ပထမဆုံးများ

Sunday, September 28, 2008

ပထမဆုံးများ
ကိုမောင်ရင် tag ထားတယ်ဆိုလို့ ရေးလိုက်တာပါ…။
ခုမှ ဘလော့ခ်စရေးတဲ့အသစ်ကလေးဆိုတော့…မရေးတတ်ရေးတတ်နဲ့ ရေးလိုက်တာမို့ …
အဆင်ပြေအောင်ကြည့်သာဖတ်ပေးကြပါလို့ ။

ပထမဆုံး စပြောတဲ့စကား - သူများတွေလို ဖေဖေ၊မေမေ မဟုတ်ဘူး။ ရေအိုးစင် ..တုတ်တုတ်..တဲ့..;) ရေအိုးစင်ဆိုတာကရေအိုးစင် ပေါ့..တုတ်တုတ်ဆိုတာက အစ်ကို တစ်ယောက်ရဲ့  အိမ်နာမည်..။

ပထမဆုံးစတက်တဲ့ကျောင်း - တောင်ကြီးက ဒေါ်ကြီး ၊ဒေါ်ငယ် ကျောင်း…English အခြေခံကောင်းကောင်းကို အဲဒီကရခဲ့တာ…

ပထမဆုံးသူငယ်ချင်း - အယ့်အယ် ဆိုလား၊လောအယ်ဆိုလားပဲ..ကောင်လေး.. ဒေါ်ကြီး ဒေါ်ငယ်ကျောင်းမှာတွဲကခဲ့ဘူးတယ်… ခုဆို ဘယ်မှာမှန်းတောင်မသိတော့ဘူး..

ပထမဆုံးလက်ဆောင် - Teddy Bear လေး..၁၉၉၅ လောက်ကမှ အမွေးတွေကျွတ်ကုန်လို့  ပစ်လိုက်ရတယ်…

ပထမဆုံးဖတ်တဲ့စာအုပ် - ရွှေသွေး ..ဦးဘကြည်ရဲ့ ဇာတ်ကြီး ဆယ်ဘွဲ့ နဲ့ တခြား ကာတွန်းလေးတွေ…

ပထမဆုံးဖတ်တဲ့ဝတ္ထု - တက္ကသိုလ်ဘုန်းနိုင် ရဲ့ နွေကန္တာဦး ..အဒေါ်အငယ်ဆုံးဝယ်စုထားတဲ့စာအုပ်တွေကို ခိုးဖတ်ရတာ..သူတောင်ခိုးသိမ်းထားရတာဆိုပဲ.. လွမ်းတေးမဆုံးစေနှင့်စောသခင် ..တို့  ၊ စိမ်းနေဦးမည့်ကျွန်တော့်မြေ.. တို့လည်းရှိတယ်..ပြောရင်းလွမ်းလာပြီ..အဲဒီ အဒေါ်ကဆုံးသွားပြီလေ…

ပထမဆုံးရဖူးသောဆု - ပထမတန်း - ပထမဆု

ပထမဆုံးရည်းစားစာ- ခေတ်ကြီးကပြောင်းသွားပြီလေ.
.ဘယ်သူမှတကူးတကစာတွေဘာတွေတဖွဲ့ တနွဲ့ မရေးကြတော့ဘူးထင်တာပဲ .. :)

ပထမဆုံးရေးတဲ့ကဗျာ - ပုသိမ်အနောက်မြို့ နယ်အဆင့် နံရံကပ်စာစောင်မှာရွေးခံရတယ်..
ခုနေဖတ်ရရင်သိပ်ရယ်ရမှာ…မရှိတော့တာနာတယ်..

ပထမဆုံးဖော်ပြခံရတဲ့စာမူ - ၁၉၉၀-ဇွန်- မဟေသီ (၀တ္ထုတိုစာတွဲ-ကကတစ်)

ပထမဆုံးရေးတဲ့ဝတ္ထုလတ် - ကမ်းခြေမြို့ သူ
တာရာမင်းဝေ၊ ရဲရင့်ရင်ညို တို့ နဲ့ သုံးယောက်တွဲထုတ်ခဲ့တယ်..

ပထမဆုံးရေးတဲ့လုံးချင်း - တနလာနေ့ မနက်

ပထမဆုံးရောက်ဖူးသောအခြားမြို့  - တောင်ကြီး

ပထမဆုံးရောက်ဖူးသောနိုင်ငံ - မလေးရှား

ပထမဆုံးသောက်ဖူးသောဆေးလိပ်၊အရက် - ၅၅၅ စီးကရက်၊ ဆေးစိမ်ထားတဲ့အရက်
ငယ်ငယ်ကတော့အကုန်မြည်းစမ်းကြည့်တာပဲ
ဘကြီးကတောင်အံ့သြတယ်..သူ့ဆီကယူသောက်တာကိုး ၊ ဒါပေမယ့် ..ကြိုက်ကိုမကြိုက်ဘူး

ပထမဆုံးစဆွဲတဲ့ပန်းချီကား - ပင်လယ်ပြာနဲ့တံငါရွာ…ကျောင်းမှာသူတို့ချပေးတဲ့ခေါင်းစဉ်နဲ့ ဆွဲရတာ..အိန္ဒိယ ရှန်ကာအတွက်ဆိုလားပဲ…အဲဒီတော့မှ ဆေးကိုင်ရတာ..အိမ်မှာက sketch ခြစ်ရင်တောင် တစ်နာရီဒါဏ်ပေးခံရတာလေ…ဒါကြောင့်လည်းကိုထိန်တို့ လိုပန်းချီဆရာ မဖြစ်တာပေါ့…:)

ပထမဆုံးထိုင်ဖူးတဲ့လက်ဘက်ရည်ဆိုင် - ပုသိမ်ကောလိပ် ကင်တင်း

ပထမဆုံးကျောင်းပြေးတာ - ရန်ကုန်တက္ကသိုလ်ရောက်မှပါ… ဒါလည်းလက်တစ်လုံးခြားလောက်ပါပဲ…တခြားခန်းသွားထိုင်နေတာ၊ဝေးဝေးတောင်မဟုတ်ဘူး..နောက်ကျောကပ်လျက်အခန်းတင်…ကျောင်းကိုချစ်တဲ့သူဆိုတော့တစ်ဖ၀ါးမှပင်မခွာချင်
ပါပဲ…ဝေးဆုံးဆို ဦးချစ်ဆိုင် ပဲ..မနီးမဝေးဆိုရင်တော့ မြကျွန်းသာပေါ့

ပထမဆုံးလုပ်တဲ့အလုပ် - အဝေးသင် (ဗိုလ်တထောင်မှာ ဆရာမ  )


9 Comments:

pandora said...

မ, ရဲ့ ပထမဆုံးလေးတွေက ရိုးရိုးလေးနဲ့ ချစ်စရာလေးတွေပဲ။

ကိုအောင် said...

ဟုတ်ပဗျာ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့
ပထမဆုံးများပါ။

M.Y. said...

စာပေ၀ါသနာပါတဲ့ ၊ ကလေးငယ်တွေကို အပြင် စာဖတ်ခြင်းကို တချို့ ခွင့်မပြုကြဘူးနော်။ ကျောင်းစာမှာ စိတ်ဝင်စားမှု နည်းသွားမှာစိုးလို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ။
ပြန်လည်သုံးသပ်စရာကောင်းတဲ့အချက်လို့ ထင်တာပဲ။

tag ထားတာ ကို သေချာရေးပေးတဲ့အတွက် ကျေးဇူးပါ။

ATN said...

ပထမဆုံး စဆွဲတဲ့ ပန်းချီကား ကြည့်ချင်တယ်ဗျ

kay said...

ပထမ ဆုံး ဗေဒင် စု မေး ခဲ့ တာလည်း..သတိရ ပါတယ်။

MANORHARY said...

ပထမဆုံးပန်းချီကားကကျောင်းကယူထားလိုက်တယ်လေ..

ကေ.. ဗေဒင်ကကိုယ်မေးတာမဟုတ်ဘူးလေ..သူ့ဘာသာသူအတင်း
ဟောတာ..မှန်လိုက်တာကြောက်စရာကြီးး(

Phyo Evergreen said...

ပထမဆုံးတက်ရတဲ့ကျောင်းတော့တူသွားပြီ..။
တနင်္လာနေ့နံနက်ကို ဖြစ်နိုင်ရင်ကျေးဇူးပြုပြီးတင်ပေးပါလား.....။
ဝတ္ထုထဲက စွှန်လွှတ်တဲ့အကြောင်းလေးနဲ့ yellow rose ကိုမှတ်မိနေတုန်းဘဲ...။ ရေတံခွန်အတုကိုလည်းကြိုက်တယ်...။

MANORHARY said...

တနင်္လာနေ့နံနက် ..ကိုတင်နိုင်ဖို့ကြိုးစားပါ့မယ်...

:P said...

လာဖတ်ပါတယ်