ဘလော့မှတ်စု

Thursday, October 9, 2008

ဘလော့ခ်မှတ်စု
ချစ်သောသူငယ်ချင်း “ကေ” က ဘလော့ခ် လောကထဲကိုခုမှဝင်လာတဲ့ အသစ်စက်စက်သူငယ်ချင်းလေးကို ပွဲထုတ်တယ်ထင်ပါရဲ့း) ဘလော့ခ်
နဲ့ပတ်သက်တဲ့မှတ်စုလေးထုတ်ပေးဖို့တောင်းဆိုလာပါတယ်…။အင်း..ဒီက
လည်းစာသာရေးစားနေတာ..ပိုက်ဆံရမယ့်စာကလွဲရင်အကုန်ရေးချင်နေ
တတ်တာဆိုတော့…ရေးလိုက်ပြီနော်…

ဘလော့ခ်….
ကေရေ…
ကိုယ်ကလည်းဘလော့ခ်တွေကိုစဖတ်ဖြစ်တာခုမှ တစ်နှစ်ခွဲ..နှစ်နှစ်လောက်
ပဲရှိဦးမှာ…။ဒါပေမယ့် ..စဖတ်စကတော့တစ်ခု ..နှစ်ခု..နောက်တော့ သုံးလေး
ငါးခု…။ခုကျတော့လည်း မရေမတွက်နိုင်ဖြစ်လာခဲ့ပြီ..။
ရုံးရောက်လို့ကွန်ပျူတာရှေ့ ထိုင်တာနဲ့ အဲဒီစာတွေဖတ်ရမှအဆင်ပြေသလိုပဲ..။
ရသစုံ..ခံစားချက်စုံ…မျှဝေမှုအစုံကိုး..။ရေးဟန်တွေကျပြန်တော့လည်း
Professional တွေမဟုတ်ဘူးဆိုပေမယ့် ရိုးသားမှုလေးတွေအပြည့်တွေ့နေရတာ
မို့ ရင်ထဲကိုအလွယ်တကူရောက်တယ်..။ အဓိက ကနှလုံးသားနံရံ အထူအပါးတူ
ဖို့ပဲလိုတာပါလို့ထင်တာပဲ…။

ဘလော့ခ်ဆိုတာ….
ဘလော့ခ်ဆိုတာ ဘာလဲဆိုတော့.. ၀ီကီက…A blog (a contraction of the term "Web log") is a Web site, usually maintained by an individual, with regular entries of commentary, descriptions of events, or other material such as graphics or video. Entries are commonly displayed in reverse-chronological order. "Blog" can also be used as a verb, meaning to maintain or add content to a blog. တဲ့..။
ဘလော့ခ်ဂါ ဆို တာကရော တည်ဆောက် တဲ့စနစ်ကိုရောတည်ဆောက်သူ
ကိုရော အဲဒီလိုခေါ်ပါတယ်တဲ့..။
ဒီမှာကတော့အဲလိုမဟုတ်ပါဘူး..။
အမြင်မကျယ်ကြသေးလို့ပါ..အင်တာနက်သုံးတာက ခုမှ ဒီမှာခေတ်စားလာလို့ပါ ဘာညာပြော
ရင်တော့ ရမှာပေါ့..ဒါပေမယ့် ဒီမှာ လူတော်တော်များများ သိထားတာက..ဘလော့ခ်ဆိုတာ
နိုင်ငံရေးတွေရေးတဲ့ ဖန်သားစာမျက်နှာတွေလို့သိထားကြပြီး ဘန်းထားတာများတဲ့အတွက်
ကြည့်မိရင်ပဲ အပြစ်ရှိသလို ခိုးကြောင်းခိုးဝှက်ဖြစ်နေရလေတော့ အဓိပ္ပါယ်တွေကလွဲကုန်ရော.။
ဘယ်လောက်တောင်လဲဆိုရင် ကိုယ်ဘလော့ခ်စရေးတော့ သူငယ်ချင်းတွေကို လင့်ခ်လေးပို့ပြီး
ဖတ်ကြည့်ဖို့ ပြောဖြစ်တယ်..။ဒါကို တချို့ က ဘလော့ခ်ဆိုရင် သားသားကြောက်ကြောက် မီးမီး
ကြောက်ကြောက်လို့ပြောကြတာကိုတွေ့ရတယ်..ဒါတောင်ကိုယ် ဘာလဲ..အနုပညာကလွဲရင်
ဘာမှမလုပ်ဘူးဆိုတာသိထားကြတဲ့သူတွေ..ဒါဘာလို့လဲ…
ဘလော့ခ်ဆိုတာ သာမာန်အားဖြင့်ပြောရရင်တော့ SHARE လုပ်ကြရုံသက်သက်လို့ ကိုယ်က
တော့မြင်တယ်ဲ…ဘလော့ခ်ဂါ တွေ ဟာနယ်မြေအသီးသီး နယ်ပယ်အသီးသီးကလူစုံဆို
တော့ …သူ့နေ့ရာနဲ့သူ မတူတဲ့ ခံစားချက် ခံယူချက် အတွေ့အကြုံတွေကို ဖလှယ်ကြတယ် လို့
ကိုယ်ကတော့မြင်တာပဲ..။
တချို့ ကျပြန်တော့လည်းဘလော့ခ်ကို တခြားရောက်သွားမှရေးလို့ရတယ်လို့ထင်ကြပြန်ပါ
တယ်..။တကယ်စဉ်းစားကြည့်မယ်ဆိုရင် ဘလော့ခ်ရေးနေကြတာ နိုင်ငံရေးသမားနဲ့သတင်း
သမားချည်းပဲမှမဟုတ်တာ..။ တစ်ခါတစ်ရံတော့လည်းစိတ်ထဲကအလိုလျောက်ခံစားမိတာ
လေးတွေကိုမှတ်တမ်းတင်ရင်တင်ကြလိမ့်မယ်..။အဲဒီလောက်ပါပဲ…။ ဒါပေမယ့် ခက်တာက
ဒီမှာ ဘလော့ခ်နဲ့ဘလော့ကာအပေါ်ဖွင့်ဆိုချက်တွေလွဲနေတာပါပဲ…။

ဘလော့ခ်ဂါ
ကေ့သူငယ်ချင်းလိုတော့ကိုယ်က ကိုယ့်ကိုယ်ကို ဘလော့ခ်ဂါမဟုတ်ဘူးလို့မပြောချင်ပါဘူး။
ဒါက တံဆိပ်ခေါင်းကပ်တဲ့သူတွေလုပ်ရမယ့်အလုပ်ပါ..။ကိုယ်ကတော့ကိုယ့်အလုပ်ကိုယ်လုပ်
ရုံပါပဲ..။ ကိုယ့်ကိုတော့ စာရေးဆရာမပဲခေါ်ခေါ် ၊အယ်ဒီတာပဲခေါ်ခေါ်၊ဘလော့ခ်ဂါပဲခေါ်ခေါ်
ကိုယ်လုပ်ချင်တာလေးတွေလုပ်နေရရင်ပြီးတာပါပဲ…
ခံစားချက်ချင်းတူရင် ကွန်မင့်ထားခဲ့မယ်.. စီဘောက်စထဲကနေ အချင်းချင်းနှုတ်ဆက်မယ်…
ဒါလည်း ယဉ်ကျေးမှုတစ်ခုပဲလေ….။ဒီ .ယဉ်ကျေးမှုကနေပဲ အချင်းချင်းမတွေ့မမြင်ဖူးကြပဲ
သံယောဇဉ်တွေရှိလာကြတယ်..ဝေးနေသူတွေနီးလာသလိုခံစားရတယ်..မိတ်ဆွေသစ်တွေ
တွေ့လာကြမယ်..ရလာဒ်ကောင်းတွေအများကြီးပါပဲ….။စာမျက်နှာပေါ်မှာမရေးဖြစ်ကြသူတွေ
ဒီ ဂူဂယ် စာမျက်နှာတွေမှာတည်းဖြတ်သူမရှိ၊ပယ်ခံရတာမရှိပဲ စာတွေရေးနိုင်လာကြတယ်။
စာမျက်နှာပေါ်မှာစာမဖတ်ဖြစ်သူတွေ ဖန်သားပြင်ပေါ်မှာဖတ်လာကြတယ်..ကိုယ်ကတော့
အားလုံးကိုအကောင်းဖက်ကနေပဲကြည့်လို့လားမသိဘူ..။အကျိုးရလာဒ်ကကောင်းတယ်
လို့ထင်တာပဲ..။ ကိုယ့်ခံယူချက်ကိုက လူတွေတစ်နည်းနည်းနဲ့စာဖတ်ဖြစ်နေစေချင်တာကိုး။

ဘာလို့စာရေးလဲ
မညာတမ်းပြောရရင်တော့ စာရေးပြီးထမင်းစားနေတာမှန်ပေမယ့်…ဘာတွေရေးရင် ဘယ်လို
အကျိုးအမြတ်တွေရမယ်ဆိုတာသိပါလျက်နဲ့ …ကိုယ် ပိုက်ဆံရဖို့တစ်ခုတည်းကိုကြည့်ပြီးစာ
မရေးခဲ့ဘူးဆိုတာပါပဲ..။တစ်ခါတစ်လေတော့ လုံးချင်းရေးနေချိန်ကျ..gtalk status မှာ..
Please don’t call me , I’m making money …လို့တင်ထားတတ်တယ်..။ပိုက်ဆံများများရ
မှာကလုံးချင်းကိုး…ဒါရေးမှလည်းကိုယ်လုပ်ချင်တာလုပ်လို့ရမှာဆိုပြီး ခပ်တည်တည်နဲ့ ပြောနေ
ပေမယ့်..တကယ့်တကယ်ကျ…နည်းနည်းလောက်လျှော့ရေးပါလား…ဒီလိုအင်္ဂလိပ်စာလုံးတွေ
မထည့်ပါနဲ့လား…စသဖြင့်ထုတ်ဝေသူကတောင်းဆိုလာရင်တော့ မလျှော့ပေးတတ်ပြန်ပါဘူး…။
ထုတ်ဝေသူကလည်း စေတနာနဲ့ပြောတာပါ..စာအုပ်တန်းမှာဆိုပြန်ကြားနေရတတ်တယ်တဲ့..။
မနော်ဟရီရေးတာတွေကိုနားမလည်ဘူး..တချို့ စာလုံးတွေကမြင့်တယ် ဘာညာပေါ့။ကိုယ်ထင်
တာကကိုယ်လျှော့ထားတာ အစွမ်းကုန်နေပြီ လို့…။ ဒီတော့လည်းခပ်တည်တည်နဲ့ကိုယ့်ကိုယ်
ကိုဖြေသိမ့်လိုက်ပါတယ်…ငါကကိုချော ကဗျာထဲကလို လူကြိုက်နည်းတဲ့ကောင် လို့း)
ဒီထက်ဘ၀င်ခပ်မြင့်မြင့်လေးဖြေတွေးရ ရင်တော့ လူပိန်းတွေကြိုက်တာနည်းတဲ့ကောင်ပေါ့း)
ဟား ဟား …ရီနေပြီလား ဒေါ်ကေရေ…း)

တစ်ပိုဒ်လောက်ဖြစ်ဖြစ်လို့ပြောတာကိုရေးလိုက်တာတော်တော်များသွားပြီထင်ပါရဲ့ ။ လိုရင်းက
နေရောတော်တော်မှချော်ထွက်ရဲ့ လားမသိ..
ဘာတွေပြောပြောပါ..အဓိက က ကိုယ်တို့ စာမရေးရရင်မနေနိုင်တာကြောင့်မဟုတ်လား။
ဘုရားသခင်က ကိုယ်တို့ကို ဒီနည်းနဲ့အလိုရှိခဲ့မှာသေချာပါတယ်လို့တော့ရဲရဲကြီးပြောချင်သား..။

ကိုယ့်လိုပဲဒါကိုဆက်ရေးစေချင်မိသူက ချိုသင်း ပါ..
ကဲ…ချိုသင်းရေ….
စောင့်နေမယ်နော်…


10 Comments:

Anonymous said...

တွေးထား၊ ရေးထားတာမိုက်တယ်ဗျို့ အစ်မရေ...။

ဘလော့ဂါတွေက ကိုယ်လုပ်ချင်တာကိုယ်လုပ်ပေမယ့် ကိုယ့်ခံယူချက်၊ သူ့ခံယူချက် ထိလာတဲ့အခါကျရင်တော့ အတ္တမာနကိုယ်စီနဲ့ နည်းနည်းပါးပါး ပွတ်တိုက် ထိရှမိတတ်ကြတယ်။ တချို့စာဖတ်တဲ့သူတွေကလည်း အကြောင်းမရှိအကြောင်းရှာ ဆီဘောက်စ်ထဲမှာ လာဆဲဆိုသွားတတ်ကြတယ်။

အဲလိုမျိုး ကိုယ်မနှစ်မြို့တဲ့အခါမျိုးကျတော့ ဘလော့ဂ်လောကကို ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ...။

Moe Cho Thinn said...

မနော်ရေ
ရေးမှာပေါ့။ ဒါပေမဲ့ ကေတို့ မနော်တို့လိုတော့ စနစ်တကျ ပြုစုထားသလိုလေး ဖြစ်မှာ မဟုတ်ဘူးနော်။ သိတဲ့အတိုင်း စာရေးရင် ကဘောက်တိကဘောက်ချာ မို့ ဟိုအကြောင်းရေးရင် ဒီအကြောင်းရောက်သွားတတ် တာမို့ ကြိုးစားတော့ ရေးမှာပေါ့။ ခဏလောက်ပဲ စောင့်။

ကလိုစေးထူး said...

ဘလော့ဂ်နဲ့ ပတ်သက်တဲ့ မှတ်ချက်တွေက မှတ်သားစရာကောင်းပါတယ် အမ။ ကျနော် အကြိုက်ဆုံးကတော့ ဘလော့ဂ်ဆိုတာ ဝေမျှကြရုံသက်သက်သာ ဖြစ်တယ်ဆိုတဲ့ အမရဲ့ အမြင်ပါပဲ။

ဆောင်းယွန်းလ said...

ဘလော့ခ်ဆိုတာ သာမာန်အားဖြင့်ပြောရရင်တော့ SHARE လုပ်ကြရုံသက်သက်လို့ ကိုယ်က
တော့မြင်တယ်ဲ…ဘလော့ခ်ဂါ တွေ ဟာနယ်မြေအသီးသီး နယ်ပယ်အသီးသီးကလူစုံဆို
တော့ …သူ့နေ့ရာနဲ့သူ မတူတဲ့ ခံစားချက် ခံယူချက် အတွေ့အကြုံတွေကို ဖလှယ်ကြတယ် လို့
ကိုယ်ကတော့မြင်တာပဲ..
ဟုတ်တယ်ဗျာ..ဘလော့ဆိုတာကိုယ့်ရဲ့ခံစားချက်ကလေး
တွေအတွေ့အကြုံလေးတွေကိုဒိုင်ယာရီတစ်အုပ်မှာရေး
မှတ်ထားသလိုရေးချထားနိုင်တဲ့နေရာလေးပေါ့...ဒိုင်ယာရီကတော့လူတိုင်းဖတ်ပိုင်ခွင့်မရှိတဲ့ပုဂ္ဂလိကသိပ်ဆန်တဲ့နေရာ..ဘလော့ကတော့လူတိုင်းဖတ်ချင်ရင်လွတ်လပ်စွာဖတ်နိုင်တဲ့နေရာပေါ့..

