ခွင့်

Thursday, November 6, 2008

ကွန်နက်ရှင်ကခုတလောပိုဆိုးလာသလိုပဲ...ကျော်မရပြုမရနဲ့...လူကလည်းအခြေနေက
တော်တော်လေးဆိုးနေတယ်.စိတ်ကောလူကောကိုအခြေအနေမကောင်းတာ...
လုပ်စရာတွေကအများကြီး..ဘာမှလည်းမလုပ်ချင်ဘူး...မလုပ်လို့လည်းမရဘူး
စိတ်တွေအခြေအနေမကောင်းရင်လုပ်နေကျ အတိုင်းကဗျာတွေဖတ်တယ်..
စိတ်ခွန်အားကိုဖြစ်စေတဲ့ကဗျာမျိုး....လင်းဒီပ ရဲ့ကဗျာ(ပြီးခဲ့တဲ့တနင်္ဂနွေ)လို
လူကိုပျော့ခွေသွားစေမယ့်ကဗျာမျိုးကျတော့
အန္တရာယ်များတယ်...အဲဒီကဗျာဖတ်ပြီးလူက အိပ်မက်ထဲတောင်မှ..ခြောက်သွေ့တိတ်ဆိတ်နေတဲ့လမ်းတွေပေါ်လျှောက်သွားနေမိတာ..
ခြောက်ခြောက်ခြားခြားကြီးကို အထီးကျန်ဆန်လို့...အိပ်မက်ထဲမှာခေါ်တဲ့ဖုန်းတွေကလည်း
ကွန်နက်ရှင်တွေပြတ်လို့ ....ကိုယ့်ဆီမှာက
သူငယ်ချင်းခေါ်စရာ ပန်းခြောက်အိုးလေးတောင်မရှိဘူးဆိုရင် သူသနားရှာမှာပဲ...း)....
ကိုလှသန်းကဗျာတွေကိုအလောတကြီး(ဖတ်စေချင်တဲ့စေတနာနဲ့)
ရိုက်အပြီးမှာလူကခြေကုန်လက်ပမ်းတွေပဲကျလာသလိုနဲ့
ကယောင်ခြောက်ခြားတွေဖြစ်နေလို့....
ပို့စ်လေးတွေမတင်နိုင်သေးရင်ခွင့်လွှတ်ပါလို့....


15 Comments:

P.Ti said...

ခွင့်လွှတ်ပါတယ်... အဲ... စတာ...
အေးအေးဆေးဆေး အနားယူလိုက်ပါ... တခါတလေ ရေးတာများရင် ဖတ်တာများရင် စိတ်ပင်ပန်းသွားတတ်တယ်...

ဆောင်းယွန်းလ said...

စိတ်တွေကိုအနားယူပစ်နိုင်ပါစေအမရေ...

လင်းဒီပ said...

အယ် ..အစ်မရေ..အဲလောက်တောင် ခြောက်သွေ့နေလို့လား..နားလိုက်ဦးအစ်မ နားလိုက်ဦး..နောက် connection ကောင်းပြီး..လူလည်းလန်းမှ..online ပေါ်ပြန်တက်လာပေါ့..
ပျော်ရွှင်ပါစေ

pandora said...

မ ရေ.. ကောင်းကောင်း အနားယူပြီးမှ ပြန်ရေးနော်။

စေတနာနဲ့တင်ထားတဲ့စာတွေကို အချိန်ရတိုင်း လာဖတ်နေပါတယ် မ ရေ။

s0wha1 said...

ဒီနေ့ ခွင့်ယူတဲ့ပို့စ် ဖတ်ရတာ နှစ်ယောက်ရှိပြီ။ မနော်... ကျန်းမာ၊ ချမ်းသာပါစေလို့။

Anonymous said...

စာတွေများများ ဖတ်နိုင်အောင်လို့ စာရေးသူ နဲ့ ကိုးနတ်ရှင် တို့ ကျန်းမာကြစေသား ဗျာ....။

Zephyr said...

စိတ်အေးချမ်းအောင် အနားယူလိုက်ပါဦး အစ်မရေ ...
connection အတွက်ကတော့ နောက်ထပ် service provider အသစ်တွေ ထပ်ရောက်လာမှပဲ ပိုအဆင်ပြေမယ်ထင်တယ် ...။ ... ... ... Peace B with U sis. ...

:P said...

့ဖြည်းဖြည်းရေးတာပေါ့အစ်မရေ....
နေကောင်းအောင်နေပါ

(တေးမွန်) said...

အေးအေးဆေးဆေးပေါ့.. အမ။
:)

မျိုးကြီး သီးချင်းနားထောင်လိုက်.. ဟိုသီချင်း.. အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံးနေဖို့ .. ဆိုတဲ့ ဟာ

:D

လင်း said...

စိတ်တွေကို သေချာအနားပေးလိုက်ပါ။ အားမွေးပြီး ပြန်လာနော်။ မျှော်နေမယ်။

Anonymous said...

please take care of yourself!
take care of yourself!

we all value your great works!

we hope you are well and back to normal greatly soon!!!

MANORHARY said...

p.ti : ခွင့်လွှတ်တဲ့တွက်ကျေးဇူးတင်ပါတယ်။

ဆောင်းယွန်းလး စာတွေဖတ်ပြီးအနားယူနေတယ်“

လင်းဒီပး အပြစ်ရှိတယ်လို့များမခံစားရဘူးလားဟင်း)
အလကားစတာပါ..ကဗျာကလေးကကောင်းပါတယ်။
သွားတိုက်ဆိုင်တဲ့ခံစားချက်ကမကောင်းတာပါ..

pandora : မ စာတွေကိုအမြဲလာဖတ်ပေးနေတဲ့အတွက်ကျေးဇူးပါ။

s0wha1 : ချိုသင်းခွင့်နဲ့အမခွင့်ကမတူပြန်ဘူးး)

ဒူကဘာ၊လင်း၊တေးမွန်၊sin dan lar,zephyr,
yathazoe ....အားလုံးကိုကျေးဇူးပါ

Anonymous said...

အစ်မလည်း နားဖို့ လိုတယ်နော့် စိတ်တွေကို ခဏတော့ရေလောင်းပေါင်းသင်ကြစို့  =)

Anonymous said...

ခွင့်မလွှတ်ပေးနိုင်ပါဘူး
excuse လုပ်တာလား
မရဘူးနော် ၊ စာရေးဆရာဆိုတာ
ကိုယ့်ကိုယ်ကိုမပိုင်ဘူးဆိုဘဲ
နားချင်တိုင်းနားခွင့်မပေးဘူး
ဆက်စာရေး........ ဒါဘဲ

( အဲလိုပြောခံရရင်ဘယ်လိုနေမလဲဟင် )

ဂျူ

:P said...

ခွင့်စေ့သွားပါပြီရှင်...:D