ကစားပွဲ

Monday, October 20, 2008


ကစားပွဲ
ငါ့နန်းမြို့ ရိုးလေးမတည်နိုင်ခြင်း၏ကုလားဖန်ဖဲချပ်များ
စကားစမြည်ဝိုင်းများ၏ပဒိုင်းနံ့သင်းသောညနေခင်း
ငရမန်ကန်း၏ဆွေတော်မျိုးတော်များ
ရင်ကြားမစေ့နိုင်တော့သောတိုက်ပွဲများ၏တလင်းပြင်ထဲ
ကဲ….ပွဲကတော့စနေခဲ့ပြီ.။

ဒဏ္ဍာရီဆန်သောအဘိဓမ္မာများ၏အယောင်ဆောင်မှုအသင်္ချေ
ပုံပြင်တွေနေ၀င်သွားခဲ့တာတစ်ထောင့်တစ်ညတိုင်ခဲ့ပြီ
ရယ်မောခြင်းအားစတင်ပျက်စဲခဲ့သောနေ့
ဒါဏ်ရာတစ်ချို့ ၏နက်ရှိုင်းသောနာရီများ
ကပ်ကမ္ဘာကုန်သည်ထိမပျက်မယွင်းတည်နေမည်ဆိုသည့်“ချစ်ခြင်း”
ပြင်းထန်သော အတိဿယ၀ုတ္တိများ
ငါ့အားချစ်မက်စေခဲ့…..မတင့်တယ်ခဲ့သောပွဲ၏အလယ်မှာ…။

ကိုယ့်ခံတပ်ကိုယ်ပြန်လည်ဖျက်ဖြိုခဲ့ရသောဆုတ်ခွာခြင်း
ကတိမတည်ပဲပြန်လည်မြင့်တက်လာခဲ့သည့်လောကဓံဒီရေများ
ခြောက်ခြောက်ခြားခြားတွေကလည်းပျင်းစရာ…
ဒါဏ်ရာဒါဏ်ချက်တချို့ ကိုပြန်လည်ရိုကျိုးညွတ်တွားမိရင်း
သီချင်းတစ်ပုဒ်ကိုခပ်ပြင်းပြင်းညည်းဆိုနေမိ..
စည်းမရှိ…၀ါးမရှိ…နရီမရှိသော….ပွဲ၏အဆုံးမှာ…။ ။
မနော်ဟရီ
၁၉.၁၀.၂၀၀၈


2 Comments:

ဆောင်းယွန်းလ said...

စကားစမြည်ဝိုင်းများ၏ပဒိုင်းနံ့သင်းသောညနေခင်း
ငရမန်ကန်း၏ဆွေတော်မျိုးတော်များ
ရင်ကြားမစေ့နိုင်တော့သောတိုက်ပွဲများ၏တလင်းပြင်ထဲ
ကဲ….ပွဲကတော့စနေခဲ့ပြီ
စကားလုံးတွေကကောင်းလှချည်ရဲ့..အဓိပ္ပာယ်တွေလည်း
အင်မတန်နက်နဲတဲ့ကဗျာတစ်ပုဒ်ပါဘဲ...
ရွှင်လန်းချမ်းမြေ့နိုင်ပါစေဗျာ....

ညီအကိုများ said...

ကဗျာလေးကောင်းတယ်ဗျာ။

ဒဏ္ဍာရီဆန်သောအဘိဓမ္မာများ၏အယောင်ဆောင်မှုအသင်္ချေ...
ပုံပြင်တွေနေ၀င်သွားခဲ့တာတစ်ထောင့်တစ်ညတိုင်ခဲ့ပြီ...

စာသားတွေကြိုက်ပါတယ်။

မိုးကြယ်