ဂျွန်လ၏မိုးရေများ

Friday, October 24, 2008

မာရီလင်မွန်ရိုးသို့တမ်းခြင်း

“ဆင်းရဲခြင်းကဒုက္ခ”တဲ့။

နီလာရောင်ရေချိုးခန်း
ပဲရစ်ရေမွှေးဖြန်းထားသောပန်းခြံ
မရမ်းရောင်ရှန်ပိန်၊ရေခဲစိမ် “မာတီနီ”
ငွေခြည်ရောင်ရေခဲသေတ္တာတို့ကြားမှာ
အဆိပ်သောက်သေဆုံးသွားသော
ဟောလီးဝုဒ်၏ကြယ်ပွင့်အပြာ
အို၊မာရီလင်မွန်ရိုး။

“ချမ်းသာခြင်းမှာ
ဘာဒုက္ခများတွေ့ခဲ့သလဲ” ။


သိဒ္ဓတ္ထလှိုင်


1 Comment:

Anonymous said...

မေခရေ

ဒီကဗျာလေးဖတ်ပြီး ဒီမှာနဲ့နှိုင်းယှဉ်မိတယ်
ရုပ်ဝတ္တုချမ်းသာခြင်းမှာ
စိတ်ဒုက္ခတွေများလာတတ်တယ်
အေးမြတဲ့မေတ္တာဆိုတာမသိကြဘူးလေ