ဂျွန်လ၏မိုးရေများ

Saturday, October 25, 2008

နံနက်ရှုခင်း

နှင်းဆီရောင်နေမင်း
နံနက်ခင်းမှာစိမ်းလန်းနေတယ်။

ဘ၀ဟာ
ဂင်ဇာလမ်းမလား
ချက်စတာဖီးစီးကရက်လား
တက်နေ၀င်းလဖက်ရည်ဆိုင်လား
ဟနွိုင်တိုက်ပွဲလား၊ပဲရစ်မြို့ တော်လား
ကော်နီဖရန့်စစ် တေးသံလား
အတွေးများလှုပ်ရှားနေတယ်။

ဟော၊မြောက်ဖက်လမ်းမှာ
သရက်သီးသည်တောသူမလေး
မြို့ ကကျောင်းသူမလေး
အဖြူ၊အညို၊အပြာ၊အ၀ါ
အင်း ဒါဟာ ဘ၀ပေါ့။
သိဒ္ဓတ္ထလှိုင်


0 Comments: