိုဖန်တီးနိုင်ကြပါစေ..
ခင်မင်လျက်...

Anonymous said...

မေခ နဲ့ သားကလေးကိုကို

ပျော်ရွှင်ဘွယ်ခရစ်စမတ် ဖြစ်ပါစေ....ဆုတောင်းတယ်
ဒီ အကွေ့ကလေးက ကောင်းသောအကွေ့ကလေးပါ၊
ကိုကို့အတွက် ပိုများတာပေါ့လေ။
ခဏခဏကိုယ်တို့စာတိုစာရှည်တွေရေးခဲ့ကြတဲ့အတိုင်း
မိခင်တစ်ယောက်ရဲ့ချစ်ခြင်းနဲ့တည်ဆောက်ပေးမယ့်
ဒီလမ်းခရီးတဆစ်ချိုးဟာ ကောင်းခြင်းတွေဘဲလာမှာ၊
၂၀၀၉ တဲ့ ၊ မာစတာနံပါတ် ၁၁ ပါသူငယ်ချင်း၊
ယုံယုံကြည်ကြည်ကို ကွေ့လိုက်ကြရအောင်၊
တစ်ခါတစ်လေမှာ ဘ၀အမောတွေဆက်တိုက်လာ
တတ်တယ်၊
မောခြင်းနဲ့ ဆိုတာရှိမှလည်း အမောပြေစေတဲ့
အရိပ်ဆိုတာကိုရှာတော့မပေါ့သူငယ်ချင်း ၊
အရိပ်တစ်ခုခိုင်ခိုင်မာမာရဘို့လောလောဆယ်တော့
မောလိုက်ကြစို့သူငယ်ချင်း

Merry Christmas !!!!

P.S.. ရှင်တို့ကိုအရင်နှုတ်ဆက်ဖြစ်တာ
အမအရင်းခေါက်ခေါက်မွေးနေ့နဲ့ ခရစ်စမတ်တောင်
အိပ်ချင်မူးတူးနဲ့နှုတ်ဆက်ရမှာ...

ဂျူ

Anonymous said...

သားလေးနဲ့ မေမေရေ- နောက်တော့ပျော်သွားမှာပါလို့..
ကဒ်တောင်ကြိုပို့ထားတယ်
ကြားကာလ..အခြေအနေဆိုတာ.. ခက်ခဲတတ်တာမျိုးပဲ

April said...

Merry X'mas!!!
မနဲ့ ခေတ်နေလေးရဲ့ ခရီးလမ်းလေး သာယာဖြောင့်ဖြူးပြီး ပျော်ရွှင်ပါစေ။ မနဲ့ ခေတ်နေလေး ငိုနေတယ်ဆိုတော့ စိတ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ်ပါ မတို့ရဲ့ ခရီးလမ်းခွဲလေးက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေမှာ သေချာပါတယ်။

ချစ်ခင်လေးစားလျက်
မိုးနေ