အိမ်ပြန်ချင်တယ်

Monday, September 29, 2008


အိမ်ပြန်ချင်တယ်

ငါ့ကောင်းကင်တံစက်မြိတ်မှာတွဲခိုစောင့်စားနေကြမယ့်
ငါ့ရဲ့ မွန်မြတ်သန့် စင်သောချစ်ခြင်းမေတ္တာ
ငါဟာနာတာရှည်အလွမ်းတွေနဲ့ ခရီးသည်ပါ..။

ကံကြမ္မာလို့ အမည်တပ်ထားတဲ့ အဲဒီမိစ္ဆာကြီးသာမရှိခဲ့ရင်
ငါတို့ လည်းခရီးရှည်တွေဘယ်ထွက်ချင်ပါ့မလဲ..
ခုတော့အိမ်အလွမ်းတွေနဲ့ နစ်မွန်းရင်းခရီးရှည်…။

ရာသီဥတုကဆိုးလွန်းတယ်
ခရီးလမ်းတွေကသေချာမမြင်ရဘူး
နေရောင်ဆိုတာကအဝေးကြီးမှာပေါ့..။

မိုးလေကင်းစင်တဲ့တစ်နေ့ 
မြူတိမ်ကင်းစင်မဲ့တစ်နေ့ 
အဲဒီလိုနေ့ တစ်နေ့ များယောင်မှားပါလာလေဦးမလား…။

အိမ်ပြန်ချင်တယ်
အလွမ်း
စိတ်တစ္ဆေအနမ်းနဲ့ 
အိပ်မက်ကိုထမ်းပြန်ခဲ့တဲ့ညက
ငါ့တံခါးဝမှာ
နေရောင်တွေလက်ဖြာလို့ …။


3 Comments:

P.Ti said...

ကျွန်တော်လည်း အိမ်ပြန်ချင်တယ်... ကဗျာလေးတွေက တပုဒ်တမျိုးကောင်းပါတယ်...

Anonymous said...

မေခရေ

အခုအချိန်မှာတော့အိမ်မပြန်ချင်သေးဘူး ။
အိမ်ကနွေးထွေးပေမယ့် အိမ်ရှိနေတဲ့မြေကြီးက ပူလောင်တယ်လေ။
တချိန်ချိန်အေးလာခဲ့ရင်တော့ အိမ်ကိုအပြေးပြန်
လာခဲ့မိမယ်။
လောလောဆယ်တော့ အိမ်နဲ့အဝေးကြီးမှာ

ဂျူ

အလင်းစေတမန် said...

အိမ်ပြန်ချင်တယ်ဗျို.။