စိုးဇေယျထွန်း said...

အမတော့ လုံခြင်းတစ်အုပ်ကို ဘယ်လောက်ကြာလဲ မသိဘူး။
ကျွန်တော်တော့ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ရေးနေတာ
အခုအထိ မပြီးသေးဘူး။ :P
ဆက်မရေးဖြစ်လို့

Anonymous said...

blog နဲ့ blogger တွေအပေါ်မြင်တဲ့ အမ အမြင်ကို သဘောကျတယ်....

kay said...

အော- ရေးခိုင်းသူက..နောက်ဆုံးမှ ကွန်မန့်ပေးရတော့မယ်။ ခရီးလွန်နေလို့ပါ။ မဟုတ်က..ဟုတ်က- စာရေးဆရာမ ကို ဘလော့ဂါ က (ဘလော့ဂါ ပဲနော်)..ပွဲထုပ်ရတယ်လို့။ မင်းသမီး နဲ့ လူပျက် လို ဖြစ်နေပါအုံးမယ်။း)

အမှန်ပဲ- ရေးချင်လို့ရေးတာ..တာဝန်မဟုတ်..သက်မွေးဝမ်းကျောင်းမဟုတ်။ ဘာမှ ရှည်ရှည်ဝေးဝေး မတွေးဘူး။ ဘုရားပေးတဲ့.. အနုပညာ လက်နှစ် သစ် လောက် လေး ကို လွတ်လွတ်လပ် လပ်..လွယ်လွယ်ကူကူ အသုံးချ နိုင် နေတဲ့..ဘလော့ခြင်း အနုပညာ ( သို့) နည်းပညာ အတွက်..ဘုရားကို ထပ် ကျေးဇူးတင်လိုက်ပါတယ်။

စာရေးဆရာ နဲ့ ဘလော့ရေးဆရာ နဲ့ ဘာကွာလည်း ဆိုတာတော့..ဒီပို့စ် မှာ သိပ်မမြင်လိုက်ရဘူး။ ( အဲဒါကို သိချင်တာ) အဲဒါလည်း.. တဖြည်းဖြည်းနဲ့တော့.. သိလာမှာပါ။ သေချာတာတော့..ကျွှန်ပ် တို့ စာရေး နေရခြင်းကို ပျော်ရွှင်ပါသည်။ စာဖတ်သူ နဲနဲပါးပါး ရှိနေခြင်းကိုလည်း..ကျေနပ်ပါသည်။ ဒါပါပဲနော်..လောလောဆယ်ဆယ်။ နောက်တော့..မသိဘူး လေ။ ခေတ်က..ဘာတွေ တောင်းဆိုလာ အုံး..လူတွေကို ပြောင်းလဲ စေအုံးမလည်း ဆိုတာ။

MANORHARY said...

စာရေးဆရာက..အတတ်ပညာပါတယ်
ဘလော့ခ်ရေးဆရာတွေက အရိုးရှင်းဆုံး ရေးတယ်
ဒီလိုကွာတယ်ထင်တာပါပဲ ကေ ရယ်

စိုးဇေယျထွန်းမေးတာကိုဖြေရရင်..လုံးချင်းတစ်အုပ်ကို အမြန်ဆုံး သုံးပတ်ကနေ အကြာဆုံးတစ်နှစ်နီးပါးထိကြာပါတယ် ...မရေးရင်မရေးသလိုပေါ့ကွယ်..း)

Anonymous said...

အတွေးအမြင် ကောင်းလို့ပဲ နာမည်တလုံး ထူထောင်နိုင်တာလား မသိ၊ ခံယူချက် အယူအဆ ကြိုက်တယ်၊ လတ်ဆတ်တယ်၊ ကျနော်လဲ ရိုးရှင်းတဲ့ ပဉ္စလက် ဘလော့ခ်မှာ ဖြတ်သန်းမှုတွေကို ဖွင့်အန်ချပြယင်း စီးမျောနေသူပါ။

Anonymous said...

တော်တော်ကောင်းတယ်