ဂျွန်လ၏မိုးရေများ

Saturday, October 25, 2008

ဆေးလိပ်မီးခိုးများကိုစက္ကူအိတ်ထဲထည့်ခြင်း

နောက်သုံးနှစ်မှာ
ငါဟာဘာဖြစ်မလဲ။

ဖင်မလီယာပိုင်ရှင်လား။
ဂျိန်းဖောင်ဒါရဲ့ ခင်ပွန်းလား။
လဖက်ရည်ဆိုင်အလုပ်သမားလား။
လန်ဒန်သဗျစ်ခြံကသူဌေးလေးလား။
ဗီယက်နမ်တော်လှန်ရေးရဲဘော်လား။
အစိုးရအကျဉ်းသားလား။
အင်ဒီရာဂန္ဒီရဲ့ အတွင်းရေးမှူးလား။

နောက်သုံးနှစ်မှာ
ငါဟာဘာဖြစ်မလဲ
ဘာဖြစ်မလဲ။
သိဒ္ဓတ္ထလှိုင်


0 Comments: