ငယ်ငယ်တုန်းက မကြည့်ခဲ့တဲ့ရုပ်ရှင်

Wednesday, October 1, 2008


ငယ်ငယ်တုန်းက မကြည့်ခဲ့တဲ့ရုပ်ရှင်

ကလေးဆို ရင်လည်း မျက်စိကို စုံမှိတ်
မေမေ့နောက်မှာတိတ်တိတ်ကလေးပုန်းနေမှာပေါ့
ခုတော့…
သားချော့တေးတွေကိုလွမ်း၊ ပုံပြင်တွေကိုလွမ်းနဲ့ 
မျက်ရည်တွေလည်းခမ်းခဲ့ပေါ့ ။

မေမေရေ …
အော်စကာဆုတွေတပွေ့ တပိုက်နဲ့ မင်းသား
ကျွန်မခြေဖျားလက်ဖျားတွေအေးစက်လို့ ပေါ့
ဒါဟာ ပိုင်နိုင်တဲ့အနုပညာတဲ့လား
အဲဒီကံကြမ္မာကမှားနေတယ်။

တကယ်ဆိုရင်
ဇာတ်သိမ်းတိုင်းမှာလွတ်မြောက်မှုပါတာမှမဟုတ်တာ
ဇာတ်အလည်ခေါင်တည့်တည့်မှာ ဗီလိန် ဟာအစွမ်းပြ
ဘယ်သူကမှလည်းတရားမပြကြဘူး..။

မှိန်ပြပြမီးရောင်အောက်ကမျက်ရည်
မေမေမြင်ရလား…
ကျွန်မစိတ်မခိုင်တာသိသားနဲ့ 
အဲဒီနံပါတ် ၁၃ ထိုင်ခုံလက်မှတ်
ဘယ်သူဖြတ်ပေးလိုက်မှန်းမသိဘူး။ ။


2 Comments:

ညီလင်းသစ် said...

အဲဒီ ဗီလိန်မျိုးတွေကိုပေါ့...၃ ကားပေါင်းမိုးလင်း ပြတိုင်း မှာပြောင်းဖူး ရိုးနဲ့ ပစ်ချင်နေခဲ့တာ....။

တခါတလေတော့လည်း အဲဒီဗီလိန်က မင်းသားအဖြစ် နောက်တစ်ကိုယ်ခွဲပြီး သူ့ကိုမုန်းတဲ့သူတွေဆီကပဲ လက်ခုပ်သံတွေ သဲ့ယူသွားတတ်သေးရဲ့....။

Anonymous said...

ရှင်မေခ

ထိုင်ခုံနံပါတ် ၁၃ ကို ရှင်အရင်ကတည်းက ကြိုတင်မှာယူထားခဲ့တာလဲဖြစ်နိုင်တာဘဲလေ ၊ ဒီဘက်ဘ၀တွေမှာရှင်မေ့နေတုန်း ကြိုတင်မှာထားတဲ့ ထိုင်ခုံလက်မှတ်ကရှင့်ဆီဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာခဲ့တာဖြစ်မယ်။
ထိုင်ခုံမရှိသူတွေနဲ့စာရင်တော့ရှင်ကြမ်းပိုးကိုက်တဲ့
ထိုင်ခုံတစ်လုံးရလိုက်တယ်လို့သဘောထားပေါ့။ ဟဲဟဲ

ဂျူ