ရာစုသစ်မြစ်ကျဉ်း (၁)

Tuesday, October 7, 2008

ငါဆိုသောသူကျဆုံးခန်း
နားထောင်စမ်းပါ
ခုံတန်းပြာလေးရေ
ငါနဲ့ငါ့ချစ်သူအကြောင်းလေ
မင်းနဲ့မတွေ့တဲ့နောက်
တို့နှစ်ယောက်ရဲ့ နိဂုံး
မင်းကို ပြောရဦးမယ်..။
မင်းသိပါတယ်
ငါချစ်သူရဲ့ မိခင်ပြောတဲ့စကားစု
“ဓနမဲ့ရိုးသားမှုဟာ
အရည်အချင်းတစ်ခုမဟုတ်ဘူး” ဆိုတာလေ..။
အဲဒီတုန်းကငါ
ခံစားရတာပေါ့
ဒါပေမယ့်
လှပပြီးရာကျော်တန်တဲ့
ပန်းသီးကိုစားတော့
အထဲမှာပိုးထိုးထားကြောင်း
ချစ်သူပြောတဲ့အခါ
ငါ့မှာမျှော်လင့်ချက်အပြည့်နဲ့
သည်လိုနဲ့
ငါနေလာခဲ့ရတာ
မင်းလည်းသိပါရဲ့ 
ခုံတန်းပြာလေးရယ်။
ကလေးတွေကစားပွဲလေး
ငါငေးနေမိဘူးတယ်
လမ်းမပေါ်ကအုတ်နီခဲ
ဘောလုံးမှန်လို့လဲတဲ့အခါ
နိုင်တဲ့သူတွေဟာ ကုန်းပိုးစီးကြရတယ်လေ။
အင်း
အောင်မြင်သူရဲ့ ရယူခြင်း
ဆုံးရှုံးသူရဲ့ ပေးဆပ်ခြင်းသဘော
ဒါတွေ
ငါမပြောတော့ပါဘူး
မိုးသည်းတဲ့တစ်နေ့မှာ
ငါပေါ့
သတင်းစာရဲ့ စာမျက်နှာတစ်ခုကို
မျက်ရည်ကြားကအားယူကြည့်
(အဲဒါဘာလဲ)မင်းသိရဲ့ လား
ခံစားပေးပါ
ခုံတန်းပြာလေးရယ်…။ ။
လင်းလင်း


0 Comments: