ဂျွန်လ၏မိုးရေများ

Friday, October 24, 2008

သက်တန့်ဟာလှတယ်
မိုးပြောင်ပြောင်မှာ
ချယ်ရီရောင်၊နီလာရောင်
လိမ္မော်သီးရောင်၊ဆေးရောင်စုံဖြန့်
အိုး သက်တန့်။

“စုဘုရားလတ်”ရွှေအင်္ကျီ
“ပီကာဆို”အပြာ၊ဖင်မလီယာအစိမ်းရောင်
နေရောင်ရဲ့ အနီ
ဆေးရည်တွေကိုသင့်ကိုယ်ထဲများ
ထည့်ထားသလား.။

ကျွန်ုပ်သည်ကား
စိတ်ရိုင်းများခြင်း၊မူးယစ်မိုက်မဲခြင်း
ဒေါသကြီးခြင်း၊ဆိုးသွမ်းခြင်း
မွဲညစ်ခြင်း အရောင်များဖြင့်
အသင့်အားရှက်မိပေစွ..။

သိဒ္ဓတ္ထလှိုင်


0 Comments: