အမည်မဲ့

Sunday, October 12, 2008



ကိုယ့်ကိုယ်ကိုခံစစ်လို့သဘောထားပြီးတိုက်ခဲ့ရတဲ့နေ့တွေတုန်းက ရေးထားခဲ့တာပါ..
ကြာပါပြီ...တော်တော့်ကိုကြာပြီလို့ထင်ရလောက်အောင် ပါပဲ..

အမည်မဲ့

မကြားရတော့တဲ့သတင်းက
သွေးအေးအေးနဲ့ ရက်စက်လွန်းတယ်..။

ခန္ဓာကိုယ်ပြင်ပကရောက်လာတဲ့ရာသီဥတုက
ဘကြီးအောင်ညာတယ် ..တဲ့လား..။

မတော်တဆထွက်ခွာသွားခဲ့ရတာပါ
ပွဲချိန်မစေ့သေးတဲ့ကြေးထပ်လောင်းကစားပွဲမှာ
ဆေးရိုးသည်ကကန့် လန့် ကန့် လန့် …။

ဘ၀ဟာ ရွဲကုန်သည်ပြဇာတ်လည်းမဟုတ်လေတော့
ငိုလည်းပုလဲမဖြစ်..ရယ်လည်းရွဲမဖြစ်
တစ်ကျော့ပြီးတစ်ကျော့ပြန်ပြန်လာနေတဲ့
မျက်ကန်းတစ္ဆေမကြောက်များ
အကျွတ်တရားရကြပါစေ..။

ဘက်မညီဘူး
ချိန်ခွင်လျှာကစောင်းနေတယ်
လက်ရည်ကလည်းမတူဘူး
ကံတရားကလည်း..ခဲ..သလဲတွေရောလို့ ..။

မွေးရာပါခန္တီစတရားနဲ့ ဖြေရင်တော့
အားလုံးဟာတရားတော်နဲ့ အညီပါပဲ
အဖြေမရှိဘူး..။

ခန်းလုံးပြည့်ပွကျဲနေတဲ့
စိတ်အမှိုက်တွေကို လိုက်လံသိမ်းထုတ်…
အချုပ်အနှောင်တွေများလာတယ်..
မမြင်ရတဲ့ကြိုးတွေနဲ့ ကြိုးပေးသတ်ခံရ
ဘ၀ဟာကျီးလန့် စာစားနဲ့ ..။

အလားအလာကမကောင်းဘူး
တောင်စွယ်နေကွယ်ရင်တဲ့..
…..
ခုတော့
လေသံကြားတိုင်း
ဖမ်းတရားနာနေမိတော့တယ်..။ ။

မနော်ဟရီ


4 Comments:

ဆောင်းယွန်းလ said...

ဘက်မညီဘူး
ချိန်ခွင်လျှာကစောင်နေတယ်
လက်ရည်ကလည်းမတူဘူး
ကံတရားကလည်း..ခဲ..သလဲတွေရောလို့ ..
စာသားတွေကပြောင်မြောက်တယ်ဗျာ..ဒီကဗျာလေးကို
အရင်ကတည်းကဖတ်ဖူးတယ်..

Anonymous said...

မေခ

ကျူပ်ကိုတော့အဲလိုကဗျာမျိုးမရေးပေးဘူး
ကျုပ်အခုမှဖတ်ရတယ်
ဟဲဟဲ တယ်တော်တဲ့သူငယ်ချင်းပါလား
နောက်ကဗျာကောင်းကောင်းလေး
ရင်ထဲထိငြိတာတွေဆိုပို့ပေးနော်
Nicole Kidman ချင်းတောင်တူတာဘဲ
ခံစားချက်လဲတူမှာပါ :-)

ဂျု

Anonymous said...

ဘက်မညီဘူး
ချိန်ခွင်လျှာကစောင်းနေတယ်
လက်ရည်ကလည်းမတူဘူး
ကံတရားကလည်း..ခဲ..သလဲတွေရောလို့ ..။

အဲဒီ အပိုဒ်လေးကိုကြိုက်တယ်.....
ခံစားချက်ချင်းတူနေလို့လားသိဘူး...
ဒါပေမဲ့ အမလို ကဗျာကောင်းတွေတော့ထွက်မလာဘူး

April said...

ဘက်မညီဘူး
ချိန်ခွင်လျှာကစောင်းနေတယ်
လက်ရည်ကလည်းမတူဘူး
ကံတရားကလည်း..ခဲ..သလဲတွေရောလို့ ..။
အဲဒီအပိုဒ်လေး အရမ်းကြိုက်တယ်..
စကားလုံးတွေ အရမ်းပြောင်မြောက်တယ်..