ရာစုသစ်မြစ်ကျဉ်း (၁)

Sunday, October 5, 2008


သစ်သီးပုပ်အိုအေစစ်
လူ့ဘ၀များ
ရခဲတဲ့ကိစ္စလို့
အများယုံကြည်ထားတယ်
ဟာ
ဒါဆိုကျုပ်
သစ်သီးပုပ်စားသူဘ၀တွက်
ကျိန်စာစက်သင့်ခဲ့ပြီထင့်။
နာတာရှည်ဖောက်ပြန်ဆဲ
လူမှုအသိုင်းအ၀ိုင်းမှာ
အကောင်းဟာအဆိုးဖြစ်
အနက်ဟာအဖြူဖြစ်
အမှန်တရားဟာလိမ်ညာခြင်းဖြစ်နေတယ်ဆိုရင်
ကျုပ်ဟာ တဒင်္ဂကမိန်းမောယစ်မူးရင်း
လတ်တလောဘ၀ကို ဟန်ဆောင်ကောင်းကောင်းနဲ့
မေ့ထားချင်တယ်။
သစ်သီး ပန်းသီး
ဂွန်းလဲ့ရည် နီညိုလဲ့
ၾသစေၾတးလ်
ချိုင်းနား ၊ချင်းတောင်
စုံများလှစွာပန်းသီးတွေ
သေချာပတ်ထုတ်
အမြင်ကတ်အောင်လုပ်ပြနေတယ်။
ဈေးသည်ဘေးတောင်းကြီးထဲ
ဘ၀ခြားပန်းသီးများ
တစ်ဝက်ပုပ်တစ်ဝက်နာ
တချို့ ပိုးထိုးလောက်ကိုက်
တစ်ဖက်ရေလောင်နဲ့
စုလို့ပုံလို့
ဘ၀တွေမညီနိုင်လို့
တစ်လုံးမရ တစ်ဝက်ရလည်းကောင်းတယ်
အသည်းစွဲမှတ်သားတဲ့လူစားတွေ
ဒီပိုးထိုးပုပ်ရိတွေပဲ
အလုအယက်တိုးဝှေ့ 
သူ့ထက်ငါဝယ်
သစ်သီးပုပ်စားသူတို့အိုအေစစ်……
လူမျိုး


ကျုပ်ကမ္ဘာ
ညအိုယံတေး
ဟိုဝေးဝေးမှာ
ပြေးလွှားဝင်ရောက်ထိရပေါက်မဲ့
တံခါးမဲ့ကမ္ဘာ။
ဟိုး
မကြာအဝေး
အတိတ်စကား
လုပ်ရပ်ဒသန
ဆင်ခြင်ကြ
အနာဂါတ်ကိုပျိုး
နုပျိုသေး
အတွေတစ်ခု
နံရံကိုဖောက်
အမှန်တရားနောက်
တောက်လျှောက်လိုက်ပြီနော်
ကျုပ်ကမ္ဘာဆိုတာ
တံခါးမဲ့ နံရံမဲ့
ကမ္ဘာ ..
လူမျိုး


0 Comments: